ဝိဇ္ဇာဘာသာတွဲတွင် အဆင့် (၇) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်မှ မခိုင်ဇာအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

http://jobseekersptc.org/wp-content/uploads/2013/04/Interview.jpg

မေး။    ။ ညီမခုလိုဂုဏ်ထူးတွေနဲ့အတူ နိုင်ငံအဆင့်လဲဝင်အောင် ကြိုးစားခဲ့ရပုံလေးတွေကို ပြောပြပေး ပါ။

ဖြေ။    ။ ညီမကဆယ်တန်းကို အဆောင်နေပြီးတော့ သွားတက်ဖြစ်ခဲ့ပါတယ်။ အဆောင်မှာ ကျူရှင်က ဂိုက်နဲ့ မနက် ၇ နာရီကနေ ၈ နာရီအထိ စာကျက်တယ်။ ညနေပိုင်းက ၅ နာရီကနေ ၆ နာရီအထိ စာ ကျက်တယ်။ ညဘက်ကျတော့ ၇ နာရီကနေ ၁၁ နာရီအထိ စာကျက်ပါတယ်။ အဲဒီလိုပုံမှန်အတိုင်း ကျက်သွားပါတယ်။ ကြိုးတော့ကြိုးစားခဲ့ရတာပဲ။ ဖိအားတော့အနည်းနဲ့အများ ဝင်တာတော့ရှိခဲ့တယ်။

မေး။    ။ စာတွေကိုလေ့လာသင်ယူတဲ့အခါ၊ ကျက်မှတ်တဲ့အခါ ဘယ်ဘာသာရပ်တွေက ညီမအတွက် အခက်အခဲရှိခဲ့လဲ။

ဖြေ။    ။ ရှိပါတယ်။ အင်္ဂလိပ်စာပါ။ ဂုဏ်ထူးထွက်တဲ့အထဲမှာလဲ အင်္ဂလိပ်စာမပါပါဘူး။ နားမလည်တာ တွေကို ဆရာတွေကိုမေးရင်းနဲ့ပဲ အင်္ဂလိပ်စာမလိုက်နိုင်တာကို ဖြေရှင်းရပါတယ်။ အဓိကကတော့ ဆရာတွေရဲ့ သင်ကြားပြသမှုကောင်းလို့ပါ။

မေး။    ။ ညီမအခုလို ဂုဏ်ထူးတွေနဲ့ အောင်မြင်သွားပြီဆိုတာတော့ ဘယ်တက္ကသိုလ်ကိုတက်မလဲ။ ညီမရည်မှန်းချက်ကဘာလဲ။

ဖြေ။    ။ ညီမအခုတက်မှာက ဘီအီးဒီဆက်တက်မှာပါ။ ညီမရည်မှန်းချက်က ဆရာမတစ်ယောက်ဖြစ် ဖို့ပါ။ ဆရာတစ်ယောက်ဖြစ်ရင် ကျတဲ့နေရာမှာ တာဝန်ထမ်းဆောင်မှာပါ။ ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်နေရာကိုယ့်ဒေသမှာ ဆရာမတစ်ယောက်ပြန်လုပ်ချင်ပါတယ်။

မေး။    ။ မိဘတွေက ဘယ်လုပံ့ပိုးမှုတွေလုပ်ပေးခဲ့လဲ။

ဖြေ။    ။ မိဘတွေက လယ်ယာလုပ်ငန်းလုပ်တဲ့သူတွေပဲ။ ဒီလိုပဲ လယ်ယာလုပ်ရင်းနဲ့ပဲ ညီမကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဆက်ပြီးတက်မယ့် တက္ကသိုလ်တွေအတွက်လဲ မိဘတွေကရအောင် တားမယ်ဆိုပြီးပြောထားပါတယ်။ တက္ကသိုလ်ပြီးအောင်ထားပေးနိုင်အောင် ကြိုးစားမယ်ဆိုပြီး မိဘတွေ ကတွန်းအားပေးထားပါတယ်။ ညီမကလဲ ညီမတို့ဒေသက တောသူတောင်သားတွေများတယ်။ စာပေ ဗဟုသုတနည်းလို့ သူတို့ကိုစာသင်ပေးရမယ့်သူတစ်ယောက် ဖြစ်ရမယ်လို့ဆုံးဖြတ်ထားပါတယ်။ ဝါသနာလဲပါလို့ပါ။

မေး။    ။ ညီမကမိဘနဲ့ခွဲပြီး ကျောင်းသွားတက်ဖြစ်တာက ဘာဖြစ်လို့လဲ။ ညီမတို့ဒေသမှာ အထက် တန်းကျောင်းမရှိလို့လား။

ဖြေ။    ။ ညီမတို့ရွာမှာက အထက်တန်းကျောင်းမရှိဘူး။ ပြီးတော့ကျုံပျော်က ညီမတို့ဒေသထက် ပညာ ရေးကပိုကောင်းတယ်။ ညီမတို့နေတဲ့နေရာနဲ့ကျောင်းက နှစ်မိုင်လောက်ဝေးတော့ အဲ့ဒီမှာသွားတက် ဖြစ်တာပါ။ ကျူရှင်ကတော့ ယောနသံကျူရှင်မှာတက်ဖြစ်ခဲ့ပါတယ်။

မေး။    ။ ညီမအနေနဲ့ကိုယ်ကြိုးစားခဲ့ရတာနဲ့ ရလဒ်က ကိုက်ညီမှုရောရှိရဲ့လား။

ဖြေ။    ။ ဟုတ်ကဲ့ရှိပါတယ်။ ကျေလဲကျေနပ်ပါတယ်။ ဒီနှစ်မှာဆယ်တန်းဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိဘတွေရဲ့ကျေးဇူးကိုဆပ်နိုင်ဖို့ ကိုယ့်ဘဝအောင်မြင်ဖို့အတွက် စာကိုကြိုးစား ကြပါလို့ ပြောချင်ပါတယ်။

Democracy Today Daily

ဇွန်လ (၁၆) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com