နိဂုံး

နောက်ကြောင်းပြန်ပြီးတော့မှ အစကပြန်စမလို့တဲ့လား … မောလိုက်တာ

ရောက်နေတဲ့နေရာက အသစ်စပြီး အဆုံးထိရောက်အောင်သွား ခရီးတွင်တာပေါ့။

ခံစားချက်တွေ မရှိဘဲ ကတိတွေ ပေးရတယ်ဆိုတာ မရှိဘူး

ဝမ်းနည်းခြင်း မရှိဘဲ ဝမ်းသာမှုတွေချည်းသက်သက်ဆိုတာ မရှိဘူး

မိုးဆိုတာမရှိဘဲ နေဆိုတာ မရှိဘူး

ပေးထားတဲ့ကတိဆိုတာ တည်ဖို့လိုတယ်

မျက်ရည်တွေအတွက် နှစ်သိမ့်မှုလိုတယ်

ရှေ့ဆက်ရမယ့်လမ်းအတွက် အလင်းရောင်လိုတယ်

စိတ်ပျက်တယ်ဆိုတာ လမ်းခရီးအတွက် အတားအဆီးတစ်ခုပါ

အတားအဆီးကို စိတ်ပျက်လို့ ဆက်မလျှောက်ရင် အဖြောင့်လမ်းကို မတွေ့ရတော့ပါ

ကျော်လွှားမှာလား၊ ရှေ့ဆက်မှာလား၊ နောက်ဆုတ်မှာလား

အချိန်တော့ သိပ်မရဘူး

မှောင်တော့မယ်လေ အမြန်ဆုံးဖြတ်လိုက်ကြ

ဘဝမှာ အခက်အခဲတွေ အများကြီးပါ

ကိုယ်ခက်ခဲတယ်ဆိုတာထက် အခက်အခဲနဲ့ ကြုံနေရသူတွေ အများကြီးပါ

ကိုယ်ကို ချစ်အောင် လုပ်ယူလို့မရဘူး

ကိုယ့်ကို ချစ်ပါလို့လည်း အတင်းလုပ်ခိုင်းလို့ မရဘူး

ချစ်ခြင်း မုန်းခြင်းဆိုတာ တန်ဖိုးထားမှုအပေါ်မှာ မူတည်နေတာ

မချစ်ချင်တဲ့လူကို အတင်းချစ်ခိုင်းတာ အမုန်းကို ပိုပြီး ကြီးထွားစေမှာ

ချစ်လာရင် အပြစ်မမြင်တော့ဘူး

ဘယ်သူကမုန်းမုန်း ကိုယ်ချစ်တဲ့သူသာ အလှဆုံး

ချစ်ဖို့ကောင်းတဲ့သူတွေကို မမုန်းလိုက်ပါနဲ့

အစားထိုးချစ်စရာ သူကလွဲပြီး ဘယ်သူမှ မရှိရင်

သူ့ကိုသာ ပုံပြီးတော့ ချစ်လိုက်ပါ

ဝိုင်ဆိုတာ ဟောင်းလေကောင်းလေ

အချစ်ဆိုတာ ကြာလေ မရိုးလေ။

(ဒီ ကဗျာကို ဘယ်သူရေးမှန်းမသိဘူး။ Unknown လို့တွေ့ရတယ်။ ခေါင်းစဉ်က Ending လို့ ပေးထားတယ်။ ဘာကြောင့် ဒီခေါင်းစဉ်ပေးသလဲဆိုတာ ဖတ်ကြည့်မှ သိမယ်။ ဒီကဗျာကို အချစ်ကဗျာလို့ ထင်ရင်လည်း ထင်နိုင်တယ်။ ကျွန်တော်ကတော့ အချစ်ကဗျာအနေနဲ့ မခံစားမိဘူး။ စိတ်ထဲကို လာပြီးတော့ ခတ်လိုက်တဲ့ မီးတစ်ပွင့်လို့ ယူဆပြီးဖတ်လိုက်တယ်။ ဖတ်ပြီးတော့လည်း ကိုယ့်မိတ်ဆွေတွေကို ခံစားစေချင်လို့ နားလည် သလို မြန်မာမှု ပြုပေးလိုက်တယ်)

၁၂.၁၀.၂၀၁၆

Powered by Bullraider.com