ငါးဘာသာဂုဏ်ထူးရှင် မချိုသဲပိုက်ပိုက်နှင့် ခဏတာတွေ့ဆုံမေးမြန်းခြင်း

http://www.graduatejobsouth.co.uk/cms/site/images/telephone-interview1.jpg

မေး။    ။ အခုလိုမျိုး အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ရပုံလေးကို ပြောပြပေးပါဦးညီမလေး။

ဖြေ။    ။ ညီမလေးက ခြောက်တန်းလောက်အထိ သာမန်အဆင့်လောက်ပဲ ကြိုးစားခဲ့တယ်။ ကျက် မှတ်ခဲ့တယ်။ ခုနှစ်တန်းလောက်ကစပြီးတော့မှ ပိုပြီးထိထိမိမိကြိုးစားခဲ့တာပါ။ တခြားသူတွေနဲ့လဲ ပညာရေးအပိုင်းကို ယှဉ်ပြိုင်ချင်စိတ်တွေဖြစ်လာတယ်။ ၁၀ တန်းအတွက်ကိုတော့ ကိုတန်းပြီးဆုံးတဲ့ နွေရာသီကတည်းက သင်ခဲ့တယ်။ ကျောင်းလဲဖွင့်ရော အားလုံးအဆင့်သင့်ဖြစ်နေပြီ။ ကျူရှင်ကိုလဲ ဘာသာစုံဝိုင်းတစ်ခုပဲ တက်ခဲ့တယ်။ ကျန်တဲ့ဂိုက်တွေ၊ ဘာတွေမတက်ခဲ့ဘူး။ ဒါပေမဲ့ညီမ အသိတစ်ခု ရလိုက်တယ်။ အဲဒါက ပညာကြိုးစားမှသာလျှင် ကိုယ့်အတွက်ထွက်ပေါက်တစ်ခု ဖြစ်လာမယ်ဆိုတာ သိခဲ့တယ်။ ဒါ့ကြောင့်ဖိဖိစီးစီးနဲ့ ကြိုးစားခဲ့တယ်။

မေး။    ။ အခုလို အဆင့်-၄ ဝင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာလား။ ဒါမှမဟုတ် ဘယ်လိုစိတ်မျိုးနဲ့ ကြိုးစားခဲ့တာလဲ။ အခုလို အဆင့်-၄ ဝင်ခဲ့တဲ့အပေါ်ရော ကျေနပ်လား။

ဖြေ။    ။ အဆင့်-၄ ဝင်ရမယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားခဲ့တာမဟုတ်ဘူး။ အကောင်းဆုံးဖြစ် ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တယ်။ အစကတည်းကလဲ အမှတ်ငါးရာကျော် ရရမယ်ဆိုပြီး ရည်ရွယ်ထား တယ်။ ဒါပေမဲ့အခုလို မမျှော်လင့်ဘဲရရှိခဲ့တော့ ဝမ်းသာတယ်။ မိဘတွေကလဲ အတိုင်းမသိဝမ်းသာ ပျော်ရွှင်ခဲ့ရတယ်။ နောက်တစ်ခုက ညီမတို့ကျောင်းကပဲ တစ်နိုင်ငံလုံးအဆင့် ဝိပ္ပံတွဲမှာ TOP TEN နှစ် ယောက်ဝင်ခဲ့လို့ ပိုပြီးပျော်မိပါတယ်။ ညီမက ပြည့်စုံတဲ့သူတော့မဟုတ်ပေမယ့် ကိုယ့်ကြိုးစားမှုအလိုက် သင့်လျော်တဲ့အောင်မြင်မှုပြန်ရတာဖြစ်လို့ ကျေနပ်ပါတယ်။

မေး။    ။ စာမေးပွဲဖြေချိန်တွေမှာရော စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေရှိခဲ့လား။ မိဘတွေကရော ဘယ်လိုပံ့ပိုးမှုတွေပေးခဲ့လဲ။ အခုလို အောင်မြင်မှုရခဲ့တာဟာ ညီမလေးကြိုးစားမှုကြောင့်ပဲလား၊ ဘယ် သူတွေရဲ့ ပံ့ပိုးမှုတွေပါသေးလဲ။

ဖြေ။    ။ ပထမဆုံး မြန်မာစာဖြေတဲ့အချိန်တုန်းက စိုးရိမ်စိတ်ရှိခဲ့တယ်။ ညီမက မြန်မာစာလဲ အားနည်း တယ်ဆိုတော့လေ။ ဒါပေမဲ့ နောက်နေ့စာမေးပွဲတွေမှာတော့ စာမေးပွဲခန်းထဲရောက်တာနဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်တယ်။ ပြီးရင် ရောက်လာတဲ့မေးခွန်းကို အစအဆုံးဖတ်လိုက်တယ်။ စာမေးပွဲဖြေ ရက်တွေမှာ အမေကအပြင်မှာ ဖြစ်နေပေမယ့် မေတ္တာတွေပို့ပေးတယ်။ ဂါထာတွေရွတ်ပေးတယ်။ နေ ထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ ကျန်းမာရေးအပိုင်း အကုန်လုံးကို ဂရုတစိုက်နဲ့လုပ်ပေးတယ်။ ကျောင်း သွားရင်လဲ ကျောင်းအထိ တကူးတကလမ်းလျှောက်ပြီး လိုက်ပို့ပေးခဲ့တယ်။ အချုပ်ပြောရရင်တော့ မိဘတွေရော ကျောင်းဆရာ၊ ဆရာမတွေ၊ ကျူရှင်ဆရာ၊ ဆရာမတွေအကုန်လုံး ပံ့ပိုးမှုနဲ့အခုလိုအောင် မြင်ခဲ့တာဖြစ်ပါတယ်။ ညီမတစ်ယောက်တည်းအနေနဲ့တော့ အခုလိုအောင်မြင်မယ်လို့ မထင်ပါဘူး။

မေး။    ။ ညီမလေးအနေနဲ့ ဘယ်ဘာသာတွေမှာ အားနည်းပြီး ဘယ်ဘာသာတွေမှာ ပိုအားသာခဲ့လဲ။ ကျောင်းဆက်မတက်ခင် ဒီကြားထဲမှာရော ဘာသင်တန်းတွေ တက်ဖို့ရှိလဲ။

ဖြေ။    ။ ညီမက မြန်မာစာ၊ အင်္ဂလိပ်စာအားနည်းတယ်။ အားသာတာက သင်္ချာ၊ ဓာတုဗေဒဘာသာ တွေကို အားသာတယ်။ ထူးခြားတာက အားနည်းတဲ့မြန်မာစာကလဲ ဂုဏ်ထူးထွက်ခဲ့တယ်။ အဲဒါ ကြောင့် အရမ်းပျော်ပါတယ်။ ကျောင်းဆက်မတက်ခင် အင်္ဂလိပ်စာသင်တန်းတွေ တက်နေတယ်။ နောက်ထပ်တက်ဖို့တွေလဲ ရှိပါတယ်။ လက်ရှိမှာတော့ ကွန်ပျူတာအခြေခံသင်တန်းဆင်း လက်မှတ်ရ ပြီးပါပြီ။ တစ်ခုရှိတာက ညီမဟာတတ်နိုင်တဲ့မိသားစု အသိုင်းအဝိုင်းက မဟုတ်တဲ့အတွက် တက္ကသိုလ် ဆက်တက်ဖို့ ဒီကြားထဲမှာဂိုက်ပြသွားဖို့ စီစဉ်ထားပါတယ်။

မေး။    ။ ညီမလေး ဘယ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ထားလဲ။ ဘယ်လိုပုံစံဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်ရောရှိလား။

ဖြေ။    ။ ညီမအခုတော့ ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ် YIT တက်ဖို့ စီစဉ်ထားပါတယ်။ ညီမ ရည်ရွယ်ချက်က တိုင်းပြည်အတွက် ထူးချွန်တဲ့အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်အောင်ပါ။ ဒုတိယဦးစားပေး အနေနဲ့ဆိုရင် UFL အီးမေဂျာတက်မယ်။ စီးပွားရေးလောကထဲကိုဝင်မယ်။ အောင် မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်အောင် လုပ်ပါမယ်။

မေး။    ။ အခုနှစ် တက္ကသိုလ်ဝင်တန်းကျရှုံးခဲ့သူတွေနဲ့ လာမယ့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက်လဲ အားပေးစကားနည်းနည်းလောက် ပြောပြပေးပါဦး။

ဖြေ။    ။ ညီမလေးကလဲ သာမန်ထဲက သာမန်လူတစ်ယောက်ပါပဲ။ ဒါကြောင့် နောက်ဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေရော၊ ကျရှုံးခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ညီမပြောချင်တာက အဓိကကတော့ စိတ်ပါပဲ။ ညီမလိုသာမန်လူတောင် အဆင့်-၄ ရခဲ့သေးတာပဲ။ ဒါကြောင့်ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကသာ အဓိကပါ။ ကိုယ်စိတ်ပါပြီး စိတ်ကိုနှစ်လုပ်နိုင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့အရာကို ရအောင်ယူနိုင်မယ်။ ညီမတို့ဆရာတစ်ယောက်ပြောဖူးတယ်။ ဖြစ်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ဖြစ်အောင် လုပ်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်။ အဲဒီအတွက် ညီမလဲသာမန်လူတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် နောင် ဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေလဲ မရနိုင်စရာအကြောင်းမရှိပါဘူး။ ကြိုးစားကြပါလို့ ပြောချင် ပါတယ်။

Democracy Today Daily

ဇွန်လ (၁၇) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com