သိပ္ပံတွဲသည်လည်းကောင်း၊ ဝိဇ္ဇာတွဲသည်လည်းကောင်း

http://www.peacegospel.org/wp-content/uploads/2015/05/Myanmar_SOTW5-23-15_lead_resized-636x424.jpg

ဇွန် ၁၈ ရက်ထုတ် စံတော်ချိန်နေ့စဉ်တွင် အခြေခံပညာကဏ္ဍ၌ အထက်တန်းအဆင့် နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းတို့တွင် သင်ကြားလျက်ရှိသော သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲဘာသာရပ်များအနက် မြန် မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များပါဝင်သည့် ဝိဇ္ဇာတွဲမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှုမရှိသလောက် နည်းပါးလျက်ရှိ သည်။

သို့ဖြစ်ရာ ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ကျောင်း သားမိဘများ၊ ကျောင်းသား၊ ကျောင်းသူအချို့တို့၏အမြင်တို့ကို မေးမြန်းပြီးစံတော်ချိန်တွင် (အိဟေ မာ) စုစည်းတင်ပြသည့်ဆောင်းပါးကိုဖတ်ရသောကြောင့် ယနေ့ပညာသင်ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေးဝန်ကျင်ရှိ ပညာရေးအားပြိုင်မှုများကို တွေ့မြင်လာရလေသည်။

ကျောင်းအုပ်ကြီးများ၏ ပွဲတွေ့ဒိဋ္ဌအခြေအနေများနှင့် ထင်မြင်ချက်များမှာ ပြည့်စုံနေပါသည်။ မှန်ပါ သည်။ ယခုအခါ ကျောင်းသား၊ ကျောင်းသူများရော မိဘများပါ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ ဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များပါဝင်သည့် ဝိဇ္ဇာတွဲကို စိတ်အာရုံမရှိကြတော့ပါ။ စင်စစ်ဝိဇ္ဇာတွဲ ကို ပယ်ထားသည်မဟုတ်ပါ။

သို့ပါလျက် ဝိဇ္ဇာတွဲကို စိတ်အာရုံမရှိဖြစ်နေသည်မှာ မဖြစ်သင့်၊ မဖြစ်အပ်သော ပညာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်လေသည်။ အခြေခံပညာကဏ္ဍ၌ သိပ္ပံတွဲယူသူ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဝိဇ္ဇာတွဲယူသူ ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေပါမည်။ ဒါမှပညာရေး စနစ်သည် ဟန်ချက်ညီပြီး တိုးတက်ပွားစည်နိုင်ပါမည်။

မဖြစ်သင့်၊ မဖြစ်အပ်သော အခြေအနေတစ်ရပ်ဖြစ်ပေါ် စည်ပင်နေသည်ရှိရာ ဤသည်ကိုပြန်လည်စိ စစ်သုံးသပ်ကြည့်ရပါလိမ့်မည်။ သည်လိုအခြေအနေမျိုးသို့ ဘယ်လိုအကြောင်းများကြောင့် ရောက်ရှိ လာရတာလဲ။ ကြောင်းရင်းဇစ်မြစ်ကို ရှာဖွေလေ့လာကြည့်ဖူးသည်။

ရုပ်ဝတ္ထုယဉ်ကျေးမှု တိုးတက်သောခေတ်သို့ ရောက်ရှိလာပြီဖြစ်ခြင်း၊ သိပ္ပံတွဲယူသူများသာလျှင် လစာ မြင့်သောအလုပ်များရရှိခြင်း၊ မိဘများက သားသမီးများအား ဘာသာတွဲရွေးချယ်ခွင့်မပေးဘဲ သိပ္ပံတွဲ ကိုသာယူစေခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ဝိဇ္ဇာတွဲယူလျှင် စာကိုပို၍ဖတ်ရ၊ ကျက်ရမည်။ လစာကောင်းသောအလုပ်ကိုလည်း မရနိုင်။ ကျောင်းဆရာ၊ စာရေးဝန်ထမ်းအလုပ်မျိုးသာ ရနိုင်သည် ဟူသောလွဲချော်နေသည့် အစွဲများရှိနေခြင်း၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာများ၊ ပညာရေးဆိုင် ရာပညာရှင်များနှင့် အကြီးအကဲများက ဤသို့သောလွဲချော်နေသည့် အချက်အပေါ် ဝေဖန်သုံးသပ်ပြ သော်လည် အစွဲကကာလရှည်ကြာနေပြီဖြစ်၍ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများဝိဇ္ဇာတွဲဘာ သာရပ်များ အသုံးဝင်ပုံတို့ကို အာရုံမရောက်တော့ဘဲ သိပ္ပံတွဲဘာသာရပ်များသည်သာ အဓိကကျ သည်ဟု စွဲမှတ်ထားကြခြင်း၊ ဝိဇ္ဇာတွဲဘာသာရပ်များဖြင့် တိုင်းပြည်နှင့်လူမျိုးအား အသိပညာ၊ အတွေး အခေါ်ယဉ်ကျေးမှုအနုပညာ၊ ဘာသာ၊ သာသနာတိုးတက်မြင့်မားစေခြင်း ဖြစ်စေသည်ဆိုသော အသိ အမြင်များကို မိဘနှင့်ကျောင်းသား၊ ကျောင်းသူများ ဂရုမမူဖြစ်နေကြခြင်း စသည့်လွဲချော်နေသည့်အ ဖြစ်ကို သိမြင်လာရသည်။ျ

ဤသို့သောအခြေအနေသည် ကာလသုံးပါးစလုံးအတွက် ပညာရေးကို အနှောင့်အယှက်ဖြစ်နေမည် ထင်သည်။ သိပ္ပံတွဲကျောင်းသား၊ ကျောင်းသူများနှင့် ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူများသည် ဆတူ မရှိလင့်ကစား သုံးပုံတစ်ပုံလောက်တော့ မရှိမဖြစ်ရှိရမည်။ ဒါကလိုအပ်သောအချိုးဖြစ်သည်။ ယခု လက်ရှိအချိန်ကာလ၌ တာဝန်ယူဆောင်ရွက်နေကြသော ပညာရေးဝန်ထမ်းများ အငြိမ်းစားယူကြလျှင် ဝိဇ္ဇာတွဲဘာသာရပ်ဆိုင်ရာ ပညာရေးဝန်ထမ်း (ပညာရှင်နှင့် ဆရာ၊ ဆရာမများ) အစားထိုးရမည်ဖြစ်ရာ မျိုးဆက်သစ်လူငယ် ဝိဇ္ဇာပညာရှင်များက ဆက်လက်တာဝန်ယူကြရပါမည်။ ထိုပညာရှင်များ ရှားပါး လာမည်မှာ သေချာနေသည်။

တစ်နှစ်၌ မိတ်ဆွေကျူရှင်ကျောင်းဆရာတစ်ဦးက စာရေးသူအား သူ၏ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးရေးသားထားသော ‘ကဆုန်ညောင်ရေသွန်းပွဲအကြောင်း’ စာစီစာကုံး ၃၅ ပုဒ်ကို ဆုပေးပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယ စိစစ်ရွေးချယ်ပေးရန် တာဝန်ပေးလေသည်။ စာစီစာကုံးအားလုံး တက္ကသိုလ် ဝင်တန်းစာစီစာကုံးအဆင့်မရှိဖြစ်နေသည်ကို တွေ့ရှိရလေသည်။ စံထားအပ်သောအဆင့်မမီပါဘဲ လျက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုတို့အတွက် ရွေးချယ်ပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်ခဲ့ ရလေသည်။

ကျောင်းသား၊ ကျောင်းသူများကား မြန်မာစာကို မြန်မာလိုမရေးတတ်ကြသေးပါ။ ထိုအကြောင်း မိတ်ဆွေကျူရှင် ကျောင်းဆရာကိုတော့ ပြောပြလိုက်သည်။ ကျောင်းသား၊ ကျောင်းသူများ အခြေခံမ ကောင်းခဲ့ကြောင်း၊ သဒ္ဒါကိုယေဘုယျသဘောမျှသာ သင်ခဲ့ကြရကြောင်း မိတ်ဆွေကျူရှင်ကျောင်းဆ ရာက ရှင်းပြလေသည်။ သူရှင်းပြသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးအခြေခံ အားနည်းကြသည်။ အင်္ဂလိပ်စာမှာရော မြန်မာစာမှာပါ သဒ္ဒါမနိုင်ကြပါ။ ဒါလည်းသူတို့မှာ အပြစ်မရှိ၊ အသက်ငါးနှစ်မပြည့်သေး၊ မူကြိုသို့တက်ကြရပြီ မူလတန်း၊ အလယ်တန်း၊ အထက်တန်းရောက်ပြန် တော့ ကျူရှင်၊ ဂိုက်၊ စာသင်ဝိုင်း စသည်တို့မှာ အချိန်လု၍ သင်ကြားနေလေရကား ဘယ်ဆရာ၊ ဆရာမ သဒ္ဒါကိုအချိန်ပေးပြီး သင်ပြနိုင်မှာလဲ။ ယူထားသောဘာသာတွဲက သိပ္ပံတွဲဖြစ်နေပြန်တော့ စာ တတ်ဖို့ထက် စာမေးပွဲအောင်ဖို့၊ ‘ဒီ’ ထွက်ဖို့၊ ‘အောဒီ’ ရဖို့ (အမှတ်ကောင်းရဖို့) ကိုဦးစားပေးနေကြရ သည်။

သည်လို အခြေအနေဖြစ်လာသည်မှာ ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူများ မရှိသလောက် လျော့ နည်းနေသည့်အကြောင်းကြောင့်ဟုလည်း မှတ်ယူနိုင်ပါသည်။ ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူများမှာ ပုံသေနည်းတွေ၊ ဖော်မြူလာတွေ၊ သီဝရီတွေ မကျက်ရဘဲ စာကြေဖို့အကြောင်းအရာကို နားလည်ဖို့ အထူးသဖြင့် ပြန်လည်ရေးသားတင်ပြတတ်ဖို့သည်သာ အဓိကကျသည်။ ထို့ကြောင့် ရှားပါးနေသော ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူများ အရေးပေါ်အစီအစဉ်ဖြင့် မွေးထုတ်ရမည့် အခြေအနေရှိနေ သည်။ ပညာရေးတွင် ဤအချက်ကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

ဝိဇ္ဇာဘွဲ့ရများအား ထိုက်တန်သောအလုပ်၊ အဆင့်မြင့်သောနေရာများ ဖန်တီးပေးရပါမည်။ မိဘများက လည်း မိမိတို့၏ သြဇာလွှမ်းမိုးချုပ်ချယ်ခြင်း အလွဲစေတနာများကို ဦးစားမပေးဘဲ ပညာရေးတွင် သား သမီးများ၏ ဗီဇနှင့်စရိုက်အလိုကျဖြစ်စေရန် မှန်ကန်စွာ ပံ့ပိုးပေးကြရပါမည်။ ယခုအတိုင်းရှိနေဦးမည် ဆိုလျှင် သားသမီးကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမဟုတ်ဘဲ မိဘများ၏ပညာရေးဖြစ်နေပါ သည်။

စာရေးသူတို့ ကျောင်းနေစဉ် (၁၉၅၀ ပြည့်နှစ်) က ပညာရေးမှာ မိဘများက ပါဝင်စွက်ဖက်ခြင်းမရှိခဲ့ပါ။ ကျောင်းမှန်မှန်တက်ဖို့ကိုသာ မိဘများက ဂရုစိုက်သည်။ သိပ္ပံ၊ ဝိဇ္ဇာမခွဲဘဲ သင်ကြရသည်။ ဆရာကြီး ဦးဘိုးထို၏ အထွေထွေသိပ္ပံကိုစံထားသည်။ ဒေါင်းတံဆိပ် ဖတ်စာအုပ်တွေရှိသေးသည်။ လောကီထု ပ္ပတ် လူတို့ဇာတ်သင်ရသည်။ ဦးသြဘာသ၏ တေမိယ၊ မဟောသဓာ၊ ဝေဿန္တရာဇာတ်၊ မင်္ဂလသုတ်၊ ဓမ္မစကြာသုတ်၊ မိတ္တဗလဋီကာ၊ ပြည်ထောင်စုပန်းတိုင်၊ လူထုအောင်သံ၊ ပန်းသာမစာဥ၊ တပ်ထဲက မြတ်ကိုကို၊ Burmese Folk Tales, Thirty Burmese Tales, The Golden Gate အားလုံးသင်ရ သည်။ ပထဝီဘာသာသင်ရင်း မြန်မာ ပြည်မြေပုံ၊ ကမ္ဘာ့မြေပုံ အလွတ်ရေးဆွဲနိုင်သည်။ အင်္ဂလိပ်သဒ္ဒါ၊ မြန်မာသဒ္ဒါသင်ရသည်။ ပန်းချီအခြေခံပညာသင်ရသည်။ ဘောလုံးကန်ရသည်။ ဘော်လီဘောကစား ရသည်။ သိပ္ပံ၊ ဝိဇ္ဇာမခွဲဘဲ သင်ကြားခဲ့စဉ်က ပညာရေးအမှတ်တရများ ဖြစ်ပါသည်။

သူ့ခေတ်၊ သူ့အခါအရ သိပ္ပံ၊ ဝိဇ္ဇာခွဲ၍ သင်ကြားရသည်မှာ အကြောင်းမဟုတ်ပါ။ သိပ္ပံတွဲဘာသာရပ် များကိုသာ အဓိကဟုမှတ်ထင်နေကြသည်မှာ အကြောင်းဖြစ်နေသည်။ ပညာရေးအသိအားနည်းနေပြီ ထင်၏။ ခေတ်နှင့်အညီ ထိန်းမတ်ပေးရန် အားလုံးမှာ တာဝန်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို မှန်ကန်သောပညာရေးအသိဖြင့် ပံ့ပိုးပေးရပါမည်။ ဘယ်လမ်းကသွားသွား ပန်းတိုင်သို့ ရောက်နိုင်ပေသည်။ ဆရာဝန်စိတ်ရှိမှ ဆရာဝန်လုပ်ပါစေ၊ ကျောင်းဆရာစိတ်ရှိမှ ကျောင်းဆရာလုပ်ပါ စေ။ သူတို့ကိုယ်ပိုင်အတွေးပုံရိပ်ကို ဖော်ကျူးတည်ဆောက်စေချင်သည်။ သိပ္ပံတွဲသည်လည်းကောင်း၊ ဝိဇ္ဇာတွဲသည်လည်းကောင်း တိုင်းပြည်နှင့်လူမျိုးအတွက် လိုအပ်သောပညာရပ်များ ဖြစ်ပါကြောင်းရေး သားလိုက်ရပါသည်။

စံတော်ချိန်သတင်းစာ

ဇွန်လ (၂၅) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com