မေမေ

http://www.gospellighthouseministries.spruz.com/gfile/75r4!-!JFIHEJ!-!zrzor45!-!LMFSPHDO-ISOF-HGSJ-MPKS-DHGQFEKLMQPR!-!72y1nq/mother_angel_pic.jpg

ဟိုးရှေးရှေးက မိခင်ဝမ်းထဲမှ ထွက်လုလု ကလေးတစ်ယောက်သည် ဘုရားသခင်ကို မေးလိုက်သည်။

ကလေး - “အရှင်ဘုရား။ မနက်ဖြန် အရှင်က ကျွန်တော်မျိုးကို အပြင်လောကသို့ ပို့မယ်လို့ သိရပါတယ်။ အပြင် လောကမှာ ကူရာကယ်ရာမဲ့ဘဝ ရောက်ရတော့မယ် ထင်ပါတယ်”

ဘုရားသခင် - “အပြင်မှာ နတ်မိမယ်လေးတွေ အများကြီးရှိတယ်။ သင့်အတွက် အကောင်းဆုံးတစ်ဦးကို ရွေးချယ်ပြီး တာဝန်ပေးထားတယ်။ သူစောင့်နေပါတယ်။ သင့်ကို ကူညီလိမ့်မယ်”

ကလေး - “အရှင်ဘုရား ကောင်းကင်ဘုံမှာ ကျွန်တော်မျိုးက ဘာမှ လုပ်ရသည် မဟုတ်ပါ။ သီချင်းဆိုလိုက် ပြုံး ပျော်လိုက်နှင့် နေခဲ့ရတာပါ။ အပြင်လောကမှာ ပျော်စရာ ကောင်းပါ့မလား”

ဘုရားသခင် - “သင့်ရဲ့ နတ်မိမယ်လေးက သင့်အတွက် သီချင်းတွေဆိုပြလိမ့်မယ်။ တစ်နေ့လုံးလည်း ပြုံးပြနေ လိမ့်မယ်။ သူ့မေတ္တာတွေကြောင့် သင်ပျော်ရွှင်မှာ အမှန်ပဲ”

ကလေး - “သူတို့က ကျွန်တော်မျိုးကို စကားတွေ လာပြောရင် ဘယ်လိုလုပ်မလဲ။ သူတို့စကားတွေကို ကျွန်တော် နားလည်ပါ့မလား”

ဘုရားသခင် - “ သင့်ကို စောင့်ရှောက်မည့် နတ်မိမယ်လေးက သူတို့ ဘာတွေ ပြောနေတယ်ဆိုတာ သင့်ကို ဘာသာတွေပြန်ပြလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ နောက်တော့ သင်လည်း သူတို့ပြောတာတွေ နားလည်သွားအောင် နတ်မိမယ်လေးက သင့်ကို သင်ပေးပါလိမ့်မယ်”

ကလေး - “ အရှင်ဘုရားကို ကျွန်တော်မျိုးက အပြင်ရောက်မှ စကားပြောချင်ရင် ဘယ်လိုပြောရမလဲ”

ဘုရားသခင် - “ဒါလည်း မစိုးရိမ်နဲ့ ငါ့ထံကို စကားပြောဆိုတဲ့နည်း သင့်ရဲ့ နတ်မိမယ်လေးက လက်လေးတွေကို ဆုပ်ကိုင်ပြီးတော့ သင်ပေးလိမ့်မယ်”

ကလေး - “လောကကြီးထဲမှာ လူဆိုးတွေလည်း ရှိတယ်လို့ ကြားရပါတယ်ဘုရား။ ကျွန်တော်မျိုးကို သူတို့ရန်က ဘယ်သူ ကာကွယ်ပေးမလဲ”

ဘုရားသခင် - “မပူပါနဲ့ သင့်ဘဝတစ်လျှောက်လုံးကို အဲဒီ နတ်မိမယ်လေးကပဲ တာဝန်ယူပြီး စောင့်ရှောက် ကာကွယ်ပေးသွားလိမ့်မယ်”

ကလေး - “ဘုရားသခင်ကို ပြန်မတွေ့ရတော့မှာဖြစ်လို့ ပူဆွေး ဝမ်းနည်းနေမိပါတယ်ဘုရား”

ဘုရားသခင် - “သင့်ဘေးမှာ ရှိနေတဲ့ နတ်မိမယ်လေးက ငါ့အကြောင်း သင့်ကို အမြဲပြောနေလိမ့်မယ်။ ပြီးတော့ ငါ့ထံကို ပြန်လည်ရောက်ရှိနိုင်တဲ့ နည်းလမ်းတွေလည်း အမြဲပြောပြနေလိမ့်မယ်။ မပူပါနဲ့ သင့်အနားမှာ ငါအမြဲ ရှိနေမှာပါ”

ထိုအချိန်တွင် ကောင်းကင်ဘုံ၌ ရုတ်တရက် တိတ်ဆိတ်ပြီး ငြိမ်းချမ်းသွားသည်။ မြေပြင်ပေါ်မှ အသံများ ကြားနေရသည်။ ကလေးက စိုးရိမ်ပူပန်စွာဖြင့် ဘုရားသခင်ကို မေးလိုက်သည်။

ကလေး - “အရှင်ဘုရား ကျွန်တော်မျိုး သွားရမယ့် အချိန်ရောက်ပြီထင်ပါတယ်။ လူ့ပြည်ကိုရောက်လျှင် ကျွန်တော်မျိုးနှင့် ကြုံဆုံရမည့် နတ်မိမယ်လေး၏ အမည်ကို ပြောပြလိုက်စေချင်ပါတယ်။ သိခွင့်ပြုတော်မူပါ”

ဘုရားသခင် - “သင့်ကို စောင့်ရှောက်မယ့် နတ်မိမယ်အမည်ဟာ အရေးမကြီးပါဘူး။ သင်က အဲဒီ နတ်မိမယ် လေးနဲ့တွေ့ရင် မေမေလို့သာ ခေါ်လိုက်ပါ”

(The Child’s Angel)

Powered by Bullraider.com