အင်ဒိုနီးရှားနိုင်ငံ အခြေခံပညာ မူလတန်းကျောင်းများတွင် အသုံးပြုနေသော အပြာဇာတ်လမ်းပါ သင်ရိုးစာအုပ်များ ဖယ်ရှား

အင်ဒိုးရှားနိုင်ငံ အခြေခံပညာ မူလတန်းကျောင်းများ၌ အသုံးပြုနေသော သင်ရိုးစာအုပ်တစ်အုပ်တွင် အပြာဇာတ်လမ်းပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ယင်းစာအုပ်ကို သင်ရိုးမှထုတ်ပယ်လိုက် ကြောင်း အာဏာပိုင်းများက ဇူလိုင် ၁၁ ရက်တွင်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ အခြေခံပညာမူလတန်းကျောင်းများ၌ အသုံးပြုနေသော သင်ရိုးစာအုပ်တစ်အုပ်တွင် ပြည့်တန်ဆာအိမ်တစ်အိမ်၌ မိမိ၏သားသမီးအတွက် ကိုယ်ခန္ဓာရောင်းကာ ရှာဖွေကျွေးမွေးနေရသည့် ပြည့်တန်ဆာမတစ်ဦး၏ အလှတွင်နစ်မွန်းမိသူ အမျိုးသားတစ်ဦးအကြောင်းကို ရေးဖွဲ့ထားသော “သိုး ကျောင်းသားလေးနှင့် ဝံပုလွေမိခင်” ဟုအမည်ပေးထားသည့် လိင်ကိစ္စအသားပေး ပုံပြင်တစ်ပုဒ်ပါဝင် နေခြင်းကြောင့် ကျောင်းသားမိဘများက တိုင်တန်းခဲ့သည်။

အင်တာနက်စာမျက်နှာများမှ ကူးယူကာပြန်လည် ပုံနှိပ်ထားသော ယင်းကျောင်းသုံးစာအုပ်များကို ဂျကာတာမြို့အစွန်ရှိ ဘိုဂေါ်မြို့လမ်းဘေးဈေးဆိုင်များ၌ ကန်ဒေါ်လာသုံးဒေါ်လာဖြင့် ရောင်းချလျက်ရှိ သည်။ ကျောင်းနှစ်ကျောင်းမှ ကျောင်းသားမိဘများက ဒေသဆိုင်ရာအာဏာပိုင်များထံသို့ တိုင်စာများ ပေးပို့ခဲ့ပြီးနောက် ယင်းသင်ရိုးစာအုပ်တွင် အပြာဇာတ်လမ်းပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အာဏာပိုင်များက စာသင်ကျောင်းများ၌ ယင်းစာအုပ်များကို အသုံးမပြုရန် အမိန့်ပေးခဲ့သည်။

စာသင်ကျောင်းများသည် ပညာရေးဌာန အကြီးအကဲများထံမှ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ယင်းစာအုပ် များကို ဝယ်ယူအသုံးပြုကြကြောင်း အာဏာပိုင်များ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ “အဲဒီစာအုပ်က သင်ရိုးမှာမပါပါဘူး။ စာသင်ကျောင်းတွေက အဲဒီစာအုပ်ကိုဝယ်ဖို့ ကျောင်းသားမိဘ တွေကို ခိုင်းတာပါ” ဟု အာဏာပိုင်များ၏ ပြောရေးဆိုခွင့်ရှိသူ အေရီဟာဆိုနိုက အေအက်ဖ်ပီသတင်း ဌာနအား ပြောသည်။ ယင်းကဲ့သို့သော ကိစ္စရပ်များတွင် စာသင်ကျောင်းများသည် ပညာရေးဌာန အာ ဏာပိုင်များ၏ ခွင့်ပြုချက်ကိုရယူသင့်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

မျိုးပွားခြင်းကျန်းမာရေးဆိုင်ရာ အကြောင်းအရာများပါဝင်သည့် အခြားသောစာအုပ်နှစ်အုပ်ကိုလည်း ဂျာဗားကျွန်း၌ ယခုနှစ်အစောပိုင်းက တားမြစ်ခဲ့ပြီး ယင်းမှာ ဖိုးမ ဆက်ဆံရေးရုပ်ပုံများ၊ စော်ကားရန်မြှူ ဆွယ်မှုများနှင့် လူမမည်ကလေးငယ်များကို သတ်ဖြတ်မှုများ ပါဝင်သောကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ် သည်။

7 Day Daily

No.80, July 13, 2013

Powered by Bullraider.com