အဖြူနဲ့အနက်

http://www.timeslive.co.za/incoming/2012/08/17/black_and_white_hands.jpg/ALTERNATES/crop_630x400/black_and_white_hands.jpg

ကျွန်တော် ငယ်ငယ်က အလွန်အငြင်းသန်ခဲ့တယ်။ သူငယ်ချင်းတွေကြားမှာ တစ်ခုခုပြောလိုက်တိုင်း ဆန့်ကျင် ဘက်က လိုက်ပြောရတာ အလွန်ဝါသနာပါမိတယ်။ အတန်းထဲမှာ ကျွန်တော့်လိုပဲ သူငယ်ချင်းတစ်ယောက်ရှိ တယ်။ သူလည်း အမြဲတန်း ဆန့်ကျင်ဘက်ပြောပြီး ကျွန်တော့်ကို ကန့်လန့်တိုက်နေသူလို့ မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက်ဟာ ပြိုင်ဘက်တွေ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်လည်း သိပ်ပြီး မုန်းတဲ့သူ တွေလို ဖြစ်နေခဲ့ပါတယ်။

တစ်နေ့တော့ အတန်းထဲမှာ ဆရာမက ကျောင်းစာအပြင် အခြားဗဟုသုတရစရာ စာပေတွေကို ဖတ်တာ ကောင်းတယ်၊ မကောင်းဘူး ငြင်းခုံပွဲလေးကို လုပ်ပေးတယ်။ ထုံးစံအတိုင်း သူနဲ့ ကျွန်တော် စကားစစ်ထိုးကြ တယ်။ သူက ကောင်းတယ်ဆိုတဲ့ဘက်နေတော့၊ ကျွန်တော်က မကောင်းဘူးဆိုတဲ့ဘက် နေလိုက်တယ်။

ကျွန်တော်တို့နှစ်ယောက်စလုံး ကိုယ်ထင်မြင်တာကို ကိုယ်ပြောပြီးချိန်မှာ ဆရာမက ကျွန်တော်တို့ နှစ်ယောက် ကို အတန်းရှေ့ခေါ်ထုတ်လိုက်တယ်။ ပြီးတော့ ဆရာမစားပွဲမှာ သူ့ကိုတစ်ဘက်၊ ကျွန်တော့်ကို တစ်ဘက် ထိုင် ခိုင်းလိုက်တယ်။

ဆရာမက ဘောလုံးတစ်လုံးကို စားပွဲအလည်တည့်တည့်မှာ ချလိုက်ပြီး ကျွန်တော့ကို "သား .. ဘောလုံးက ဘာအရောင်လဲ" လို့မေးလိုက်တယ်။ ကျွန်တော်ကလည်း တွေ့တဲ့အတိုင်း "အနက်ရောင်" လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာ ဆရာမက ကျွန်တော့်ပြိုင်ဘက်ကို ဘောလုံးက ဘာအရောင်လဲလို့ မေးလိုက်တယ်။ သူက "အဖြူရောင်" လို့ဖြေလိုက်တယ်။

ဒီကောင် အနက်ရောင်ကို တွေ့ရက်သားနဲ့ အဖြူဖြစ်အောင်ပြောတယ်ဆိုပြီး ကျွန်တော် ဒေါသထွက်သွားတော့ တာပေါ့။ ဒီအချိန်မှာ ဆရာမက ကျွန်တော်တို့ နှစ်ယောက်စလုံးကို နေရာပြောင်းပြီး ထိုင်းခိုင်းလိုက်တယ်။ ပြီးတော့ ဘောလုံးက ဘာအရောင်လည်းလို့ ထပ်မေးတယ်။ ကျွန်တော့်ဘက်မှာ တွေ့နေရတဲ့ အရောင်က အဖြူရောင် ဖြစ်နေတယ်။ သူ့ဘက်က အနက်ရောင် ဖြစ်သွားတယ်။ ဆရာမက

"သားတို့ .. လောကမှာ ဘက်တစ်ဘက်တည်း မကြည့်ကြနဲ့။ တကယ်လို့ သားတို့ကို ဆန့်ကျင်ပြီး တစ်ခုခု ပြောနေပြီထင်ရင် သူ့ဘက်ကို သွားကြည့်နိုင်အောင် ကြိုးစားလိုက်ပါ။ သူ့ဘက်ကနေ ရပ်ကြည့်ပြီးမှ သူ ဘာကြောင့် ဒီလိုပြောသလဲဆိုတာ သိအောင်လုပ်ကြည့်လိုက်ပါ။ ကိုယ့်ဘက်က တစ်ဘက်တည်းအမြင်နဲ့ ပြောတာ လွဲသွားတတ်လို့ပါ" လို့ ဆရာမကပြောလိုက်တယ်။

ဆရာမရဲ့ လက်တွေ့သင်ခန်းစာဟာ ကျွန်တော့်ဘ၀အတွက်တော့ တန်ဖိုးမဖြတ်နိုင်လောက်အောင် ဖြစ်ခဲ့ရပါ တယ်။

Author Unknown, Story Submitted by Tina

Powered by Bullraider.com