နောက်ဆုံးပိတ် စစ်တမ်း.....

Final analysis

လူတွေဟာ ကျိုးကြောင်းဆင်ခြင်တုံတရား ကင်းမဲ့တတ်ကြပါတယ်... ယုတ္တိရှိရှိ မစဉ်းစားကြဘူး... အတ္တဗဟိုပြုကြတယ်...
ဘာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွှတ်လိုက်ပါ။

ကိုယ်က ကြင်နာတတ်တဲ့သူဆိုရင် အတ္တကြီးသူ၊ လျှို့ဝှက်တတ်သူဆိုပြီး စွပ်စွဲခံရ တတ်ပါတယ်...
ဘာပဲဖြစ်ဖြစ် အကြင်နာတရားထားပါ။

အောင်မြင်တဲ့သူမှာ မိတ်ဆွေအတုကော၊ မိတ်ဆွေ အစစ်တွေကော ရှိနေတတ်ပါတယ်...
ဘာပဲဖြစ်ဖြစ် အောင်မြင်မှုရရှိအောင် ကြိုးစားအားထုတ်ပါ။

ရိုးဖြောင့် ပွင့်လင်းတဲ့သူကို အခြားသူများက လှည့်စားတတ်ကြပါတယ်...
ဘာပဲဖြစ်ဖြစ် ရိုးဖြောင့် ပွင့်လင်းတဲ့သူဖြစ်ဖို့ပါပဲ။

ကိုယ်က နှစ်ပေါင်းများစွာ ကြိုးစား တည်ဆောက်လာခဲ့တဲ့အရာကို တစ်ဦးတစ်ယောက်က တစ်ရက်ထဲနဲ့ ဖျက်ဆီးပစ်တတ်ပါတယ်...
ဘာပဲဖြစ်ဖြစ် တည်ဆောက်လိုက်စမ်းပါ။

တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်တယ်ဆိုရင်... သူတို့က မနာလိုကြဘူး...
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ပါလေ။

ဒီကနေ့ ကိုယ်က ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုကို မနက်ဖြန်မှာ သူများတွေဟာ မေ့သွားကြပါလိမ့်မယ်...
ဘာပဲဖြစ်ဖြစ် ကုသိုလ်ကောင်းမှု အစုစုကို ပြုလုပ်လိုက်ပါ။
ဒီကမ္ဘာကြီးကို သင့်ရဲ့ အကောင်းဆုံးကို ပေးအပ်ခဲ့ပါ။

အားလုံး တွေ့ကြရတဲ့အတိုင်းပါပဲ....
နောက်ဆုံးပိတ် စစ်တမ်းမှာတော့ သင်နဲ့ ကံကြမ္မာတို့ရဲ့ ကြားမှာသာလျှင် ဖြစ်တော့တယ်။
သင်နဲ့ သူတို့တွေရဲ့ ကြားမှာတော့ ဘယ်တော့မှာ ဖြစ်လာမှာ မဟုတ်ပါဘူး...

(ဗုဒ္ဓ)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

မောက္ခပညာရေးမဂ္ဂဇင်း
www.maukkha.org

Powered by Bullraider.com