သေနတ်သံတွေ ရပ်ပေးပါ..... ဗုံးသံတွေ ရပ်ပေးပါ...

ငြိမ်းချမ်းရေး ကိုကိုယ်စားပြုတဲ့ ဂျိုးဖြူလေးရေ...
မင်းဘယ်ဆီမှာလဲ.. ဘယ်ကိုများ အလည်လွန်နေလဲလေ...
ကြားသာကြားဖူးတာ... မင်းကို တို့တွေ.....

မမြင်ဘူးတာ နှစ် ၆၀ လောက် ရှိရောပေါ့.....
သေနတ်သံတွေ.. ဗုံးသံတွေ..ကို ကြောက်လို့ ဝေးရာ ပျံပြေးခဲ့တာလား....
ဟုတ်မှာပါ.. ဟုတ်ပါတယ်လေ.... ဒီတော့...
သေနတ်သံတွေရပ်ပေးပါ..... ဗုံးသံတွေ ရပ်ပေးပါ...
ဂျိုးဖြူ လေးရေ... တို့နိုင်ငံရဲ့
ထိပ်ဆုံးပိုင်း... ကချင်ဒေသ ကစလို့....
ပျံသန်းလာလှည့်ပါ... ပျံသန်းလာခဲ့ပါ... တစ်နိုင်ငံလုံး အနှံ့ကိုပေါ့....
တို့ပြည်သူတွေ ငြိမ်းချမ်းရေး သီချင်း.. ၀ိုင်းဖွဲ့သီကျူးချင်ပါတယ်...
ကလေးငယ်တွေ.. ပြုံးပျော်ရွှင်စွာ ကခုန်ချင်ကြပါတယ်..
အဖိုးအဖွားတွေရဲ့ မျက်ရည်စ ဟိုးအဝေးကို လွှင့်ပစ်ချင်လှပါပြီ...
တို့တစ်တွေကို သနားလှည့်ပါ... နာကျင်ခဲ့ရတာ ကြာပါပြီ...ကြာလှပါပြီ...
မျှော်လင့်ရုံ.. ဆုတောင်းရုံ.. ကလွဲပြီး တို့ပြည်သူတွေ ဘာမှ မတတ်နိုင်လို့ပါ..
ဒီ့ထက်ပိုပြီး.. မမျှော်ပါရစေနဲ့လား....
ပျံသန်း လာလှည့်ပါတော့... ပျံသန်း လာခဲ့ပါတော့... တစ်နိုင်ငံလုံးအနှံ့ကိုပေါ့....
သေနတ်သံတွေ ရပ်ပေးပါ..... ဗုံးသံတွေ ရပ်ပေးပါ...
သေနတ်သံတွေ ရပ်ပေးပါတော့..... ဗုံးသံတွေ ရပ်ပေးပါတော့...!!!

(Daniela & Noga ၏ မူရင်းကဗျာကို အနည်းငယ်ပြောင်းလဲ ခံစားထားခြင်း ဖြစ်ပါသည်..)

ကိုနေမျိုး ဖေ့စ်ဘွတ်မှ...

Powered by Bullraider.com