လူတိုင်းအတွက် ကမ်းသောလက်

Category: ကဗျာ
Published on Thursday, 03 December 2015 01:20
Written by မောင်နေခြည် (ပြည်)

http://thehottestwallpapers.com/wp-content/uploads/2014/05/yellow-flowers-hd-wallpapers-yellow-flowers-desktop-hd-139924-690x431.jpg

နာမည်က ‘ရွှေစ’

ဘဝက နုံချာ

အသပြာက နတ္ထိ

မိဘက ဆင်းရဲ

ကွင်းထဲမှာ ပုစွန်နှိုက်

ပိုက်ထောင်ရင်း ထင်းချိုး

ကြွက်ထိုး၍ ငွေရှာ

သူ့ဘဝ ကြမ္မာ။

ခုခါတော့ဖြင့်

ပွင့်သောပန်း အကုန်လန်း

လန်းသောပန်း အကုန်မွှေး

လူတိုင်းအတွက် ပညာရေး

သြော် …. “ရွှေစ” တို့အတွက် ရွှေရှေ့ရေး။

 

ပညာတန်ဆောင်မဂ္ဂဇင်း

ဖေဖော်ဝါရီလ၊ ၂၀၁၂ ခုနှစ်

Powered by Bullraider.com