အိမ်ရှေ့မှာ ကျောင်းကားရပ်ပြီလား

http://cdn.c.photoshelter.com/img-get/I0000DvYOCF6T1wg/s/860/860/7988A0416.jpg

(တစ်)

လူဟာ ကိုယ့်ကိုယ်ကိုယ် အများ သူငါလို လူပါပဲလို့ လက်ခံဖို့ရာ လွယ်မယ်လို့ ထင်ထားခဲ့တာ။ တ ကယ်က ခက်တယ်ခင်ဗျ။

တရုတ်နိုင်ငံရဲ့ နောက်ဆုံး ဘုရင်ဖြစ်တဲ့ ပုရီ (Pu Yi) အ ကြောင်းကို ရိုက်ထားတဲ့ ကမ္ဘာ ကျော် နောက်ဆုံးဧကရာဇ် (The Last Emperor)ဆိုတဲ့ ရုပ်ရှင်ကား ထဲမှာ ဘုရင်ပုရီ သူ့ကိုယ်သူ တခြားလူတွေနဲ့ ဘာမှ မခြားနားပါဘူးဆို တဲ့အသိ ဝင်သွားအောင်လုပ်ရ တာ အချိန်တော်တော်ယူရပါ တယ်။ ကွန်မြူနစ်အစိုးရက ပုရီ ကို ဆယ်နှစ်ခန့်လောက် ထောင် ထဲမှာ ထည့်ထားလိုက်တဲ့အခါ သွားတိုက်ဆေးကို ကိုယ့်သွားပွတ် တံထဲ ကိုယ်ညှစ်ထည့်ရတဲ့ ပုရီ၊ ကိုယ့်ဖိနပ်အစုတ် ကိုယ်ပြန်ချုပ် ရတဲ့ ပုရီ၊ ငါဟာလည်း တခြားလူ တွေနဲ့ ဘာမှ မထူးပါလားဆိုတာ ကို ဘဝင်ကျကျ နားလည်သွားခဲ့ ရပါတယ်။ ဘုရင်ဆိုတာလည်း ရေ၊ မြေ၊ လေ၊ မီးဆိုတဲ့ မဟာဘုတ် ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ သူ လိုငါလို ရုပ်အစုအဝေးကြီးပါပဲဆို တာကို နားလည်သွားခဲ့ရတာပါ။ ခန္ဓာရဲ့အတွင်းမှာရော အပြင်မှာ ပါ ငါဆိုတာ မရှိပါဘူးလို့ လက်ခံ ဖို့ဆိုတာ တော်တော့ကို ခက်တဲ့ ကိစ္စပါ။ ငါတို့က အများတကာနဲ့ တူတာမဟုတ်ဘူး။ အထူးစီမံဖော် စပ်ထုတ်လုပ်ထားတဲ့စပယ်ရှယ် လူတွေလို့ ထင်နေကြသူတွေက အများအပြားပါ။

(နှစ်)

ကျောင်းသွားတဲ့အခါ အများ သူငါနဲ့ တွဲမသွားနိုင်ဘူး။ ကျောင်း မှာ အများသူငါနဲ့ တစ်ခုံတည်း တွဲ မထိုင်နိုင်ဘူး။ သူများတွေနဲ့ငါတို့ နဲ့က မတူဘူးဆိုတဲ့ စိတ်က ရန် ကုန်လို မြို့ကြီးပြကြီးက လူတချို့ မှာ ကြီးစိုးနေတဲ့စိတ်ပါ။ ကျောင်း ကားမစီးဘဲ ကျောင်းထဲမှာ ကိုယ် ပိုင်ကားတွေနဲ့ ပြည့်နှက်နေတဲ့ ကိစ္စဟာ အဲသည့်စိတ်ကို အခြေခံ ထားတဲ့ကိစ္စပါ။

ငါတို့က အများတကာနဲ့ တွဲ စီးရတဲ့ကားနဲ့ ကျောင်းကိုမလာ ဘူး။ ကိုယ့်ကားနဲ့ကိုယ်လာတာဆို တဲ့စိတ်ကို မိဘတွေကိုယ်တိုင်က သားသမီးစိတ်ထဲ သွင်းပေးထား တာပါ။ တချို့များဆိုရင် သူက ဘာကားနဲ့၊ ငါက ဘာကားနဲ့ဆိုတဲ့ စိတ်တွေ ဝင်နေကြရုံသာမက တစ်နေ့ ကားတစ်မျိုးနဲ့လာပြသူက လာပြ၊ ကလေးကျောင်းတက်တာကို အမေက တစ်စီး၊ အစ်မက တစ်စီး၊ အဒေါ်က တစ်စီးနဲ့ ရှင်လောင်း လှည့်သလို အင်အားပြသူက ပြနဲ့ မို့ ကျောင်းထဲမှာ ကားတွေက ပြည့်သိပ်လို့။ ကျောင်းသားတစ် ယောက် မော်တော်ကားတစ်စီး။ ဘာကြောင့်များ သူငယ်ချင်းတွေ ကျောင်းကားကြီးတွေနဲ့ စုစုဝေး ဝေးပျော်ပျော်ပါးပါး မလာကြလေ သလဲလို့ ကျွန်တော် မကြာခဏ စဉ်းစားမိပါတယ်။

သြော်...ကျောင်းသွားဖော် လည်း မရှိ၊ အတန်းဖော်လည်း မထားတဲ့ ကျောင်းသူကျောင်း သားတွေကလည်း ရှိလေသတဲ့။ ငါတို့က သူများတွေနဲ့ မတူခြားနား တဲ့သူတွေဆိုတဲ့စိတ်ကို အသွင်းခံ ထားရတဲ့ ကလေးတွေပေါ့။

ဒီနေရာမှာ အမေရိကန်ရုပ် ရှင်သရုပ်ဆောင်၊ အဆိုတော်၊ ကိုယ်ဟန်ပြမယ် Zoe Kravitz ရဲ့ ကျောင်းသွားဖော် (School Friends) နဲ့ပတ်သက်တဲ့ စကားကလေးတစ်ခွန်း သတိရမိပါတယ်။

I see the human in everyone and everything. No one is more important than anyone else; I still hang out with my high school friends.

လူတိုင်းလူတိုင်း အရာရာ တိုင်းကို သူမြင်တာကတော့ ဘယ်သူကမှ အခြားတစ်ယောက်ထက် ပိုပြီး အရေးကြီးနေတယ်ဆိုတာ မရှိပါဘူးတဲ့။ အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းတွေ နဲ့ သူ အခုထိ အချိန်ဖြုန်းတုန်းပဲ တဲ့။

ပျော်စရာ ကောင်းလိုက် တာ။

(သုံး)

 ရန်ကုန်တိုင်း အစိုးရက မကြာခင်က လုပ်သွားတဲ့ အစည်း အဝေးတစ်ခုမှာ ကျောင်းကားတွေကို အဆင့်မြှင့်မယ့်အကြောင်း ဖတ်လိုက်ရပါတယ်။

နိုင်ငံတကာမှာ သုံးနေတဲ့ အဝါရောင်ဘတ်စ်ကားကြီးတွေ လိုမျိုးနဲ့ ကျောင်းသားတွေကို ပို့ဖို့ စီစဉ်နေတယ်ဆိုတော့ ကိုယ့်အိမ် မှာ ကျောင်းသားမရှိတော့ပေမယ့် လည်း ဝမ်းသာမိတာ အမှန်ပါ။ သူများနိုင်ငံတွေမှာက ကလေးအ များစုဟာ ကျောင်းကားတွေနဲ့ပဲ ကျောင်းသွားလေ့ရှိကြတာပါ။ နင်ကဘာ၊ ငါကဘာဆိုတဲ့ စိတ်မျိုး တွေကလည်း တော်တော့ကို နည်းပါးကြတာပါ။ မိဘတွေကလည်း ငါတို့က ကလေးကို ဘာကားနဲ့ လိုက်ပို့တာဆိုတဲ့ အကြွားအဝါ စိတ်နည်းပါးကြပါတယ်။

သူတို့ဆီက School Bus Songs ဆိုတဲ့ ကျောင်းကားသီချင်း ကလေးတွေ နားထောင်ဖူးပါ တယ်။ စိတ်ကို ကြည်လင်ပြီး ချမ်း မြေ့သွားလိုက်ရတာလေ။

ကျွန်တော်တို့ငယ်ငယ်က တွံတေးသိန်းတန်ရဲ့ ‘အသီးတစ် ရာအညှာတစ်ခု’ သီချင်းစာသား ထဲမှာ အခုလို ပါပါတယ်။

‘‘တို့များငယ်ငယ်တုန်းက

ရွာအဝင်လမ်းဆီကနေ

လက်ချင်းယှက်ကာ

ပြေးကာလွှားကာ

ကျောင်းတက်လာကြတွေ

မေ့နိုင်ပါ့မလား

မင်းတို့ ငါတို့

ငယ်ငယ်တုန်းကလေ’’ တဲ့။

ရွာအဝင်က စာသင်ကျောင်း ကလေးရှိရာဆီ သူငယ်ချင်းတွေ နဲ့ ကျောင်းသွားတက်ခဲ့ရတဲ့ ရက် တွေကို ကျွန်တော်ဖြင့် လွမ်းပါရဲ့။

Snare ရဲ့ ‘ငါတို့ကျောင်း’ ဆိုတဲ့ အခုခေတ် Hip Hop သီချင်းကလေးတစ်ပုဒ်ရဲ့စာသားထဲမှာ လည်း အခုလိုပါပါတယ်။

‘‘မနက်ဆို ခြောက်နာရီခွဲ

ဖယ်ရီကားကလည်း

အိမ်ရှေ့ကို ရောက်လာပြီပဲ

လွယ်အိတ်က တစ်ဖက်

ထမင်းချိုင့်က တစ်ဖက်

အိပ်ချင်မူးတူးနဲ့

ငါ ဖယ်ရီကားပေါ်တက်’’ တဲ့။ ချစ်ဖို့ကောင်းတာပါပဲ။

ကျွန်တော်တို့နိုင်ငံက ရန် ကုန်လိုမြို့ကြီးတွေရဲ့ နာမည် ကျော်ကျောင်းတွေရှိရာဆီ သား သမီးတွေကို ပို့ကြတဲ့ မိဘတွေရဲ့ စိတ်ထဲမှာ ကလေးတွေကို ကျောင်းကားနဲ့ ပို့ချင်တဲ့စိတ်တွေ ဝင်လာစေ့ချင်လိုက်တာ။

ကားဆရာကြီးတစ်ယောက် က ကိုယ်ပိုင်ကားမျိုးစုံနဲ့ ပြည့်ကျပ်နေတဲ့ ကျောင်းတစ်ကျောင်းရဲ့ မြင်ကွင်းကို ကြည့်ကာ စိတ်မရှည် ဘူးထင်ပါရဲ့။

‘‘ကားတွေသည်လောက်

ပေါနေတာပဲဥစ္စာ

ကျောင်းကိုမြို့ပြင်

ထုတ်လိုက်ပေါ့’’ တဲ့။

သြော်...ကျောင်းကားကြီး တွေနဲ့ ကျောင်းကို တပျော်တပါးသွားစေချင်လိုက်တာ။  

7 Day Daily,

Powered by Bullraider.com