သိ​န်း ၂​၁​၀​၀ တန်ထ​မ​င်း​ဝို​င်း

http://www.burmalibrary.org/docs5/HRDU-archive/Burma%20Human%20Righ/multimedia/photos/chapter/education4.jpg

ဗိုလ်ရှုခံ အခမ်းအနားတက်သူ ၄၀၀၀ ကို

၁၅ ရက်ကျွေးမွေးစရိတ်က

ကျပ် သိန်း ၂၁၀၀ တဲ့

စားထားတဲ့သူတွေ ပြန်အန်ထွက်လောက်တယ်

သိန်း ၂၁၀၀ ဆိုတာ တောနယ်တွေမှာ

မူလတန်းစာသင်ကျောင်း

၁၀ ကျောင်း လောက် ဆောက်လို့ရတယ်

တစ်ကျောင်းကို ကျောင်းသား ၅၀ လောက်ပဲထား

ကျောင်းသား ၅၀၀ ရဲ့ အနာဂတ်တွေကို

ခင်ဗျားတို့ ဝါးမြိုစားသောက်

ခုတော့ ချေးချောက်တွေ ဖြစ်ကုန်ရပြီပေါ့။

 

ရင်နာတယ်ဗျာ

ကိုယ့်ဒေသကို မပြန်နိုင်သေးတဲ့ တိုင်းရင်းသား ကလေးတွေ

သေနတ်ကျည်ဆံတွေ၊ ဗုံးဆံတွေ၊ ယမ်းငွေ့တွေကြားမှာ

ပြေးလွှားပုန်းအောင်းရင်းက

အနာဂတ်မရှိရှာတဲ့

ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ကလေးတွေ

သူတို့မှာ စာလေးတစ်ကြောင်းဖန်တီးဖို့၊

စာတစ်ကြောင်းလောက်ဖတ်ဖို့

အပြေးအလွှား နေရာရှာနေချိန်မှာ

သူတို့ အနာဂတ်တွေကို ပျော်ရွှင်စွာစားသောက်

ဂုဏ်မောက်နေသူတွေက

သိန်း ၂၁၀၀ ဖိုးကို ပွဲတော်တည် လိုက်ကြသတဲ့။

 

အေ ဘီ စီ ဒီ၊ ကကြီး ခခွေး

မြေနံရံမှာရေးပြီး လိုက်ဆိုကြနော်လို့

အသံဝဲဝဲနဲ့ အော်နေရှာတဲ့ နော်စေးဝါး

ဝုန်းခနဲ အသံတစ်သံနဲ့အတူ

အပိုင်းပိုင်း အစစဖြစ်သွားတယ်

နော်စေးဝါးကို လူ ၄၀၀၀ က သိန်း ၂၁၀၀ ဖိုး အောင်ပွဲခံပြီး

စားသောက်လိုက်ကြတယ်။

၁၉.၁.၂၀၁၅

Powered by Bullraider.com