ဘာသာစုံဂုဏ်ထူးရှင် မခိုင်လွန်းမေနှင့် တွေ့ဆုံခြင်း

https://cdn0.iconfinder.com/data/icons/office-set-2/512/2-512.png

မေး။    ။ ဘာသာစုံဂုဏ်ထူးထွက်ဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရလဲ။

ဖြေ။    ။ သမီးက တစ်နေ့စာတစ်နေ့ကျက်တယ်။ အကြွေးမတင်အောင် သေချာလေ့ကျင့်ကျက်တယ်။ နောက်ပြီးတော့ ကျောင်းကပေးတဲ့ သင်ခန်းစာတွေ၊ စာမေးပွဲတွေဆိုရင်လဲ ပေါ့ပေါ့တန်တန်သဘောမ ထားဘဲနဲ့ လေ့ကျင့်တယ်။ ကျောင်းမှာဖြေဆိုတဲ့စာမေးပွဲတိုင်းကိုလဲ အမြဲတမ်းမပျက်မကွက်ဖြေဆို တယ်။ အဲဒီလိုမျိုးစာမေးပွဲတိုင်းကို အလေးထားဖြေဆိုတဲ့အတွက် စာမေးပွဲတွေပြီးလို့ ရလဒ်ထွက်လာ တဲ့အခါကျတော့ သမီးကဘယ်ဘာသာကတော့ အားသာတယ်ဆိုတာမျိုးကို သိရတယ်။ နောက်ပိုင်း စာကျက်တဲ့အခါကျတော့ အားနည်းတဲ့ဘာသာရပ်ကို ပိုပြီးတော့ဦးစားပေးလုပ်ဖြစ်တယ်။ အားသာတဲ့ ဘာသာရပ်ကိုကျတော့ ပုံမှန်အတိုင်းပဲလုပ်ဖြစ်တယ်။ အဲဒီလိုမျိုး ကြိုးစားခဲ့တဲ့အတွက် သမီးအခုလိုမျိုး ဘာသာစုံဂုဏ်ထူးအောင်မြင်ခဲ့တာလို့ ထင်ပါတယ်။

မေး။    ။ ကျောင်းစတက်ကတည်းက ဘာသာစုံဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားခဲ့တာ လား။

ဖြေ။    ။ ဘာသာစုံဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ စိတ်ဆန္ဒထက် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် ကောင်းကောင်းနဲ့ အောင်ချင်တဲ့စိတ်က ပိုဖြစ်မိတယ်။ အဲဒါကြောင့်လဲ ပိုကြိုးစားခဲ့တာပါ။

မေး။    ။ အမှတ်ပေါင်းလဲသိရပြီဆိုတော့ ဘယ်လိုင်းကို လျှောက်ဖို့အစီအစဉ်ရှိလဲ။

ဖြေ။    ။ သမီးကတော့ ဆေးတက္ကသိုလ်တက်ဖို့အတွက် စီစဉ်ထားပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ် ချင်တာက သမီးငယ်ငယ်ကတည်းက ဝါသနာလဲပါသလို ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုဖြစ်အောင်လုပ် မယ်ဆိုတဲ့စိတ်က သမီးဆီမှာအပြည့်ရှိတဲ့အတွက် သမီးဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုး စားမှာပါ။ သမီးအစ်မကလဲ အခုလောလောဆယ် ဆေးကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက်သမီးဆေးကျောင်းတက်ဖို့ လိုအပ်တာတွေကို အစ်မကကူညီပေးမှာပါ။ သမီးကတိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

မေး။    ။ စကားဝါမြေဖောင်ဒေးရှင်းနဲ့က ဘယ်လိုမျိုးဆက်သွယ်မိတာလဲ။

ဖြေ။    ။ စကားဝါမြေဖောင်ဒေးရှင်းက မန္တလေးတိုင်းဒေသကြီးထဲမှာရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့ ဂုဏ်ထူးရကျောင်းသားတွေ၊ ထူးချွန်ကျောင်းသားတွေကို ပြန်ပြီးတော့ဆုချီးမြှင့်တာပါ။

မေး။    ။ ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်လဲ စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။    ။ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အကောင်းဆုံးကြိုးစားကြပါလို့ ပြောချင်ပါတယ်။

Democracy Today Daily

ဇွန်လ (၂၇) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com