ဆရာတွေကို ဘယ်နေရာမှာထား

http://2.bp.blogspot.com/-bn93YuSsP7c/T8b6wHoEgYI/AAAAAAAABzE/yRtLRCk5pNs/s1600/education-is-sold-for-money.jpg

(တစ်)

တက္ကသိုလ်ကျောင်းတစ်ကျောင်း ရဲ့စားသောက်ဆိုင်တန်းတွေထဲ က တစ်ခုသောစားပွဲဝိုင်းကလေး မှာ နည်းပြဆရာကလေးတစ်ဦးနဲ့ အတူတူ ထိုင်ဖြစ်ခဲ့ကြပါတယ်။ တပည့်လည်း တော်ခဲ့ဖူး၊ ရင်းရင်း နှီးနှီးကလည်းရှိ၊ ပွင့်ပွင့်လင်းလင်း လည်း ပြောတတ်ဆိုတတ်ကြတဲ့ သူတွေချင်းမို့ သူ့မျက်နှာတော် တော်ကလေးညှိုးနေတာကို ကျွန် တော်က သတိထားမိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းကို လည်း မေးမိခဲ့တယ်ဆိုပါတော့။

သူက ဘွင်းဘွင်းပါပဲ။ စာ သင်တဲ့ အိမ်တစ်အိမ်နဲ့ အဆင်မ ပြေလို့တဲ့။ ကျွန်တော့်စိတ်ထဲမှာ စာသွားသင် တဲ့ဆရာ၊ ဆရာမနဲ့ အိမ်ရှင်မိဘ၊ တပည့် စသူတွေရဲ့ ကြားထဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သ ဘောသဘာဝတွေကို အတန် အ သင့်သိထားခဲ့တာမို့ ကြားဖူးနေ ကျပြဿနာမျိုးပဲ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဆရာ စာသင် ချိန် ပျက်ကွက်တာတို့၊ နောက်ကျ တာတို့၊ စောပြန်တာတို့၊ ကျောင်း သားက အိပ်နေတာတို့၊ ကျောင်း လခ အချိန်မှန် မပေးတာတို့ ဆို တာမျိုး။

မဟုတ်ဘူးတဲ့ခင်ဗျ။ အမှတ် ကိစ္စတဲ့။ အမှတ်ကလည်း သိပ်အ များကြီးမဟုတ်ပါဘူး။ တစ်မှတ် တိတိတဲ့။ နည်းနည်းကလေးရေ လည်သွားအောင် ရှင်းပါရစေ။

ကျောင်းသားက ရန်ကုန်မြို့ ရဲ့နာမည်ကြီးထိပ်တန်းစာရင်းဝင် ကျောင်းကပါ။ ခြောက်ဘာသာကို ဆရာခြောက်ယောက် အိမ်ခေါ် သင်တဲ့မိသားစုထဲက ကျောင်း သားလို့ပဲ ဆိုပါတော့။ တစ်ရက် မှာတော့ ကျောင်းက သူ့ထုံးစံအ တိုင်း လပတ်စာမေးပွဲကျင်းပပါ တယ်။ အဲသည့်မှာ ကလေးက မြန်မာစာ ၈၁ မှတ်ရပါတယ်။

  ဒါနဲ့ သူ့စာသင်ရက်ကို ရောက်တဲ့အခါ မြန်မာစာဆရာက စာသင်ဖို့အတွက် အဲသည့်က လေးရှိရာဆီကိုသွားပါတယ်။ က လေးနဲ့အတူ အမေကပါ ထိုင် စောင့်လို့ နေပါလေသတဲ့။ အမေ ဖြစ်သူပြောတဲ့စကားက ဘယ်လို နားမျိုးနဲ့ နားထောင်ရမယ်မှန်း မသိတဲ့စကားပါ။

ပြီးခဲ့တဲ့ လပတ်စာမေးပွဲမှာ သူ့သားက ၈၁ မှတ်ပဲရပြီး သူ့သား နဲ့အပြိုင်လုပ်နေတဲ့ ကလေးက ၈၂ မှတ်ရသွားခဲ့ပါတယ်တဲ့။ သူ့ သားက တစ်မှတ်တိတိလျော့နေ ခဲ့ရပါတယ်တဲ့။ Top Ten ထဲမှာပါ အောင် လုပ်နေရတာမို့ သူငယ် ချင်းတွေထဲမှာ တစ်မှတ်လျော့နေ ခဲ့ရတာကို ဆရာဘယ်လိုလုပ်ပေး မလဲဆိုတဲ့ စကားပါ။ ဆရာက တစ်မှတ်နည်းတဲ့ဆိုတာဟာ ကျောင်းသားကြောင့်၊ စစ်ဆေးသူ ကြောင့် အမျိုးမျိုးဖြစ်နိုင်တာမို့ သူ ဘာမှ မတတ်နိုင်တဲ့အကြောင်း ပြောပေမယ့် အမေက သိပ်ပြီး ကျေနပ်တဲ့ဟန်ကို မပြပါလေဘူး ဆိုလား။ နောက်ဆုံးမှာ ဆရာက ကျွန်တော်ထွက်တယ်ဗျာဆိုပြီး ပြန်ချလာခဲ့သည့်တိုင် သိပ်ပြီး တုန်လှုပ်တဲ့ပုံ မပြကြလေဘူးတဲ့ ခင်ဗျ။

ကျွန်တော့်ရှေ့မှာ ထိုင်နေ တယ်ဆိုတဲ့ ဆရာဟာ အဲသည့် ဆရာပါပဲ။ သူက စာသင်ဝိုင်းတစ် ခု ပျက်သွားလို့ စိတ်မကောင်းဖြစ် နေတာမျိုးမဟုတ်ဘဲ သူ့ကို အ ပြစ်တင်ပုံ၊ ဆက်ဆံပုံတွေကို ခံ ပြင်းနေတဲ့ ပုံမျိုးပါ။

(နှစ်)

စကားလက်စရှိနေခဲ့ပြီမို့ နောက်ထပ် ဆရာမတစ်ယောက် ရဲ့ထူးထွေတည့်အံ့ရာသော် က လေးတစ်ခုကိုလည်း လက်ဆင့် ကမ်းပါရစေဦး။

အဲသည့် ဆရာမကလည်း ဝိုင်းဆရာမအဖြစ်နဲ့ အသင့်အ တင့်အလုပ်ဖြစ်နေတဲ့ဆရာမတစ် ယောက်လို့ ဆိုကြပါစို့။

တစ်နှစ် ဆယ်တန်းအောင် စာရင်းတွေ ထွက်ပြီးလို့ မကြာ တတ်လှသေးခင် အချိန်မှာပဲ ပြ ဿနာကလေးတွေက စလာခဲ့ တာဖြစ်ပါတယ်။ ဆယ်တန်းစာ မေးပွဲကျရှုံးသူ ကျောင်းသားတစ် ယောက်ရဲ့အမေက ကျောင်းလခ တွေ ပြန်လျော်ခိုင်းတဲ့ ပြဿနာ ပါ။ ဆရာမက အမှတ်စာရင်း တောင်းကြည့်ဖို့ အကြောင်းနဲ့ တ ကယ်လို့ သူ့ဘာသာရပ်မှာ ကျရှုံး နေခဲ့တယ်ဆိုရင် ပေးထားသမျှ လခတွေ အကုန်ပြန်ပေးမယ့် အ ကြောင်း ပြောပေမယ့် မရပါဘူး။ ဘယ်ဘာသာကျကျ ကျတာက ကျတာပါပဲတဲ့။ ဒါကြောင့် နစ်နာ ပါတယ်တဲ့။ ပြန်မပေးရင် သက် ဆိုင်ရာကို တိုင်သွားမယ်တဲ့။ ခက် တာက အဲသည့်ကလေးကို သင် ပေးတဲ့ ဆရာ၊ ဆရာမအားလုံးက ဝန်ထမ်းတွေ။ မှားတာ၊ မှန်တာ၊  သင့်တာ၊ မသင့်တာ အသာထား။ ဌာနဆိုင်ရာမှာက ပြဿနာစဝင် ပြီ။ နှစ်ပေါက်အောင် နေပူမိုးရွာ သွားသင်ထားတဲ့ ဆရာ၊ ဆရာမ တွေက အလျော်ပေးခဲ့လိုက်ကြ ရပါတယ်။

ကျွန်တော် ဘယ်သူ့ကို အ ပြစ်တင်ရမယ်ဆိုတာ မပြော တတ်နိုင်ဘဲ ဘယ်ခေါင်းစဉ် အောက်မှာ ထားရမယ်မှန်းမသိတဲ့ ကြေကွဲမှုမျိုးနဲ့ ကြေကွဲခဲ့ရတယ် ဆိုရင် ယုံပါ။

(သုံး)

မကြားဝံ့မနာသာ ကျက်သ ရေနည်းနည်းကလေးမှ မရှိတဲ့ပြ ဿနာတွေက ဟောသည့်လူ့အဖွဲ့ အစည်းမှာ ဟိုနားနည်းနည်း၊ သည်နား နည်းနည်းပါ။

တစ်ခါများဆိုရင် တက္က သိုလ်ဆရာတစ်ယောက်က တော် တော်ကလေး ပြည့်စုံတဲ့အိမ်တစ် အိမ်က ကျောင်းသူတစ်ယောက် ကို စာသွားသင်သဗျ။ တက္ကသိုလ် ကျောင်းသူတစ်ယောက်ပါပဲ။ ဆို ကရေးတီးတွေ၊ ပလေတိုတွေ၊ အရစ္စတိုတယ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ အနောက်တိုင်းဒဿနတွေ၊ ရသပညာတွေလို့ဆိုကြပါစို့။

ကျောင်းသူရဲ့အဖေက မ လှမ်းမကမ်းမှာ Dream Bed ကြီး ခင်းကာ ခြေပစ်လက်ပစ် လှဲ လျောင်းရင်း ရေနွေးခွက်တစ်ခွက် နဲ့ အစအဆုံးနားသောတဆင်လို့ နေခဲ့ပါလေသတဲ့။

စာသင်တဲ့ကိစ္စပြီးတဲ့အခါ ကျောင်းသူရဲ့အဖေက ဆရာ့ကို မေးပါတယ်။ ဆရာပြောနေတဲ့ ကိုယ်ကျင့်တရားတို့ ဘာတို့၊ စိတ် သတ္တိတို့ ဘာတို့ အရမ်းနားထောင် ကောင်းတယ်ဗျာတဲ့။ အဲဒါ ဘယ် လောက်ကျလဲဆရာရဲ့ လုပ်ပါဦး တဲ့။ အားမနာပါနဲ့တဲ့။ သူ့လက်ထဲ မှာ ပိုက်ဆံက ဘဏ်ထုပ်ထင်ပါ ရဲ့။ တက္ကသိုလ်ကျောင်းက ဆရာ ဘာပြောလို့ ဘာဆိုရမယ်ဆိုတာ မသိနိုင်ဘဲ ဖြစ်နေခဲ့ရပါလေရဲ့။

(လေး)

ခက်တာက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ‘ဆရာ’ဆိုတဲ့ နေရာပြောင်းလဲသွားခဲ့ရတာပါ။ ဟိုတုန်းက ဆရာရှိရာကို တပည့် တို့ လာခဲ့ကြရတာပါ။ တက္ကသိုလ် က မင်းညီမင်းသားတွေလည်း ဒိသာပါမောက္ခဆရာကြီးရှိရာဆီ ကို လာရတာပါပဲ။ ဘုန်းတော်ကြီး ကျောင်းလို ဘာသာရေးအခြေခံ ဌာနတွေက ပညာသင်ရာအရပ် ဒေသတွေ ဖြစ်လာတော့လည်း ဘုန်းကြီးကျောင်းရှိရာဆီ ပညာ သင်လိုသူတို့ လာကြရတာပါပဲ။ ဟိုး...ကျွန်တော်တို့ ခပ်ငယ်ငယ် ကနေ တော်တော်အရွယ်ရောက် တဲ့အထိ ကျောင်းသားက ကျောင်း ကို၊ ဒါမှမဟုတ် ဆရာ့အိမ်ကို အရောက်လာကြရတာပါပဲ။

နောင်အခါမှာ တတ်နိုင်သူ လူကြီးမိဘတွေက ကိုယ့်ကလေး ကို ပိုးမွေးသလို မွေးကာ လေစိမ်း အတိုက်မခံနိုင်သူတွေက ဆရာ၊ ဆရာမကို လစာပေးပြီး အိမ်အ ရောက် ခေါ်ကြတော့တာပါ့။ လို အပ်ချက်ရှိသူ ဆရာ၊ ဆရာမတို့ ခမျာ ကျောင်းသား၊ ကျောင်းသူ ရှိရာဆီ ရောက်အောင် သွားခဲ့ကြ ရရှာတာကစလို့ ဆရာကို ဆရာ လို ဆက်ဆံတာ မခံရတော့ဘဲ ဆရာ့နေရာ ပျောက်ဆုံးသွားခဲ့ကြ ရတာပါ။

အာစရိယဂုဏောတွေ တန် ဖိုးလျော့ကျခဲ့ကြရပါပေါ့။

7 Day Daily,

No.797 Friday, July 17, 2015
Powered by Bullraider.com