လမ်းပေါ်က လွတ်လပ်သော ပညာရှင်အတွေးသမား

https://www.renyi.hu/~p_erdos/ep_cs.jpg

ပေါလ် အဲဒေ့ရှ် (Paul Erdős) ဆိုတဲ့ ဟန်ဂေရီသား သင်္ချာပညာရှင်အကြောင်း လူသိနည်းတယ်။ ၂၀ ရာစုရဲ့ ထင်ရှားတဲ့ ပညာရှင်တစ်ဦးလို့ ပညာရှင်အသိုင်းအဝိုင်းက အသိအမှတ်ပြုကြပေမယ့် သူ့ကို လူတိုင်း မသိနိုင် တာက လက်ဆွဲသေတ္တာလေးတစ်လုံးပဲ ပိုင်ဆိုင်ပြီး ဘဝမှာ ဘာတစ်ခုမှ မရှိခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ။

သူက အိမ်ထောင်လည်း မပြုဘူး။ လက်ဆွဲသေတ္တာတစ်လုံးနဲ့ လျှောက်သွားနေရာက စိတ်ကူးပေါက်ရင် သင်္ချာ ပုစ္ဆာတွေကို အိမ်တံခါးတွေပေါ်မှာ လျှောက်တွက်၊ နံရံတွေပေါ်မှာ လျှောက်ရေး၊ သူဉာဏ်ပွင့်လင်းနေချိန်ဆိုရင် ပတ်ဝန်းကျင်က ဘာဆို ဘာမှ ဂရုမစိုက်တော့ပါဘူး။

သင်္ချာတွေကို နံရံတွေပေါ်မှာ တွက်ကြည့်နေရင်းက အဖြေမထွက်လို့ နှစ်ရက်လုံးလုံး အဖြေရှာနေတာတွေ တောင်ရှိသတဲ့။ အများကတော့ သူ့ကို “အရူး” လို့ သတ်မှတ်ကြလေရဲ့။

သူ့ဘဝရဲ့ နောက်ဆုံးကာလတွေမှာ လမ်းဘေးမှာနေ၊ ကော်ဖီသောက်၊ ကဖင်းပါတဲ့ ဆေးပြားတွေသောက်၊ မအိပ်အောင်လုပ်ပြီး တစ်နေ့ကို သင်္ချာ ၁၉ နာရီကနေ နာရီ ၂၀ လောက်တွက်သွားတဲ့ ထူးဆန်းသော ပညာရှင် တစ်ဦး။

သူရေးခဲ့တဲ့ သင်္ချာဆိုင်ရာ စာတန်းပေါင်း ၁၅၀၀ လောက်ရှိတယ်။ သူရေးသွားတာတွေ ဘာတွေမှန်း ခုထိတောင် အဓိပ္ပာယ်ဖော်လို့ မရသေးတာတွေရှိတယ်။ သူဖော်ထုတ်ခဲ့တဲ့ သီအိုရီတွေလည်း အများကြီးပဲ။

လက်ဆွဲသေတ္တာတစ်လုံးနဲ့ လမ်းဘေးမှာ ခြေသလုံးအိမ်တိုင် လုပ်နေတဲ့ ပညာရှင် အဲဒေ့ရှ်ဟာ သူရတဲ့ ဉာဏ်ပူဇော်ခတွေ၊ ဆုငွေတွေအားလုံးကိုလည်း သူ့လို လမ်းဘေးနေပြီး ဒုက္ခရောက်နေသူတွေအားလုံးကို ပေးလှူလိုက်တာပဲ။

ပညာရှင်တစ်ယောက်ဆိုပြီး ဘဝကို လွတ်လပ်စွာ၊ ပျော်ရွှင်စွာ၊ အပူအပင်ကင်းစွာ လျှောက်သွားပြီး သင်္ချာပုစ္ဆာ တွေကို အဖြေတွေထုတ်၊ တွေးဆ၊ ရေးချနေတတ်တဲ့ လက်ဆွဲအိတ်တစ်လုံးကိုင်ထားပြီး လျှောက်သွားနေသူ … သူလိုလူကို မျက်စိထဲ မြင်ယောင်ကြည့်မိတယ်။

လွတ်လပ်လိုက်တာ

ပိုင်ဆိုင်မှုတွေ၊ သံယောဇဉ်တွေ၊ အနှောင်အဖွဲ့တွေ အားလုံးကို စွန့်လွှတ်ထားတာဆိုတော့ ငြိမ်းချမ်းလိုက်တာ။

သူဟာ သိပ္ပံပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်တယ်။ တက္ကသိုလ်တွေကို လှည့်လည်ပြီး ဟောပြော ပို့ချတယ်။ သူ့ကို တက္ကသိုလ်၊ ကောလိပ်တွေက ထောက်ပံ့ကြေးတွေပေး၊ ဆုတွေပေးတာပေါ့။ ခရီးစရိတ်၊ စားစရိတ်လောက်ပဲ ချန်ပြီး ကျန်တာအကုန်လုံး လှူလိုက်တာပါပဲ။

သူရေးခဲ့တဲ့ စာအုပ်လေးမှာ သူ့အတွေးအမြင်တွေကို လေးစားဖွယ်ရာတွေ့ရတယ်

- ကလေးတွေဆိုတာ ထားသလိုနေ

- မိန်းမတွေက အရှင်သခင်တွေ

- ယောက်ျားတွေက ကျေးကျွန်တွေ

- သင်္ချာမတွက်သူဟာ လူသေတွေ

- အရက်ဆိုတာ အဆိပ်တွေ

- ဂီတဆိုတာ ဆူညံနေ (ဂန္ထဝင်ကလွဲ၍)

- အိမ်ထောင်ပြုသူတွေ အဖမ်းခံရသလေ

- ကွာရှင်းထားသူ လွတ်မြောက်နေ

- စာသင်တာတွေ တရားဟောနေ

- စာမေးပွဲဆိုတာ နှိပ်စက်သလေ

သူ့အကြောင်း ရေးစရာတွေ အများကြီး။ ထူးလည်း ထူးဆန်းတယ်။ သူ့ဘဝကိုလည်း အားကျတယ်။ သူ့လိုလည်း နေထိုင်ချင်မိတယ်။ ခုလည်း သူ့အကြောင်း ဖတ်နေရာက တွေ့တာလေးတွေ ရေးမိတယ်။

၁၁.၄.၂၀၁၇

Powered by Bullraider.com