တောင်းပန်ခြင်း

http://awakeafrica.com/wp-content/uploads/2016/01/dead.jpg

“ဖေဖေ သားတောင်းပန်စရာရှိတယ်”

သူ့ဖေဖေက တစ်ခွန်းမှ ပြန်မပြော

“ညက သားပြဿနာကို ဖေဖေ ဝင်ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်”

သူ့ဖေဖေက နှုတ်ဆိတ်နေသည်

“တကယ်ဆိုတော့ သူတို့က ရန်စတာပါ … သားလည်း မူးမူးနဲ့ ဘာတွေ လုပ်မိမှန်းတောင်မသိဘူး … ဒီကောင်တွေမှာ ဓားတွေပါလာတာ … သားမသိဘူး”

ဖေဖေက တစ်ခွန်းမှပြန်မပြောသည့်အခါ

“ပြောပါဦး ဖေဖေရဲ့ သားကို ခွင့်လွှတ်တယ်ဆိုတာ”

တိတ်လျက်

“ဖေဖေ ဒေါသထွက်မယ်ဆိုရင် ထွက်သင့်ပါတယ်။ တကယ်တော့ ဖေဖေပေးတဲ့ မုန့်ဖိုးကို အရက်လာသောက် တာကိုက သားမှားတယ်”

တိတ်လျက်

“ဖေဖေရယ် ဘာဖြစ်လို့ သားကို ထိုးလိုက်တဲ့ ဓားရှေ့မှာ ဝင်ရပ်လိုက်ရတာလဲ”

ရင်ခွဲရုံ အလောင်းစင်ပေါ်တွင် သူ့ဖေဖေ မျက်နှာလေးက ပြုံးနေသလိုပင်

(The Apology)

၁၃.၄.၂၀၁၇

Powered by Bullraider.com