နားထောင်တတ်ခြင်းပညာ

http://www.theoldwatchshop.com/omegapics/Dscn19649.jpg

တစ်ခါက လယ်သမားတစ်ဦးသည် ကောက်ရိုးလှောင်သည့် တဲကြီးတစ်ခုအတွင်း၌ အလုပ် လုပ်နေသည်။ သူသည် အလုပ်နားမည်ဟု နာရီကို ကြည့်လိုက်ရာ သူ့လက်ထဲတွင် နာရီမရှိတော့မှန်း သိလိုက်ရသည်။ လယ်သမားက ကောက်ရိုးပုံထဲတွင် နာရီပျောက်ကိုလိုက်ရှာသည်။ နေရာအနှံ့ရှာသော်လည်း မတွေ့သဖြင့် စိတ်ပျက်သွားမိသည်။ ထိုနာရီလေးသည် သူအလွန် မြတ်နိုးတန်ဖိုးထားသည့် နာရီဖြစ်နေသည်။

စိတ်ပျက်စွာဖြင့် တဲအပြင်ကိုထွက်လာရာ ကလေးများကစားနေသည်ကို တွေ့လိုက်ရသည်။ သူက ကလေး များကို ခေါ်လိုက်ပြီး တဲထဲတွင် နာရီဝင်ရှာ၍ တွေ့သူကို ၅ ဒေါ်လာ ပေးမည်ဟု ပြောလိုက်သည်။

ကလေးများသည် ပျော်ရွှင်စွာဖြင့် တဲထဲကို ဝင်သွားကြပြီး နာရီပျောက်ကို ရှာကြသည်။ သူတို့သည် ၅ ဒေါ်လာ ရမည့်ဆိုသည့် မက်လုံးကြောင့် နေရာအနှံ့ လှန်လှောရှာကြသော်လည်း အချိန်သာကုန်သွားသည် နာရီ ပျောက်ကို မတွေ့ကြရပေ။

နောက်ဆုံး ကလေးများက အပြင်ကိုထွက်လာကြပြီး လက်လျှော့ကာ ပြန်ကုန်ကြသည်။ လယ်သမားသည် နောက်တစ်ကြိမ် တဲထဲကိုဝင်ပြီး နာရီကို ရှာကြည့်ဦးမည်ဟု စဉ်းစား၍ တဲထဲကို ဝင်ရန် ပြင်လိုက်ချိန်တွင် ကလေးတစ်ယောက်က သူ့ထံကို ပြေးလာပြီး

“ဦးကြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခါလောက်ပေးပါဦး။ ကျွန်တော် နောက်ဆုံး တစ်ခေါက်အနေနဲ့ ရှာ ကြည့်ပါရစေ”

လယ်သမားကြီးက ခွင့်ပြုလိုက်သည်။ ကောင်လေးက

“ကျေးဇူးပြုပြီး တဲတံခါးကို ပိတ်ပေးထားပါလား”

လယ်သမားကြီးက တဲတံခါးကို ပိတ်ပေးထားလိုက်သည်။ ၁၅ မိနစ်ခန့်ကြာသည့်အခါတွင် တံခါးဖွင့်ပြီး ကောင်လေးက ပြန်ထွက်လာသည်။ သူ့လက်ထဲတွင် လက်ပတ်နာရီကို ကိုင်လာသည်။

“သား မင်းဘယ်လို ရှာတွေ့ခဲ့တာလဲ”

“ကျွန်တော် ဘာမှမလုပ်လိုက်ရပါဘူး။ ဒါပေမဲ့ အမှောင်ထဲမှာ တိတ်တိတ်လေးထိုင်ပြီး နာရီစက်သံကို နားစိုက် ထောင်လိုက်တာပါပဲ။ သူ့စက်သံက သူဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ပြောနေတာပဲလေ”

(မည်သည့် ကိစ္စမဆို မိနစ်အနည်းငယ်ခန့် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ငြိမ်းချမ်းအောင် လုပ်လိုက်ခြင်းဖြင့် အဖြေတစ်ခုခု တွေ့သွားတတ်ပါသည်။)

(Listening)

Powered by Bullraider.com