မပူ့တပူ မနူးတနူးအရာ

ကမ္ဘာကျော် ကဗျာတပုဒ်မှာ
ကမ္ဘာကျော်တယောက်
စွပ်ပြုတ်သောက်တာ ဖွဲ့တယ်

ဇွန်းနဲ့ ခပ်တဲ့ကာ
ပါးစပ်ကိုဟ
လောင်းထည့်
သူသူငါငါ လိုပါပဲ
ဘယ်အရာမှ ဘာမှ မဟုတ်တဲ့ ဒဿနအရာလား
ဤသည်ပင်လျှင် ကဗျာ့အရာလား

ကျနော်ကတော့
မဲဆောက်မြို့က ဟင်းချို ပူပူနွေးနွေးကို တွေးခေါ်တယ်
ဇွန်းနဲ့ ခပ်တဲ့ကာ
ပါးစပ်ကိုဟ
လောင်းထည့်
ဟုတ်ကဲ့
ဒါပါပဲ။     

 

နေနွယ်
..၂၀၁၂  

Powered by Bullraider.com