မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လုံခြုံရေးအခြေအနေအရအခြေခံ ပညာကျောင်း ၈၉ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေး

 

ရန်ကုန်၊ နိုဝင်ဘာ၎

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အခြေခံ ပညာကျောင်းအချို့ကို ဦးစားပေးအ လိုက် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော် လည်းလုံခြုံရေးအခြေအနေအရ ဖွင့် လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်း ၈၉ကျောင်းရှိနေကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း အ ခြေခံပညာကျောင်းများကို သီတင်း ကျွတ် ကျောင်းပိတ်ရက်မတိုင်မီက ပိတ်ထားခဲ့ရာ အောက်တိုဘာလ၂၄ ရက်မှစတင်ပြီး လုံခြုံရေးအခြေအနေ အရဖွင့်လှစ်သင့်သည့် ပထမဦးစား ပေးကျောင်း၅၀ (ဘူးသီးတောင်+မောင် တော)ကိုဖွင့်လှစ်ခဲ့ကြောင်း၊ ဒုတိယ ဦးစားပေးအဖြစ် နိုဝင်ဘာ ၁ ရက်တွင် ဘူးသီးတောင်တွင် ၂၉ကျောင်းနှင့် မောင်တောတွင်၄၉ကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

""အားလုံးတော့မဟုတ်သေး ဘူးပေါ့နော်။ လုံခြုံရေးအရဖွင့်နိုင်တဲ့ ကျောင်းတွေကို ဦးစားပေးအလိုက် ဖွင့်လှစ်ပါပြီ။ အဲဒီဒေသတွေမှာတာ ၀န်ထမ်းဆောင်ဖို့ ဆရာမတွေအစား ဆရာတွေကိုခန့်ထားနိုင်ဖို့ ရုံးချုပ်ကို တင်ပြထားပါတယ်""ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးစိန်ထွန်းလှက နိုဝင် ဘာ၎ရက်တွင် ပြောသည်။

လုံခြုံရေးအခြေအနေအရ လာ မည့်၇ရက်တွင် တတိယဦးစားပေး ကျောင်းများအဖြစ် ဘူးသီးတောင်တွင် ၅၇ကျောင်း၊ မောင်တောတွင် ၈၂ ကျောင်းအား ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးအခြေအနေ အရ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများမှာ ဘူးသီးတောင်တွင် ၆၁ကျောင်း၊ မောင်တောတွင် ၂၈ ကျောင်း စုစုပေါင်း၈၉ကျောင်းကျန် ရှိကြောင်း သိရသည်။

""လုံခြုံရေးအရမဖွင့်နိုင်သေးတဲ့ ကျောင်းတွေကတော့ ၈၀ကျော်ကျန် တာပေါ့။ အဲဒီကျောင်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်ဖို့ လုံခြုံရေးအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်""ဟု ဦးစိန် ထွန်းလှက ထပ်မံပြောသည်။အောက်တိုဘာလ ၉ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ကြောင့် ဒေသလုံခြုံရေးအရ မောင် တော မြို့နယ်နှင့် ဘူးသီးတောင်မြို့ နယ်များတွင်ရှိသော

အခြေခံပညာ ကျောင်းပေါင်း၂၀၀ကျော်ကို ပိတ်ထား ရပြီး စာမေးပွဲများကိုလည်းရပ်ဆိုင်းခဲ့ ရကြောင်း၊ အဆိုပါဒေသရှိဆရာ ဆရာ မများကိုလည်း လုံခြုံရေးစိတ်ချရသော ဒေသများနှင့် မြို့နယ်ပညာရေးမှူးရုံး များတွင် ခေါ်ထားရကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့်မောင်တောရှိ အခြေခံပညာကျောင်း များတွင်တက်ရောက်နေသော ကျောင်း သားမှာ တစ်သိန်းကျော်ရှိကြောင်း သိရသည်။

ATK

Democracy Today, 6.11.2016

Powered by Bullraider.com