အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲာကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူ မောင်ဂျူလိုင်မိုးနှင့် တွေ့ဆုံခြင်း

https://carolslearningcurve.files.wordpress.com/2015/03/img_0258.jpg?w=604

မေး။    ။ ညီလေးနာမည်နဲ့ နေတဲ့မြို့နယ်လေး အရင်ပြောပေးပါ။

ဖြေ။    ။ ကျွန်တော့်နာမည်ကတော့ မောင်ဂျူလိုင်မိုးပါ။ ထောက်ကြန့်မှာနေတာပါ။

မေး။    ။ အခုအင်းစိန်ထောင်မှာ စာသင်ပြီး စာမေးပွဲကို ညီလေးအပါအဝင် ဘယ်နှယောက်ဝင်ရောက် ဖြေဆိုပြီးဘယ်နှယောက်လောက် အောင်မြင်ခဲ့လဲ။

ဖြေ။    ။ စုစုပေါင်းဖြေတာက ဒီနှစ်မှာ ၁၇ ယောက် ဖြေတယ်။ ခုနှစ်ယောက်အောင်တယ်။ မနှစ်က တော့ နှစ်ယောက်ပဲအောင်တာ။ ဒီနှစ်အောင်ချက်ကောင်းတယ်။

မေး။    ။ ထောင်ကျနေတာဆိုတော့ ဒီလိုတက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့ ထောင်ထဲမှာဘယ်လိုကြိုး စားခဲ့ရလဲ။

ဖြေ။    ။ ကျွန်တော်အပြင်မှာသာနေမယ်ဆိုရင် ၁၀ တန်းအောင်မှာလဲ မဟုတ်ဘူး။ အောင်ဖို့လဲ ကြိုး စားမိမှာ မဟုတ်ဘူး။ အပြင်မှာဖြေတာက သုံးနှစ်ရှိပြီ။ အခုလေးနှစ်မြောက်ဖြေမှပဲ အောင်တာပါ။ ဒီမှာ ကအချိန်ပြည့်နီးပါး စာကျက်ချိန်ရတယ်။ ထောင်ကတာဝန်ရှိတဲ့သူတွေကလဲ လိုအပ်တဲ့အစစအရာရာ အကူအညီပေးပါတယ်။ ဒီမှာက ညနေ ၅ နာရီခွဲကနေ ည ၁၁ နာရီအထိ စာကျက်တယ်။ မနက်ဆို ၅ နာရီခွဲကနေ မနက် ၇ နာရီအထိ စာကျက်ပြီး ၇ နာရီခွဲကျရင် ထောင်မှာဖွင့်ထားတဲ့ကျောင်းသွားတက် ရတယ်။ အင်းစိန် အထက(၁)က ဆရာ၊ ဆရာမတွေက လာရောက်သင်ကြားပေးပါတယ်။

မေး။    ။ ထောင်ထဲမှာ စာသင်စာကျက်ရတယ်ဆိုတော့ ဘယ်လိုအဆောင်မပြေမှု၊ အခက်အခဲတွေ များရှိရင် ပြောပြပေးပါဦး။

ဖြေ။    ။ ဘယ်လိုအခက်အခဲမျိုးမှ ကြီးကြီးမားမားမရှိပါဘူး။ ထောင်တာဝန်ရှိသူတွေက ကျွန်တော်တို့ လိုစာမေးပွဲဖြေဆိုမယ့်သူတွေကို စာပဲအဓိကထား လုပ်ခိုင်းတာပါ။ လိုအပ်တဲ့ကိစ္စအဝဝကို ထောင်က တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးပါတယ်။

မေး။    ။ ဘယ်အမှုနဲ့ ပြစ်ဒဏ်ဘယ်လောက်ကျခဲ့လဲဆိုတာလေး ပြောပြပေးပါ။

ဖြေ။    ။ ကျွန်တော် က ဆေးမှုနဲ့ထောင်ခုနှစ်ကျတာပါ။ အခုဆို သုံးနှစ်ကျော်ပါပြီ။ လွတ်ငြိမ်းချမ်းသာ ခွင့်ကနှစ်နှစ်ကျော်လောက် ရထားပါတယ်။

မေး။    ။ အင်းစိန်ထောင်ထဲမှာ ညီလေးတို့လို အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံမှု အခြေအနေလေး ပြောပြပေးပါ။

ဖြေ။    ။ ထောင်ထဲမှာ ရုပ်ရှင်တွေထဲကလို ညှဉ်းပန်းနှိပ်စက်မှုမျိုးတွေ မရှိပါဘူး။ ထောင်ထဲစရောက် တော့အဲဒီလိုမျိုးတွေများ ရှိမလားလို့ကြောက်သေးတယ်။ ဒါပေမဲ့အခုလက်တွေ့မှာတော့ တခြားစီပဲ။ ထောင်ဝန်ထမ်းတွေရဲ့ ကူညီစောင့်ရှောက်မှုတွေ၊ ထောင်သားအချင်းချင်း ဖေးမစောင့်ရှောက်မှုတွေ အများကြီးရတယ်။ ဒီထဲမှာက လူဆိုး၊ လူမိုက်တွေတင်မဟုတ်ဘူး လူတော်လူကောင်းနဲ့ ခေတ်ပညာ တတ်၊ နိုင်ငံခြားကဘွဲ့တွေ ယူထားတဲ့သူတွေလဲ အများကြီးပါ။ ကျွန်တော့်ကို ဆယ်တန်းအောင်ဖို့အ တွက် အဘက်ဘက်ကကူညီဖေးမကြတဲ့ ထောင်ဝန်ထမ်းတွေ၊ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။

Democracy Today Daily

ဇွန်လ (၂၂) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com