ပလတ်စတစ်ခြင်းကလေးတစ်ခြင်းရဲ့ စိန်ခေါ်မှု

 photo Stationary.png

အလေ့အကျင့်ကောင်းကို ဖန်တီးခြင်း

“အလေ့အကျင့်ကောင်းကို ဖန်တီးခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ကြီးတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်မှာ ဇူလိုင် ၂၁ ရက်ကအောက်ပါ ဖော်ပြချက်ကို ရေးသားလာခဲ့ပါ တယ်။

“မနှစ်က နိုင်ငံတော်သမ္မတကြီး ဆွစ်ဇာလန်ကိုသွားတော့ ဆောင်းပါးတစ်ခုဖတ်လိုက်ရတယ်။

ပန်းခြံတွေမှာ ပန်းရောင်းတဲ့သူမရှိဘူးတဲ့။ ကတ်ကြေးလေးတစ်လက်ရယ်၊ ပိုက်ဆံပုံးလေးတစ်ခုပဲ ချ ထားတယ်။ ဝယ်ချင်တဲ့သူက ကိုယ်ကြိုက်တဲ့ပန်းကိုညှပ်ယူပြီး ငွေကိုပုံးထဲထည့်သွားခဲ့တယ်။ ပိုင်ရှင်က ညနေမှငွေပုံးလေးတွေ လာသိမ်းသတဲ့။ သဘောကျလွန်းလို့ တပည့်တွေကိုပြန်ပြောပြတယ်။ တို့နိုင်ငံ ဆိုရင်ရမလားလို့ မေးကြည့်တော့ ပြောင်းသွားမှာပေါ့လို့ ဖြေကြတယ်။

ကျွန်မတို့ကလေးတွေကို လုပ်ပေးလို့မရဘူးလား။ ကလေးကောင်းမှ လူကြီးကောင်းမှာလေ။ မိဘတွေ နဲ့တွေ့ဆုံတော့ ကျွန်မပြောပြတယ်။ ဒီကျောင်းမှာစမ်းသပ်မယ်ပေါ့။ အရင်ဆုံး စာရေးကိရိယာခြင်း လေး အတန်းတိုင်းမှာထားမယ်။ ရောင်းသူမရှိဘူး။ တစ်တန်းနဲ့တစ်တန်းပြိုင်ကြပါစေပေါ့။ ပင်ရင်းမှာ ရောင်းတဲ့ဈေးအတိုင်း ဒီမှာသတ်မှတ်မယ်။ မိဘအချို့က မလုပ်ပါနဲ့၊ ဆရာမကြီး အရင်းပြုတ်သွားမယ် တဲ့။ မိဘအချို့ကတော့ ဆရာမကြီးအရင်းပြုတ်လည်း အားမလျှော့နဲ့၊ ကျွန်တော်တို့ထောက်ခံတယ်။ ဆုံးရှုံးသွားတဲ့ ပမာဏထက် အကျိုးဖြစ်လာမှာလို့ ပြောတယ်။

ကလေးတွေကို Assembly မှာတရားဟောပါတယ်။ ကလေးတွေက လက်သီးလက်မောင်းတန်းပြီး အာမခံတယ်။ အဲဒါနဲ့ဒီနေ့ပဲ ဒီအစီအစဉ်ကို စတင်ပါပြီ။ ကျွန်မကျောင်းမှာ ကလေး ၂၅၀၀ ရှိတယ်။ ဒီ အလေ့အကျင့်ကောင်းလေးကို အားလုံးရသွားခဲ့ရင် ပြီးတော့ပလတ်စတစ်ခြင်းလေးတွေထဲမှာ ဗလာစာ အုပ်၊ ဘောပင်၊ ပေတံ၊ ခဲတံ၊ ခဲဖျက်တွေ ထည့်ထားပြီး ဘယ်ဟာယူရင်ဘယ်လောက်ဆိုပြီး ရေးထားပါ တယ်။ ဒီစာရေးကိရိယာတွေကြားမှာ “ငွေထည့်ရန်” ဆိုတဲ့ ပလတ်စတစ်ဘူးလေးတစ်ဘူး တွေ့မြင်ရပါ တယ်။

မှန်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲက မြင်တွေ့လိုက်ရတာကတော့ ဒီဆရာမကြီးရဲ့ရင်ထဲက စေတ နာတရား။ ဝိုင်းဝန်းကူညီကြတဲ့ ကျောင်းသားမိဘတွေရဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရပါ တယ်။ စာရိတ္တမဏ္ဍိုင်ကို စာသင်ကျောင်းတွေကစတင်ပြီး ပျိုးထောင်ရမှာလည်း အမှန်ပါပဲ။ ဆွစ်ဇာ လန်နိုင်ငံမှာ ပန်းခင်းကလေးတစ်ခင်း၊ ကတ်ကြေးလေးတစ်ချောင်း၊ ငွေထည့်ရမယ့် ပုံးကလေးတစ်ပုံး တို့ဟာ ဒီနိုင်ငံကပြည်သူတွေရဲ့ ရိုးသားမှုနဲ့စာရိတ္တကို ဖော်ပြနေတယ်ဆိုတာလည်း အမှန်ပါပဲ။

မြန်မာလူ့အဖွဲ့အစည်းအတွက် စိန်ခေါ်မှု

ဒီကျောင်းကလေး အောင်မြင်စေချင်ပါတယ်။ ဆရာမကြီးနဲ့တကွ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘ တွေ၊ အထူးသဖြင့် ကျောင်းသားလေးတွေ အားလုံးဟာမြန်မာ့လူ့အဖွဲ့အစည်းအတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ကို ခြေလှမ်းသစ်လှမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ သေးသေးလေးလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်အောင်မြင်ဖို့ လိုပါတယ်။ အကယ်၍သာ စုန်းပြူးတွေပါလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကို ဆရာမကြီးက “ကျွန်မကလေးတွေ ဖြူစင်ပါ တယ်။ ကနေ့အထိ ဘာမှမပျောက်ဘူး” လို့ပြောခဲ့ပါတယ်။ ဝမ်းမြောက်စရာကောင်းပါတယ်။ ဒီကျောင်း ကလေးမှာ ကျောင်းသား ၂၅၀၀ ရှိပါတယ်။ ဒီကလေးငယ် ၂၅၀၀ ဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် အတွက် အရေးကြီးလှတဲ့ ခေါင်းဆောင်အလောင်းအလျာတွေပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ဆရာမကြီးဟာ မိမိကျောင်းသားတွေအပေါ် ယုံကြည်ချက်အပြည့်အဝနဲ့ ဒီအလောင်း အစားကို စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ဒီလိုဆောင်ရွက်ချက်မျိုးကို စတင်ပြီဆိုတာနဲ့ ကလေးငယ်တွေရဲ့ အမူအယာ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်၊ ဒီခြင်းလေးတွေအပေါ်မှာ တုံ့ပြန်ပုံ၊ တုံ့ပြန်နည်း၊ ကျား-မ လိင်ပိုင်းခြားဆန်းစစ်ချက်စသဖြင့် စနစ်တကျ သုတေသနပြုပြီး ချဲ့ထွင် ဆောင်ရွက်တတ်ကြပါတယ်။ အခုလုပ်ဆောင်ချက်ကတော့ ဝမ်းမြောက်ဖွယ်ရာဖြစ်သလို တစ်ချိန် တည်းမှာပဲ အောင်မြင်မှဖြစ်မယ်ဆိုတဲ့ အတွေးကိုတွေးမိပါတယ်။ ဒီအစီအစဉ်ကျရှုံးလို့ မဖြစ်ပါဘူး။ အကယ်၍သာရှုံးခဲ့ရင် ဒီအရှုံးဟာအားလုံးကို အထိနာစေမှာဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ နည်းပညာခေတ်မှာ လူတွေရဲ့စာရိတ္တ လျော့ရဲလာခဲ့တယ်ဆိုပေမယ့်လဲ လျော့ရဲမှုတွေကို ပြင်လို့မရ တော့ဘူးလား၊ လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ တန်ဖိုးဒါတွေဟာ ကလေးအရွယ် ငယ် ငယ်ကတည်းက ကြီးပြင်းလာချိန်အထိ သက်ရောက်မှုတွေအများကြီးရှိနေပါတယ်။

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုတဲ့အတိုင်း စာသင်ကျောင်းတွေဟာ ကလေးငယ် တွေကို ပုံသွင်းထုဆစ်ပေးကြပါတယ်။ အလားတူပါပဲ “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုတာတွေ လည်း ဖြစ်လာတော့မှာပါ။ ဒီမိုကရေစီဆိုတာ ကျောင်းစည်းကမ်းကို အပြည့်အဝလိုက်နာပြီး ဆရာ-တပည့် အပြန်အလှန်ဆွေးနွေးငြင်းခုန်နိုင်တဲ့ အခြေအနေကို ရောက်ရှိစေမှာပါ။ ကျောင်းသားတွေ ကျောင်းတက်ချင်မှတက်၊ မုန့်တွေစားချင်သလိုစား၊ နေချင်သလိုနေဆိုတာမျိုးတော့ ဖြစ်နိုင်မှာမဟုတ် ပါဘူး။ ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ သဘောတရားကို စာသင်ကျောင်းတွေကပဲ ပျိုးထောင်ပေးကြ ရမှာဖြစ်ပါတယ်။

Honour System လို့ခေါ်တဲ့ မိမိဂုဏ်သိက္ခာကို အလေးထားမြှင့်တင်ဖို့ လေ့ကျင့်ပေးတဲ့ တက္ကသိုလ် အချို့ရှိပါတယ်။ မိမိရဲ့ကိုယ်ကျင့်သီလ၊ မိမိရဲ့ဂုဏ်သိက္ခာကို စောင့်ထိန်းတတ်အောင်၊ စောင့်ထိန်းနိုင် အောင်၊ ပြီးတော့ ဗီဇစရိုက်အဖြစ် ဖြစ်လာစေအာင် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ Lost And Found ဆိုပြီး ပုံးကလေးတွေချထားလေ့ရှိပါတယ်။ စာရေးကိရိယာ တွေကောက်ရရင် အဲဒီပုံးထဲသွားထည့်၊ ပျောက်သွားတဲ့ ကျောင်းသားကလဲ အဲဒီပုံးထဲမှာသွားရှာ။ ကိုယ့်ပစ္စည်းမဟုတ်ဘဲ ယူငင်ခြင်းမရှိစေဖို့ လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ ဒီလိုအစီအစဉ်လေးတွေ က ကလေးတွေရဲ့အတွေးထဲမှာ စာရိတ္တဆိုင်ရာစွဲမြဲမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကလေးတွေ အမှိုက်ပစ်ရင် ခွဲခြားပစ်နိုင်အောင် အမှိုက်ပုံးလေးတွေ အရောင်နဲ့ခွဲ၊ စာနဲ့ခွဲပြီးချထားတဲ့ နိုင်ငံတွေလဲ အများကြီးရှိနေပါတယ်။ မြန်မာနိုင်ငံမှာလဲ ဒီလိုခွဲခြားထားတဲ့ အမှိုက်ပုံးစနစ်ကို နေရာအ ချို့မှာမြင်တွေ့လာခဲ့ရပြီ ဖြစ်ပါတယ်။ မြောင်းတွေရေလျှံတယ်၊ တစ်ချိန်တည်းမှာပဲ အဲဒီမြောင်းတွေထဲ ကိုကျွန်တော်တို့ ပစ်ချင်တဲ့အမှိုက်တွေ ပစ်ခဲ့ကြတာတွေလဲရှိနေတာ အမှန်ပါပဲ။ “စည်ပင်အလုပ်စည် ပင်လုပ်” ဆိုတာလည်းမှန်ပါတယ်။ “ကိုယ်အမှိုက်ကိုယ် ရှင်း” စနစ်နဲ့ စနစ်တကျလုပ်ဆောင်တတ်ဖို့လဲ အရေးကြီးပါတယ်။ လူထုဦးလှတို့ခေတ်မှာ ငှက်ပျောသီးဗန်း၊ အကြွေစေ့တွေနဲ့ ကိုယ့်ဘာသာယူ၊ ကိုယ့်ဘာသာငွေရှင်းတဲ့ စနစ်တွေရှိခဲ့ဖူးတယ်ဆိုတာကိုလဲ ဖတ်ရမှတ်ရပါတယ်။ အခုခေတ်အခုအခါမှာ တော့ ဒီလိုစနစ်တွေ ကွယ်ပျောက်နေတာကြာခဲ့ပါပြီ။

ပဉ္စသီလလို့ခေါ်တဲ့ သီလငါးပါးလုံအောင်ထိန်းဆိုတာ ဘုရားဟောဗုဒ္ဓနည်းကျ နေထိုင်မှုဘဝဖြစ်ပါ တယ်။ အခုဆောင်းပါးပါ ဆရာမကြီးဟာ နိုင်ငံတော်သမ္မတကြီးရဲ့ ဆွစ်ဇာလန်ခရီးစဉ်ဆောင်းပါးကို ဖတ်ရှုပြီး သူ့ကျောင်းကို ဒီလိုဖြစ်စေချင်တယ်။ သူ့ကျောင်းသားတွေကို ဒီလိုဖြစ်စေချင်တယ်၊ သူ့ပတ် ဝန်းကျင်ကို ဒီလိုဖြစ်စေချင်တယ်။ သူ့လူ့အဖွဲ့အစည်းကို ဒီလိုဖြစ်စေချင်တယ်။ ဒီလိုစေတနာမျိုးနဲ့ ဆုံးဖြတ်ခိုင်ခိုင်မာမာချမှတ်ပြီး ကြိုးပမ်းခဲ့တာဖြစ်ကြောင်း အတိုင်းသားတွေ့မြင်နိုင်ပါတယ်။ ဝမ်း မြောက်ကြည်နူးရပါတယ်။ ကြိုဆိုရပါမယ်။

ဒီကျောင်းက ကျောင်းသားကလေးတွေကိုလည်း ချီးကျူးရမှာပါ။ အသိအမှတ်ပြုရမှာပါ။ အခါအခွင့် သင့်တိုင်း သူတို့ရဲ့စောင့်ထိန်းနိုင်မှုကို အရေးတယူပြုကြရမှာပါ။ သူတို့ဒီပွဲမှာလဲလို့ မဖြစ်ပါဘူး။ တို့နိုင်ငံ မှာဆိုရင်ရမလား၊ “ပြောင်းသွားမှာပေါ့” ဆိုတဲ့ ထင်ကြေးတွေ မှားယွင်းသွားအောင် စိန်ခေါ်လိုက်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါဟာ “တိတ်ဆိတ်သော စာရိတ္တတော်လှန်ရေး” အထိ ဖြစ်သွားနိုင်ပါတယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်မျှော်လင့်ထားပါတယ်။

Democracy Today Daily

ဇူလိုင်လ (၂၃) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com