တကယ့်လောက

http://www.dailyalternative.co.uk/wp-content/uploads/billgates.jpg

မိုက်ခရိုဆော့ဖ်ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်နဲ့ ကျောင်းသားတစ်ယောက်တွေ့ တယ်။ ကျောင်းသားလေးက

“လောကကြီးက မတရားဘူး။ မျှလည်း မမျှတဘူး။ ချမ်းသာတဲ့သူတွေက အရမ်းချမ်းသာ၊ ဆင်းရဲတဲ့ သူတွေက အရမ်းဆင်းရဲ … လောကကြီးဟာ မမျှတဘူး” လို့ ပြောလိုက်ပါတယ်။

ဘီလ်ဂိတ်က

“သား … အဲဒီလို မမျှတမှုတွေနဲ့ သားဘယ်လောက် ကျင့်သားရအောင် ကြိုးစားနေထိုင်ပြီးပြီလဲ” လို့ ပြန် ပြော လိုက်ပါတယ်။

ချာတိတ်လေးပေါက်ကွဲနေတာက ကျောင်းက ဆရာတွေ အရမ်းကြမ်းတမ်း ရိုင်းစိုင်းလွန်းတယ်လို့ ထင်နေ တယ်။ သူတို့လို ဆင်းရဲတဲ့ ကလေးတွေအပေါ်မှာ မမျှတဘူးလို့ ထင်နေတယ်။ ဒီတော့ ဘီလ်ဂိတ်က

“သား … မင်းအပေါ်မှာ ရက်စက်တယ်လို့ ထင်နေတဲ့ ဆရာတွေထက် မင်းက ရာထူးပိုကြီးအောင်၊ ပညာတွေ ပိုတတ်အောင် ကြိုးစား ပြလိုက်စမ်းပါလား။ တစ်နေ့ မင်း သူတို့နေရာကို မရောက်လာဘူး ပြောနိုင်သလား။ သူတို့ထက် ကြီးမြတ်တဲ့နေရာကိုတောင်ရနိုင်တယ်။ မင်းကို ရက်စက်တယ် ထင်တဲ့ ဆရာတွေက အဲဒီအချိန်၊ အဲဒီနေရာမှာ ရှိနေမှာမို့လား”

ကောင်လေးက အရမ်းစိတ်ဝင်စားသွားတယ်။ ဘီလ်ဂိတ်ဟာ ဘွဲ့ရတစ်ယောက်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့ အချမ်းသာဆုံးသူဌေးကြီးဆိုပေမယ့် သူ့အတွေးအခေါ်နဲ့သူပါ။

“သား … မင်းမှာ မိဘတွေ ရှိသေးလား”

“ရှိသေးတယ်။ ဒါပေမဲ့ အလကားပဲ”

“သားကို မမွေးခင်က သားမိဘတွေ အဲဒီလို အလကားပဲလို့တွေးရင် သား ဒီလောကထဲကို ရောက်လာမှာ မဟုတ်ဘူးသား။ သားကို ဂရုမစိုက်ရင် ဒီကျောင်းကို လာတက်နေဖို့လည်း အကြောင်းမရှိဘူး။ ကျောင်းကို လာတက်နိုင်အောင် ပိုက်ဆံတွေ ပေးထားတယ်။ အောင်မယ် … သားအဝတ်အစားတွေက တောက်ပြောင် နေပါလား။ ဒါလည်း သားမေမေက သူများတွေကို ဂုဏ်ယူနိုင်အောင် လုပ်ပေးထားတာနေမှာ။ သားရေ မိဘတွေကို အလကားလို့ မပြောနဲ့။ သားက အလကားကောင်မဖြစ်အောင် လုပ်ရမှာ။ အရေးကြီးတာ အိမ်ရောက်ရင် ကိုယ့်အခန်းထဲကို ကိုယ်ရှင်း။ စိတ်ရှင်းအောင် အရင်ဆုံးလုပ်လိုက်”

“အဲဒီလိုလုပ်လိုက်လို့ စာမေးပွဲ အောင်သွားမှာလား”

“သား …လောကမှာ အောင်တာတွေ ရှုံးတာတွေ ရှိတော့ရှိတယ်။ တကယ်တော့ အောင်တာတွေ ရှုံးတာတွေက သားတို့ ကျောင်းမှာပဲရှိတာ။ သားက မှန်အောင်ဖြေနိုင်ရင် အောင်မယ်။ မှန်အောင် မဖြေနိုင်ရင် ရှုံးမယ်။ တကယ့်လောကကြီးထဲမှာတော့ ဒီလိုမဟုတ်ဘူးသားရဲ့။ မှန်အောင်လုပ်လည်း ရှုံးချင် ရှုံးနေတတ်တယ်။ မမှန်အောင်လုပ်လည်း အောင်မြင်နေ တတ်တယ်။ ကျောင်းကထွက်ရင် သားရင်ဆိုင်ရမယ့် တကယ့်လောက ကြီးက ပြောင်းပြန်ကြီး။ အဲဒါတွေကို ရင်ဆိုင်နိုင်အောင် သားကျောင်းမှာ လေ့ကျင့်ထားရမယ်။ အဲဒီတော့ မှန်အောင်ဖြေကြည့်တိုင်း မှန် - မမှန်စမ်းသပ်ကြည့်။ မှားအောင် ဖြေတိုင်း မှား-မမှား စမ်းသပ်ကြည့်လိုက်”

(ဘီလ်ဂိတ်ရဲ့ ကျောင်းတွေကိုရောက်ရင် ရောက်တတ်ရာရာ အပြောလေးတွေကို ပြန်ပြီးတော့ ဖတ်ကောင်း အောင် ရေးဖွဲ့ပါတယ်)

၆.၂.၂၀၁၇

Powered by Bullraider.com