အထက်တန်းကျောင်းတက်ရင်း ဓာတ်ပုံပညာသင်သူ

http://www.gannett-cdn.com/-mm-/07a8d1a4ef2816b48a05d8ae27dc1c5658eb1d52/c=224-0-3730-2636&r=x404&c=534x401/local/-/media/2016/11/29/Tallahassee/Tallahassee/636160106763626165-Daisean-Brown-and-Darlene-Almeda-set-up-a-shot-in-the-Lively-photography-studio.JPG

သူ့အမည်က အက်ရှ်လေ ဒီဖရန့်ဖြစ်သည်။ Chiles အထက်တန်းကျောင်း 12th-grade တွင်ပညာသင်ကြား နေသည်။ သူမက ဓာတ်ပုံဝါသနာကြီးသည်။ Lively Technical Center တွင်ဖွင့်လှစ်ထားသည့် ဓာတ်ပုံ သင်တန်းကို ကျောင်းတစ်ဘက် ပြေးတက်နေရသည်။ ထိုသင်တန်းကို တက္ကသိုလ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး သင်တန်းရှိကြောင်း သိရသဖြင့် ခွင့်တောင်းကာ လာတက်နေခြင်းဖြစ်သည်။

အက်ရှ်လေက Lively သင်တန်းတွင် သင်ကြားပေးသည့် TV production သင်တန်းကို ပိုပြီးစိတ်ဝင်စားသည်။ သူက အထက်တန်းတက်ကတည်းကလည်း ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သည်။ ကင်မရာတစ်လုံး နှင့် ပုံတွေ လှည့်ရိုက်သည်။ ကွန်ပျူတာဂရပ်ဖစ်များဖြင့် ပုံများကို ပြန်လည်တည်းဖြတ်ပြုပြင်ခြင်းများကို သူ လုပ်ကိုင်လာခဲ့သည်မှာ သုံးနှစ်ခန့်ရှိနေပြီ။ ဆော့ဖ်ဝဲတွေသုံးပြီး အထူးပြုလုပ်ချက်တွေထည့်ကာ အမျိုးမျိုး စမ်းသပ်နေခြင်းဖြစ်သည်။ အက်ရှ်လေက

“ကျွန်မက စီးပွားဖြစ် ဓာတ်ပုံလုပ်ငန်းကိုလုပ်ချင်တာ။ Lively ကို တက်ရတာကလည်း ကျွန်မ တီထွင်ဖန်တီးမှု တွေကို ပိုပြီး ထိရောက်စေချင်လို့ပါ။ သင်တန်းတက်ခွင့်ရလို့ အရမ်းကို ဝမ်းသာမိတယ်” ဟုလည်းဆိုသည်။

Lively Technical Center ကို ပညာရေးအတွက် အထောက်အကူဖြစ်စေရန် ၁၉၃၇ ခုနှစ်လောက်ကတည်းက ဖွင့်ထားသည်ဟုဆိုနိုင်သည်။ Leon County School တွင်ပညာရေးကို အထောက်အကူပြုနိုင်ပြီး အလုပ် တစ်ဘက် ပညာရေးကိုဆက်စေနိုင်ရန် နှစ်ပေါင်းများစွာ ဓာတ်ပုံပညာများကို သင်ကြားပေးခဲ့သည်။ ယခုတော့ ထိုသင်တန်းတွင် အချက်အပြုတ်ဆိုင်ရာ ပညာရပ်၊ ဒစ်ဂျစ်တယ်ဒီဇိုင်းနှင့် မာလ်တီမီဒီယာ ဒီဇိုင်းများကို သင်ကြားနေသည်။ အသက်မွေးကျောင်းပညာရပ်များကို သင်ကြားပေးနေပြီး အထက်တန်းကျောင်းသားများ ဘဝအတွက်ပညာ သင်ကြားပေးနေသည့် သင်တန်းဖြစ်သည်။

Lively သင်တန်းတွင် အထက်တန်းကျောင်းသားများသာမက ဘွဲ့ရပြီးသူများလည်း လာတက်ကြသည်။ ကွန်ပျူတာသင်တန်းများလည်း ဖွင့်ပေးထားသည်။ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း လာတက်နေသည်။

ဓာတ်ပုံသင်တန်းပေးနေသည့် ဒါလိန်း အယ်လ်မီဒါက

“အမေရိကမှာတော့ ဒီလို ဓာတ်ပုံနဲ့ ကင်မရာသင်တန်းကို ပေးနေတယ်လို့ မကြားမိဘူး။ အော်လန်ဒိုမှာ သင်တန်း တစ်ခုရှိတယ်လို့တော့ကြားတယ်။ ဒီလို စီးပွားဖြစ် လုပ်စားနိုင်အောင် ပေးတဲ့ သင်တန်းမျိုး မဟုတ်ဘူး” ဟုဆိုသည်။

Lively ဓာတ်ပုံသင်တန်းကို ကျောင်းသားများ စိတ်ဝင်စားကြသည်။ သူတို့က ဓာတ်ပုံပညာကို သင်ပေးသည့် အပြင် သင်တန်းမပြီးသေးမီလည်း ပညာရှင်များထံ တပည့်ခံပြီး လက်တွေ့လိုက်လုပ်နိုင်စေရန် လွှတ်ပေးတတ် သည်။ သင်တန်းပြီးသူများထဲတွင် လုပ်ငန်းခွင်လက်တွေ့ဝင်သွားသူများ၊ တက္ကသိုလ်ကောလိပ် ဆက်တက်လျှင် လည်း ပညာရပ်နှင့် ပတ်သက်ပြီး ဆက်လက်လေ့လာ ပညာရှာသူများ ပေါများလာသည်။

အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားခွင့်ရရေးကို လမ်းကြောင်းဖွင့်ပေးထားခြင်းသည် အထက်တန်း ကျောင်းသား ကျောင်းသူများအတွက်လည်း ဘဝအခွင့်အလမ်းများကို ဖော်ဆောင်ပေးရာရောက်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်ကြီးတွင် ခေတ်နှင့်အညီဖြစ်စေမည့် ပညာရပ်များကို သင်ကြားလေ့ကျင့် ပေးနေသည့် အသက်မွေးသင်တန်း ဖွင့်ပေးနိုင်မှုကို အလေးထားသင်ကြားပေးနေကြသည်။

ကလေးများ၏ဘဝကို မြှင့်တင်ပေးလိုလျှင် သူတို့ဝါသနာပါမှုများကိုလည်း မြေတောင်မြှောက်ပေးရန်လိုပါသည်။ မျိုးစေ့မှန်မှ အပင်သန်သည်ဆိုစေ၊ သန်စွမ်းလာသည့် အပင်လေးကိုလည်း ရေလောင်း မြေတောင်မြှောက် ပေးရန် လိုအပ်ပါသေးသည်။ အထက်တန်းကျောင်းသားများဘဝကတည်းက ရေလောင်း ပေါင်းသင် မြေတောင် မြှောက်ပေးမည့် သင်တန်းပရိုဂရမ်လေးများဖြင့် ကလေးများဘဝကို မြှင့်တင်ပေးသင့်ပါသည်။

(Ref: Students find focus at Lively photo program, Amanda Karioth Thompson, Council on Culture & Arts)

Powered by Bullraider.com