တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့် (၃) ရရှိခဲ့သော မယွန်းမီမီထက်နှင့် တွေ့ဆုံခြင်း

http://www.irishjobs.ie/careeradvice/wp-content/uploads/step_2_prepare_interviews-403x261.jpg

မေး။    ။ (ဝိပ္ပံ) ဘာသာတွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအဆင့်ရရှိပြီး ငါးဘာသာဂုဏ်ထူး နဲ့ အောင်မြင်ခဲ့မှုအပေါ် ဘယ်လိုများခံစားမိပါသလဲ။

ဖြေ။    ။ (ဝိပ္ပံ) ဘာသာရပ်နဲ့ တစ်နိုင်ငံလုံးအဆင့် (၃) ရမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ ဘာသာစုံ ဂုဏ်ထူးကိုပဲအဓိက မျှော်လင့်ထားတာပါ။ ရရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီးတော့လည်း ကြိုးစားဖြေ ဆိုခဲ့ပါတယ်။ အောင်စာရင်းထွက်လာတော့ ငါးဘာသာလဲဆိုရော ကိုယ့်ရည်မှန်းချက်မပြည့်ဝလို့ သမီး အိပ်ရာထဲမှာ ငိုပဲနေတော့တယ်။ ကျောင်းကဆရာမတွေကသိတော့ သမီးကဂုဏ်ထူးငါးဘာသာထဲဆို ပေမယ့် (ဝိပ္ပံ) ဘာသာတွဲမှာ တစ်နိုင်ငံလုံးအဆင့် (၃) နဲ့ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့တာဖြစ်လို့ ဂုဏ်ယူရမယ်လို့ အားပေးစကားပြောမှ သမီးပြန်ဝမ်းသာခဲ့ရပါတယ်။

မေး။    ။ ရရှိခဲ့တဲ့ အခြေအနေပေါ်မှာရော စိတ်ကျေနပ်မှုရှိရဲ့လား။

ဖြေ။    ။ ကိုယ်ကတော့ အထူးကြိုးစားခဲ့တာပေါ့။ တကယ်တော့ အောင်မြင်မှုဆိုတာကလည်း ကိုယ့်အ ရည်အချင်းနဲ့ ညီမျှတဲ့ အခြေအနေပေါ်မှာပဲ တည်ရှိနေမယ်ဆိုတာ နားလည်ပါတယ်။ အခုရရှိတဲ့ အောင်မြင်မှုကို သမီးကျေနပ်ပါတယ်။

မေး။    ။ အခုလိုအောင်မြင်မှုမျိုးရရှိဖို့ ဘယ်လိုများကြိုးစားခဲ့ရလဲ။

ဖြေ။    ။ သမီးကစာကျက်ရင် ဘာသာရပ်တိုင်းကို အချိန်သတ်မှတ်ပြီး ကျက်ပါတယ်။ တစ်နေ့စာ တစ်နေ့ပြီးအောင်လုပ်တယ်။ အားနည်းတဲ့ ဘာသာရပ်မျိုးကို အလေးအနက်ထားပြီး ကြိုးစားတယ်။ သမီးတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးက စာမေးပွဲနီးတော့ (၁၀) တန်းဖြေမယ့်သူတွေထဲမှာ ဂုဏ် ထူးရနိုင်တဲ့သူတွေနဲ့ သာမန်အောင်နိုင်သူ ကျောင်းသား၊ ကျောင်းသူအားလုံးဖြေဆိုမယ့်သူတွေကိုပေါ့။ ကျောင်းအချိန်ပို/ကျောင်းစာကျက်ဝိုင်းတွေ စနစ်တကျစီစဉ်ပေးတယ် ကြပ်မတ်ပေးတယ် သေသေ ချာချာ ဂရုတစိုက်ဆောင်ရွက်ပေးခဲ့တော့ အခုဆိုသမီးရဲ့အောင်မြင်မှုတင်မကဘူး။ ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံးမှာ အောင်ချက် ၈၀ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ဒုတိယအကောင်းဆုံးဆုကိုပါ သမီးတို့ ကြံခင်း-အထကကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်လှိုင်ကပါ ရရှိလိုက်ပါပြီ။

မေး။    ။ အတန်းတိုင်းမှာ ထူးချွန်မှုရှိရင် ပြောပြပါလား။

ဖြေ။    ။ သမီးက သူငယ်တန်းကနေ ခြောက်တန်းအထိ နှစ်စဉ်ပထမရတယ်။ ခုနှစ်တန်းနဲ့ ရှစ်တန်း မှာ ဒုတိယ၊ ကိုးတန်းနဲ့ အခုတက္ကသိုလ်ဝင်တန်းမှာ ပထမပါ။ ဒီနှစ်ဒသမတန်း လူရည်ချွန်ပါရရှိခဲ့လို့ ငွေဆောင်အပန်းဖြေစခန်းရောက်ခဲ့ပါသေးတယ်။

မေး။    ။ ဘဝအတွက်ရော ဘယ်လိုရည်မှန်းချက်မျိုးတွေရှိထားလဲ။

ဖြေ။    ။ သမီး အင်ဂျင်နီယာဖြစ်ချင်တယ်။ မြန်မာပညာတတ်တစ်ဦးအဖြစ်နဲ့ နိုင်ငံခြားမှာ အလုပ်လုပ် ချင်တယ်။ ပြီးတော့ ကိုယ့်မိဘ၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံကိုပါ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။

မေး။    ။ ဒီနှစ် (၁၀) တန်းဖြေဆိုကြမယ့် မောင်လေး၊ ညီမလေးတွေအတွက် ဘယ်လိုသတင်းစကား လက်ဆောင် ပါးချင်သလဲ။

ဖြေ။    ။ နှစ်စကတည်းက ဖြေဆိုတဲ့အချိန်ထိ စာကျက်ချိန်ကို စနစ်တကျပြင်ဆင်ပြီး ဆောင်ရွက်ပါ။ ကျောင်းမှာ အပတ်စဉ်လစဉ်စာမေးပွဲတွေမှာ မေးသမျှကိုအကုန်ဖြေဆိုပါ။ အားနည်းတဲ့ဘာသာမျိုးရှိ ရင်လည်း အထူးဂရုစိုက်ပြီး မရှင်းတာရှိရင် ဆရာ့ကိုမေးပါ။ ကျောင်းစာကလွဲပြီး တခြားဘာကိုမှ အာရုံ မစိုက်စေချင်ဘူး။ ဘာသာရေးကိုလည်း လိုက်စားပါလို့။

Democracy Today Daily

ဇွန်လ (၁၆) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com