ငါးဘာသာဂုဏ်ထူးရှင် မောင်ဟိန်းထက်အောင်နှင့် ခဏတာတွေ့ဆုံမေးမြန်းခြင်း

http://jobseekersptc.org/wp-content/uploads/2013/04/Interview.jpg

မေး။    ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်-၁ ရရှိခဲ့တဲ့အတွက် မောင်လေးရဲ့ပီတိစကားသံ လေးပြောပေးပါ။

ဖြေ။    ။ ဟုတ်ကဲ့။ အခုလို အဆင့်-၁ ဝင်တဲ့အတွက် အရမ်းပျော်ပါတယ်။ ကြိုးစားရကျိုးလဲ နပ်ပါ တယ်။ ကျေလဲကျေနပ်တယ်။ ဝင်မယ်လို့တော့ မမျှော်လင့်ထားမိပေမယ့် ခုလိုဝင်သွားခဲ့တော့ အရမ်း ပျော်တယ်။ ကျေနပ်တယ်။ မိဘတွေကလဲ အရမ်းကျေနပ်ပါတယ်။

မေး။    ။ ခုလိုမျိုး အောင်မြင်ဖို့အတွက် ဘယ်လောက်ထိကြိုးစားခဲ့ရလဲ။ စိတ်ထဲမှာရော ဘယ်လိုမျိုး တွေးပြီးကြိုးစားဖြေခဲ့ရပုံကိုလဲ မောင်လေးပြောပြပေးပါ။ျ

ဖြေ။    ။ အရင်အတန်းတွေမှာ ပုံမှန်စာလုပ်ပုံမှန်စာကျက်ခဲ့တာပါ။ ၁၀ တန်းနှစ်ရောက်မှပိုပြီး ကြိုးစား အားထုတ်ခဲ့တာပါ။ ကျွန်တော်ကပဲခူးကနေ ကမာရွတ် အ.ထ.က (၅) ကို မိဘတွေရဲ့ အစီအစဉ် ကြောင့် ပြောင်းတက်ခဲ့တယ်။ အခုဆိုအဆင့်-၁ ဝင်လို့အရမ်းပျော်တယ်။ ဒီလိုဖြစ်ရမယ်။ ဖြစ်ပါစေဆို ပြီးတော့ ကြိုးစားခဲ့တာတော့မဟုတ်ဘူး။ မျှော်လဲမမျှော်လင့်ခဲ့မိပါဘူး။ ကိုယ်တက်ချင်တဲ့ကျောင်းကို တက်နိုင်အောင်နဲ့ အမှတ်များများရဖို့ကိုပဲ တွေးပြီးတော့ ဖြေဆိုခဲ့တယ်။ ကြိုးစားခဲ့တယ်။ ပဲခူးက ကျောင်းပြောင်းလာတာဖြစ်လို့ ကမာရွတ်ထဲက ဒေါ်နှင်းဝေပညာရေးမိသားစု ဘော်ဒါဆောင်မှာတက်ခဲ့ တာပါ။ အိပ်ချိန်နဲ့စားချိန်ကလွဲရင် စာကျက်ချိန်တွေများပါတယ်။ အချိန်မှန်မှန် စာကျက်စာလုပ်ခဲ့လို့ ခုလိုမျိုး အဆင့်ဝင်ခဲ့တာပါ။

မေး။    ။ ဘာသာရပ်တွေထဲမှာက ဘယ်ဘာသာကို ပိုအားသာလဲ။ အားနည်းတယ်လို့ထင်တဲ့ ဘာသာ ရပ်ရောရှိလား။ စာမေးပွဲဖြေချိန်မှာရော စိတ်ဖိစီးမှုဖြစ်ခဲ့တာမျိုးရှိလား။

ဖြေ။    ။ ကျွန်တော်အားသာတာက ဘောဂဗေဒဘာသာရပ်ဖြစ်ပြီး အားနည်းတယ်လို့ထင်တာက အင်္ဂ လိပ်စာပါ။ စာမေးပွဲဖြေရက်မှာတော့ စိတ်ဖိစီးမှု လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုရင် တစ်နှစ်ပတ်လုံးစာ တွေကို ပုံမှန်လုပ်ခဲ့တာကြောင့်ပါ။ ကြိုးစားခဲ့တဲ့အတွက် စာမေးပွဲရက်မှာ စာအကုန်လုံးရပြီးသားဖြစ်နေ တော့ စိတ်ဖိစီးမှုလဲ မရှိဘူး။ စိုးရိမ်စိတ်လဲ မထားခဲ့ဘူး။ အမှားမပါအောင်လဲ လုပ်နိုင်ခဲ့တယ်။

မေး။    ။ ဘယ်တက္ကသိုလ်ကိုတက်ဖို့ ရွေးချယ်ထားလဲ။ ရွေးချယ်မှုက မောင်လေးရဲ့ ဝါသနာနဲ့ကိုက်ညီ တာကိုရွေးချယ်ခဲ့တာလား။

ဖြေ။    ။ ကျွန်တော်က YTU ကိုပဲဆက်တက်ဖြစ်မယ်။ ကျွန်တော်က IQ ဝါသနာပါတယ်။ ရည်ရွယ် ချက်က IQ ပညာရှင်ကြီးဖြစ်ချင်တယ်။ ဒါ့ကြောင့်အခုလိုမျိုးကြိုးစားဖြေဆိုခဲ့တာဖြစ်တယ်။ ဒုတိယဦး စားပေးကိုတော့ မပြောတတ်ဘူး။ IQ ပညာရှင်ကြီးဖြစ်ချင်တာပဲ သိတယ်။

မေး။    ။ မောင်လေးကို သင်ကြားပေးခဲ့တဲ့ဆရာ၊ ဆရာမတွေကိုရော မောင်လေးအနေနဲ့ ဘာများပြော ချင်သေးလဲ။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ခုလိုကျွန်တော်အဆင့်-၁ ဖြစ်ခဲ့တာဟာ ဆရာ၊ ဆရာမတွေ အကုန်လုံးရဲ့ သင် ကြားမှုတွေကြောင့်လဲပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုလဲပါတယ်။ ဒါ့ကြောင့်ဆရာ၊ ဆရာမတွေကိုလဲ အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပိုင်းကိုလဲ ကျွန်တော့်ရဲ့ရည်ရွယ်ချက်တွေ အ ကောင်အထည်ဖော်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။

Democracy Today Daily

ဇွန်လ (၁၄) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com