ကမ္ဘာကစောင့်ကြည့်ရမည့် တရုတ်ပညာရေး

http://static.atimes.com/uploads/2017/04/005-630x378-1492509147.jpg

၂၀၁၇ ခုနှစ်တွင် တရုတ်တက္ကသိုလ်မှ ဘွဲ့ရသူပေါင်း ၈ သန်းရှိကြောင်း Asia Times သတင်းတွင် ထုတ်ပြန် လိုက်သည်။ ယင်းအချိုးအဆသည် ၁၉၉၇ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆမြင့်တက်လာသည့် သဘောဖြစ် သည်။ အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့ရသူများနှင့် ထက်ဝက်ခန့် ကွာခြားသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်ကို ပြန်ပြီးခြေရာကောက်လျှင် တရုတ်နိုင်ငံပညာရေးစနစ်က အားရစရာ ကောင်းလှသည်မဟုတ်။ မြို့နေလူတန်းစားလောက်သာ ပညာတတ်သည်ဆိုသည့် စနစ်ကိုပြောင်းလဲလိုက် သည့် သဘောလည်း ဆောင်နေသည်။

ပြောင်းလဲမှုသည် ၁၉၉၉ ခုနှစ်လောက်ကတည်းက စတင်ခဲ့သည်။ ထိုအချိန်လောက်ကတည်းက အစိုးရအနေ ဖြင့် တက္ကသိုလ်များတွင် ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက်လုပ်လာသည်။ ၂၀၁၇ ခုနှစ်တွင် တက္ကသိုလ် ဝင်ကျောင်းသားဦးရေက လွန်ခဲ့သော ၁၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်။ သမိုင်းတွင်လောက် သည့် ပညာကိုစိတ်ပါဝင်စားသူ ဦးရေတိုးပွားလာခြင်းဖြစ်သည်။

အစိုးရ၏ တွန်းအားက တိုင်းပြည်တွင် အင်ဂျင်နီယာပညာရှင်များ ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း တက္ကသိုလ်များတွင် အင်ဂျင်နီယာ အတတ်သင်လိုသူ ကျောင်းသားတွေက တိုးပွားလာသည်။ လိုအပ်ချက်ကို အစိုးရကထုတ်ပြန်သည်။ ပညာရှင်တွေဘက်ကဖြည့်ဆည်းပေးရန် အားထုတ်သည်။ ထို့ပြင် အခြားသော ဘာသာရပ်များတွင်လည်း လေ့လာသင်ယူသူ ကျောင်းသားဦးရေမှာ သိသာစွာတိုးတက်လာသည်။ အထူးသဖြင့် လူမှုရေးဆိုင်ရာ ဘာသာရပ်များကို စိတ်ဝင်စားသူတွေ ပိုများလာသည်။ ဒုတိယအများဆုံး လေ့လာ သင်ယူနေသည့် ဘာသာရပ်များမှာ စာပေနှင့် ဥပဒေပညာရပ်များဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်ကျောင်းသားတွေက အွန်လိုင်းပေါ်တက်ပြီး သမိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်း ရှာရအခက်ဆုံးနှစ်အဖြစ် ရေးသားဝေဖန်ကြသည်။ တရုတ်နိုင်ငံတွင် ထိုစဉ်ကတည်းက အလုပ်အကိုင် ခက်ခဲ လာသည်။ ၂၀၁၇ ခုနှစ်တွင် ၂၀၁၃ ခုနှစ်ကထက် ဘွဲ့ရဦးရေက တစ်သန်းပိုလာသည်။ သို့သော် အလုပ်အကိုင် ရရှိရေးမှာ ဆက်ပြီး မြင့်မားနေဆဲဖြစ်သည်။ MyCOS သုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ၂၀၁၅ ခုနှစ် တွင် ဘွဲ့ရထားသူ ဦးရေ၏ ၈ ရာခိုင်နှုန်းသာ အလုပ်ရသည်ဟုဆိုသည်။ ဘွဲ့ရပြီး ၆ လ တိုင်သူတို့ အလုပ်အကိုင် ရှာဖွေမရနိုင်သည့်အနေအထားကို ဖြစ်နေသည်။

ဘွဲ့ရလူငယ်တွေက အချိန်ပိုင်းအပြင်၊ လစာနည်းအလုပ်၊ ရရာအလုပ်တွေ ဝင်လုပ်ကြသည်။ ဘွဲ့ရပြီး ၆ လ အတွင်း ရရာအလုပ်ကို ဝင်လုပ်နေကြရသောကြောင့် ပညာတတ်ကျောင်းသားများ၏ လစာမှာ ရွှေ့ပြောင်း လုပ်သားများ၏ လစာဝင်ငွေထက်ပင် နည်းနေကြောင်းတွေ့ရသည်။

သမိုင်း၊ ဥပဒေနှင့် စာပေဘာသာရပ်များဖြင့် ဘွဲ့ရလာသူများသည် လစာအလွန်နည်းပြီး အလုပ်အကိုင်အခွင့် အလမ်းလည်း အနည်းဆုံးဖြစ်သည်။ အထက်တန်းကျောင်းအောင်ပြီး ကျောင်းထွက်ကာ အလုပ် လုပ်နေသူများ လောက်ပင် လူမှုရေးဘာသာရပ်နှင့် ဘွဲ့ရသူများက လစာမကောင်းဖြစ်နေသည်။ မြို့နေလူတန်းစားများအဖို့ အချိန်များများဆင်း၊ လုပ်ခနည်းနည်းရဆိုသည့် သံသရာက လွတ်မြောက်နိုင်ကြသေးသည်တော့ မဟုတ်ပေ။

အင်ဂျင်နီယာ၊ စီးပွားရေးနှင့် သိပ္ပံဘာသာရပ်များဖြင့် ကျောင်းပြီးလာသူများမှာ အားလုံးထဲတွင် ဝင်ငွေ အကောင်းဆုံး ဖြစ်နေကြသည်။ လုပ်ငန်းတိုင်းကလည်း ထိုဘာသာရပ်များကို ဦးစားပေးခေါ်နေသောကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်လေးတွေလိုဖြစ်နေသည်။ အထူးသဖြင့် အိုင်တီပညာရှင်တွေက ပိုပြီး မျက်နှာ ပွင့်သည်။ ၂၀၁၅ ခုနှစ်ကတည်းက တရုတ်နိုင်ငံ ထိပ်တန်း အလုပ် ငါးခုတွင် အိုင်တီက ထိပ်ဆုံးတွင် နေရာယူ ထားသည်။

အစိုးရက ၂၀၂၅ ခုနှစ်ကို တရုတ်ပြည်မှာ လုပ်သည်ဆိုသည့်နှစ်ဖြစ်ရမည် (Made in China 2025) ဆိုသည့် စီမံချက်ဖြင့် လမ်းကြောင်းချပေးထားသည်။ တစ်ကမ္ဘာလုံးအတွက် ထုတ်သမျှသည် တရုတ်ကဖြစ်ရမည် ဆိုသည့် ဦးတည်ချက်များဖြင့် တရုတ်က ပညာရှင်တွေကို မွေးထုတ်နေခြင်းဖြစ်သည်။ တရုတ်က အိုင်တီသာ မဟုတ်၊ စက်ပစ္စည်းဆိုင်ရာ တီထွင်မှုမှန်သမျှကိုလည်း သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်။

တရုတ်တွေ အင်ဂျင်နီယာလမ်းကြောင်းပြောင်းသည်။ အိုင်တီကို အသည်းအသန်လိုက်နေသည်။ ဉာဏ်ရည်တု (AI) နောက်ကို တစ်ကောက်ကောက်လိုက်သည်။ တရုတ်သည် လူဦးရေ၊ ဉာဏ်စွမ်းရည်များဖြင့် ကမ္ဘာ့စက်ရုံ ကြီးတစ်ခုဖြစ်အောင် ကြံဆောင်နေသည်။ Made in China သည် ကမ္ဘာကိုသာမက ပညာလောကကိုပါ စိုးမိုး ခြိမ်းခြောက်လာတော့မည်မှာ သေချာသည်။

(Ref: Inside the world’s largest higher education boom, Katherine Stapleton)

Powered by Bullraider.com