အနာဂတ်ကလေးငယ်များနှင့် အားကစား

အယ်ဒီတာခင်ဗျာ . . .

ကျွန်တော်အားကစားပွဲကြည့်ရင်းနဲ့ မြန်မာ့အားကစားသမားတွေ ဘာဖြစ်လို့အားနည်းသွားတာကို စဉ်း စားကြည့်မိတယ်။ ကျွန်တော်လည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စပြီးအားကစားတွေ လျော့နည်းလာတယ်။ ဒါဘာကြောင့်ဖြစ်ခဲ့တာလဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ရွှေခေတ် ကဘာဖြစ်လို့ကျဆင်းလာရတာလဲ။ ကျွန်တော်တို့ ခေတ်ကစပြီး ကျူရှင်နဲ့ကျောင်း၊ ကျောင်းနဲ့ကျူရှင်စ ဖြစ်လာတော့တာပါပဲ။

ကလေးတိုင်း မကစားရဘူးဆိုပေမယ့် ခုခေတ်ကလေးတွေထက်တော့ ပိုကစားခဲ့ရသေးတာပဲ။ ကျောင်းမှာဆိုရင်လည်း အားကစားလုပ်တဲ့ ကလေးတွေကိုမိဘတွေကစပြီး အပြစ်ပြောနေကြတဲ့ခေတ် ဖြစ်နေပါတယ်။ ကျွန်တော်ထင်တာကတော့ မိဘတွေကစပြီး ကိုယ့်ရဲ့သားသမီးကို သိပ်ဖြစ်စေချင်သ လို ပုံစံသွင်းကြတော့ ကလေးတွေကြိုးစားကြတာပါပဲ။ အဲဒီလိုနဲ့အားကစားဘက်ကို ကလေးတွေမ လှည့်နိုင်တော့လောက်အောင် စားပြီးရင်းစာလုပ် ကြရတော့ပါတယ်။ ဒါကဘာဖြစ်လာလဲဆိုတော့ ကလေးတွေ ကျန်းမာကြံ့ခိုင်မှု စတင်ကျဆင်းလာတာလို့ ကျွန်တော်သုံးသပ်မိပါတယ်။

ကလေးတွေကို တိုးတက်ချင်တာနဲ့ လမ်းလွှဲလိုက်မိကြတာထင်တယ်။ အားကစားကိုမလုပ်ခြင်းဖြင့် ကလေးတွေမှာ ကိုယ်ကာယရော၊ ဉာဏ်ရည်တွေပါ ထိခိုက်လာရပါတယ်။ ကျောင်းမှာလည်း ကာယ အချိန်ဆိုတာ သိပ်မတွေ့ရတော့ပါဘူး။ ဒါကြောင့်ကလေးတွေမှာ နားနေချိန်လည်းနည်းပါးလာပါ တယ်။ အဲဒီအချိန်က နိုင်ငံရေးကြောင့်လား၊ မိဘတွေကပဲ ကိုယ့်ရဲ့သားသမီးပေါ်မှာ သိပ်ပြီးမျှော်လင့် ချက်ထားကြတာလားတော့ မပြောတတ်ပါဘူး။

အဲဒါရဲ့အကျိုးဆက်ကတာ့ ခံစားလိုက်ရပါတယ်။ ပညာရှိကြီးတွေရဲ့ မိဘ၊ ဆရာဝန်ကြီးရဲ့မိဘ၊ ဘာကြီးဘာကြီးတွေရဲ့ မိဘတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ကလေး တော်တော်များများကတော့ ကိုယ် ကာယနဲ့ ဉာဏကတော့ တော်တော်များများ ထိခိုက်သွားပါတယ်။ ဒါတွေမကသေးပါဘူး။ ကျွန်တော် တို့ကလေးတွေမှာ သူများနိုင်ငံနဲ့ယှဉ်ရင် အားကစားရော၊ စီးပွားရေးမှာပါ လျော့ကျလာပါတယ်။

ကျွန်တော်ပြောချင်တာက မိဘတွေရော၊ ဆရာ၊ ဆရာမကလေးတွေကို ဒီလိုစာသင်မှ တတ်တာလား လို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ သူများနိုင်ငံတွေမှာ ကလေးတွေက ကစားရင်းနဲ့ဒီလိုပဲ စာတတ်လာ တာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကလေးတွေမှာတော့ စာပြီးရင်းစာ၊ ဘာဖြစ်လို့ဖြစ်ရတာလဲ။ ဒီလိုသင်နေတော့ရော ကလေးတွေကသူများနိုင်ငံက ကလေးတွေလောက်တောင် မတတ်ပါဘူး။ ဆရာ၊ ဆရာမတွေကရော ကလေးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကစာခုန်စားရင်းနဲ့ ကလေးတွေစာတတ် အောင်ဘာလို့မသင်တာလဲ။ နိုင်ငံရေးကြောင့်လား၊ စားဝတ်နေရေးကြောင့်လား၊ ပညာရေးဝန်ကြီးဌာန ရဲ့ပေါ်လစီကြောင့်လား၊ မိဘတွေစေတနာပြီး ပုံစံသွင်းတာများသွားတာကြောင့်လား၊ မသင်ကိုမသင် တတ်လို့လား တစ်ခုခုကြောင့်ဖြစ်ရတာတော့အမှန်ပဲ။ ကလေးတွေကတော့ ဘက်ပေါင်းစုံမှာ အကုန် လုံးကျဆင်းလာသလို ခံစားခဲ့ရပါတယ်။

ကျွန်တော်က အဲဒီလိုထင်တော့ ငါ့ကိုစာသင်ပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေနဲ့ မိဘတွေ အပြစ်တွေလျှောက်ပြောနေမိပြီလားလို့ အပြစ်တွေလျှောက်တင်နေတာလားလို့ ထင်မိလိုက်တယ်။ ဒါကလည်းကျွန်တော်တို့နဲ့ အတူကြီးပြင်းလာတဲ့ One Generation တစ်ခုလုံးထိခိုက်ခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုအပြစ်တွေပဲ စဉ်းစားနေရင်လည်းပြီးခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့ Generation နောင်လာနောင်သားတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ပိုပြီးအရေး ကြီးပါတယ်။ ကျွန်တော်သိသလောက် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စဉ်းစားကြည့်မိလိုက်တယ်။ ကျွန်တော်တို့ ပြောနေကျအတိုင်းပြောရင် "အဓိကကတော့ မိဘပဲ" ဆိုတာသွားပြီးကြားယောင်မိ တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကလေးတွေတိုးတက်အောင် လုပ်ဖို့ဆိုရင်မိဘကပြန်စရတော့မှာပါ။ မိဘ တွေကလည်း ကိုယ့်ရဲ့သားသမီးတွေကို အဘက်ဘက်ကတိုးတက်အောင် ကိုယ့်ရဲ့အတ္တတွေကို လျှော့ပေးရမယ်လို့ ကျွန်တော်မြင်တယ်။ ကိုယ်ဖြစ်ချင်တာကို ကြိုးစားပျိုးထောင်ပေးနိုင်ခဲ့ရင် ကလေး တွေလည်း ပျော်ရွှင်စွာကြီးပြင်းလာမှာပါ။ ဆရာ၊ ဆရာမတွေကလည်း ကိုယ်သင်ပေးချင်တာကို ပိုမို သင်ပေးရင်း ကလေးတွေကိုကစားချိန်များများပေးပြီး ကျောင်းပျော်အောင်ထား၊ ကျောင်းမှာပဲ တတ် အောင်သင်ဖို့လိုတယ်လို့ ကျွန်တော်သုံးသပ်မိတယ်။ ပညာရေးဝန်ကြီးဌာနကလည်း ပညာရေးနဲ့အား ကစားပါတွဲပြီး သင်ပေးနိုင်တဲ့သင်ရိုးပြဋ္ဌာန်းချက်တွေ ချပေးလိုက်ရင်ကောင်းမှာပဲ။ ဥပမာ-ရေကူး အား ကစားလို ကစားနည်းကိုကျောင်းအနေနဲ့ သင်ကြားပေးနိုင်ရင်အနည်းဆုံးတော့ ကလေးတွေရေမနစ် နိုင်တေ့ဘူးပေါ့။ ကျောင်းသားတိုင်းက ရေကူးတတ်ကြတယ်ဆိုပါတော့ ရေကူးသမားကောင်းကောင်း ထွက်ပေါ်လာဖို့ သိပ်မခဲယဉ်းဘူးထင်ပါတယ်။ ကျွန်တော်ကဥပမာပြတာ အခြားသောအားကစားတွေ လည်း ဒီလိုလုပ်ရင်အများကြီး တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။

အဲဒီတော့ ကလေးတွေဟာ ပိုမိုအားလပ်ချိန်၊ ဆော့ကစားချိန် ပိုမိုရရှိမှာပါ။ ဒါ့အပြင်ကိုယ်ကာယရော၊ ဉာဏမှာပါ ပိုမိုဖွံ့ဖြိုးလာမှာအမှန်ဖြစ်နိုင်ပါတယ်။ သူတို့လေးတွေ အရွယ်ရောက်လာရင် ကျွန်တော်တို့ မြင်ချင်နေတဲ့ ရွှေရောင်ခေတ်ကိုလည်း ပြန်ရနိုင်ပါတယ်လို့ ကျွန်တော်မြင်မိတယ်ဆိုရင် ကျွန်တော့် ထက်ဉာဏ်ပညာ၊ အသိပညာပါသာလွန်တဲ့ ပညာရှိများကပံ့ပိုးပေး၊ အကြံဉာဏ်တွေပါထပ်ထည့်လိုက် ရင်ကျွန်တော်တို့နိုင်ငံဟာ အာရှရဲ့ကျားပေါက်ကလေး ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်မိပါတယ်။

ကျွန်တော့်ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ဝေဖန်အကြံပြုတာ အမှားများစွာလည်းပါမှာပါ။ သို့သော် လည်း ကျွန်တော်မြင်တာတွေ့တာကို မြင်ရဲ့သားနဲ့ မပြောလိုက်မိလေခြင်း၊ ကျွန်တော်တို့ခေတ်မှာ ဘယ်သူတွေ၊ ဘာတွေလုပ်လို့ ဘာတွေပဲဖြစ်ခဲ့၊ ယခုခေတ်ကလေးတွေ ကျွန်တော်တို့တုန်းကလို မဖြစ် ရလေအောင် ပြင်ပေးချင်တဲ့စိတ်နဲ့ယခုလို ဝေဖန်အကြံပြုလိုက်ရပါတယ်။ ဗမာခေါ်မြန်မာနိုင်ငံအသစ် တစ်ဖန်နိုးထနိုင်ပါစေ။       ။

7Day Daily

No.256, Jan.5, 2014

Powered by Bullraider.com