ဖေဖေ့မေတ္တာ

ဖေဖေ့ပါးစပ်က “ချစ်တယ်” ဆိုတဲ့စကား

ကြားရဖို့ စောင့်လာခဲ့တာ

နှစ်ပေါင်းများစွာ ကြာခဲ့တယ်

ခုထိ … တစ်ခါတောင် မကြားခဲ့ရသေးပါလား။

ဖေဖေက “ချစ်တယ်” လို့ တစ်ကြိမ်တောင် မပြောပါဘူး

အိပ်ယာဝင်ချိန် ပုံပြင်လေးတွေ ပြောခဲ့တာ

အချိန်ရတိုင်း ကစားပေးခဲ့တာတွေဟာ

မမေ့စရာ နေ့ရက်တွေပါ။

ဖေဖေက “ချစ်တယ်” ဆိုတာ တစ်ခါမှ မပြောခဲ့ပါဘူး

အိမ်ပြန်လာတိုင်း သားတွေ၊ သမီးတွေက

သူ့လက်ထဲမှာ ကိုင်လာမယ့် အထုပ်ကိုမျှော်

ပြုံးလာတဲ့သူ့မျက်နှာကို မြင်ရင် ပျော်ကြတာပဲ။

“ချစ်တယ်” လို့ တစ်ခါမှ မပြောတဲ့ ဖေဖေ

ဒုက္ခတွေကို အပြုံးတွေနဲ့ ကယ်တင်ပေးခဲ့တယ်

မျက်ရည်တွေကို နှစ်သိမ့်မှုတွေနဲ့ သုတ်ပေးခဲ့တယ်

သောကတွေက သူ့ရင်ဘတ်ကြီးထဲမှာ ထွေးပွေ့ပြီး ကွယ်ပျောက်စေခဲ့တယ်။

ဖေဖေက “ချစ်တယ်” လို့ တစ်ခါမှ မပြောပါဘူး

“ချစ်တယ်”  လို့ပြောတာထက်

ပိုပြီးအမှတ်ရနေစေမယ့် အပြုံးတွေနဲ့

ဘဝတွေကို လုံခြုံစေခဲ့လို့ပါ။

(A Father’s Love ဆိုတဲ့ ကဗျာလေးကို ကြိုက်လို့ ဘာသာပြန်ကြည့်တာ။ မူရင်းကဗျာဆရာ ဘယ်သူမှန်းမသိ။ Unknown တဲ့)

၂၉.၄.၂၀၁၆

Powered by Bullraider.com