အနာဂတ်ရဲ့ ခေါင်းလောင်းသံ

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင့်လား၊ သတ်မှတ်စံထားနှုန်းတွေ လျော့နည်းလာတာလား မသေ ချာပေမယ့် သေချာတာတစ်ခုကတော့ သည်နေ့ခေတ် ဆရာတပည့်ဆက်ဆံရေး ပြောင်းလဲလာခြင်း ပါပဲ။ အရင်ကဆိုရင် ဆရာတစ်ယောက်ကို လမ်းမှာဆုံတဲ့အခါ လက်ပိုက်ပြီး တရိုတသေဆက်ဆံတတ် တဲ့ တပည့်တွေများပေမယ့် ခုနောက်ပိုင်းမှာ မမြင်ချင်ယောင်ဆောင်သွားတဲ့ တပည့်တွေ၊ ထီးတစ် ချောင်းတည်း နှစ်ယောက်အတူဆောင်းပြီး ကျူရှင်နားရောက်မှ တန်းဖြုတ်သွားတဲ့ တပည့်တွေပိုများ လာပါတယ်။ ဒါဟာကျူရှင်ဆရာတွေ စည်းကမ်းတင်းကျပ်မှုလျော့နည်းလာလို့လား၊ မိဘတွေ သွန်သင် မှုလျော့နည်းလာလို့လား။ သေချာမသိနိုင်ပါဘူး။ ကျွန်တော်ကတော့ အခုအချိန်အထိ မိုက်မဲနေတုန်း ပါပဲ။ စကပ်တိုလွန်းတာ၊ အင်္ကျီဟိုက်လွန်းတာ၊ ဆံပင်ဆေးဆိုးတာတွေ တားမြစ်နေတုန်း၊ ယောက်ျား လေးဆံပင်ရှည်ရင် ညှပ်ခိုင်းတုန်း၊ ယောက်ျားလေးဖြစ်လျက်နဲ့ နားကပ်ဝတ်ထားရင်၊ ဖြုတ်ခိုင်းတုန်းပါ ပဲ။ ဒါကိုယောက်ျားလေးတစ်ယောက်က စောဒကတက်ပါသေးတယ်။ "ယောက်ျားတွေ နားကပ်ဝတ် တာ ပုဂံခေတ်ကတည်းက" တဲ့။

ကျူရှင်တက်ဖို့ ပျက်တဲ့ (နှစ်ကျ) မိန်းကလေးတစ်ယောက်ကို အကြောင်းပြချက်တောင်းမိတော့ "ဘဲစာ သွားကျွေးနေလို့" တဲ့။ ဒီကလေးတွေကို ကျွန်တော်တို့ ဘယ်လိုစည်းကမ်းတွေနဲ့ ကန့်သတ်ကိုင်တွယ် သင့်ပါသလဲ။ လွတ်လပ်တာ၊ ပွင့်လင်းတာ၊ ခေတ်ဆန်တာ ကောင်းပေမယ့်နေရာဒေသနဲ့ အချိန်ကာလ ကိုတော့ ရွေးတတ်ဖို့လိုပါလိမ့်မယ်။

ရိုက်ဆုံးမတာကို မကြိုက်ပေမယ့် နောက်ဆုံးနည်းလမ်းအဖြစ်နဲ့ ရိုက်နေတုန်းပါပဲ။ ရိုက်ဆုံးမခြင်းဟာ တကယ်တော့ မကောင်းပါဘူး။ စည်းကမ်းမရှိလို့ ရိုက်ဆုံးမရတယ်ဆိုတာ ပိုလို့တောင်မကောင်းပါဘူး။ အရိုက်ခံရတဲ့ ကလေးရဲ့ရင်ဘတ်ထဲမှာ ဆူးတစ်ချောင်းစိုက်ဝင်သွားနိုင်သလို ရိုက်လိုက်တဲ့ ဆရာမှာ လည်း ပြဿနာတက်နိုင်ပါတယ်။ ကျွန်တော့်မိတ်ဆွေတစ်ဦးဆိုရင် ကျောင်းသူက ကျူရှင်ပြေးပြီး ရည်စားနဲ့လျှောက်လည်လို့ ခြေသလုံးကို ရိုက်လိုက်တယ်။ ကျောင်းသူရဲ့အမေက ကျွန်တော့်မိတ်ဆွေ ထမင်းစားနေတုန်း မျက်နှာကိုထီးနဲ့ ထိုးထိုးပြီး ရန်လာတွေ့တယ်။ ခဏနေပါဦး ပြောမရတဲ့အဆုံး မျက်နှာရှေ့ကထီးကို ပြန်ကာလိုက်တာ ကျောင်းသူရဲ့အမေကို ပြန်ထိပြီးအမေရောသမီးကိုပါ ရိုက် တယ်ဖြစ်ပါလေရော။ အဲဒီခေတ်က အမျိုးသမီးရေးရာ အားကောင်းဆဲကာလမို့ ကျွန်တော့်မိတ်ဆွေ အမှု ရင်ဆိုင်လိုက်ရပါတယ်။

ခက်နေတာတစ်ခုက ကလေးတွေကို စည်းကမ်းကိုင်တွယ်တဲ့အခါ အကြောက်တရားနဲ့ မအုပ်ချုပ်ရင် မရဘူးဖြစ်နေတာပါပဲ။ အမှိုက်ကို ကြုံရာမပစ်စေချင်လို့ အမှိုက်ပုံးတွေထားပေးတယ်။ ဒါပေမဲ့ ကြုံရာ ပစ်တာပါပဲ။ စည်းကမ်းကို လိုလိုချင်ချင်လိုက်နာလာအောင် တာဝန်သိစိတ်ရှိလာအောင် ပြောဆိုဆုံးမ တဲ့အခါ ကွယ်ရာမှာ "သိပ်ချီးပေါက်တာပဲ၊ ပေါက်ပေါက်ဖောက်ပြန်ပြီ" စသဖြင့် ပြောဆိုဝေဖန်ပါတော့ တယ်။

ကျွန်တော့်လိုပါပဲ။ ကျွန်တော်တို့ ဆင်ခြေဖုံး (အင်းစိန်၊ ရွှေပြည်သာ) အစိုးရအထက်တန်း ကျောင်း တချို့က ဆရာ၊ ဆရာမတွေလည်း စည်းကမ်းတင်းကျပ်လို့ မရဘူးဖြစ်နေပါတယ်။ အဲဒါကတော့ ကျောင်းသားတွေ ကျောင်းပြေးတဲ့ကိစ္စပါ။ ကျွန်တော်တို့ဆီက တချို့ကျောင်းတွေမှာ အောက်တိုဘာ လရောက်ပြီဆိုရင် ဆယ်တန်းကျောင်းသား တော်တော်များများ ကျောင်းပြေးတော့တာပါပဲ။ တချို့ ကျောင်းတွေရဲ့ ဆယ်တန်းအခန်းတွေမှာဆိုရင် တန်းလုံးကျွတ်ကို ကျောင်းမှာမရှိကြတော့ပါဘူး။ ဆရာမတွေလည်း အစကတော့ ၇၅ ရာခိုင်နှုန်း မပြည့်ရင်ကျောင်းထုတ်မယ်။ ဖြေဖို့ ဖောင်တင်မပေး ဘူးနဲ့ တင်းကျပ်ကြည့်သေးပေမယ့် ကျောင်းပြေးသူများလာတဲ့အခါ မတင်းကျပ်နိုင်တော့ပါဘူး။ ဒါဟာ ဖြေရှင်းရမယ့် ပြဿနာတစ်ခုပါ။ တရားဝင်ကျောင်းပိတ်ရက် မဟုတ်တဲ့အတွက် မိဘကလည်း အဖြူ၊ အစိမ်းနဲ့ထွက်ရင် ကျောင်းသွားတယ်ထင်ပြီး ခွင့်ပြုရတာပါပဲ။ ပြီးတော့မှ ကျောင်းမရောက်ဘဲ သာဓု ကန်၊ မိုင် ၂၀ ဘုရား၊ အင်းလျားကန်ပေါင်၊ ပြည်သူ့ရင်ပြင်တွေ ရောက်ကုန်ပါတော့တယ်။ မနှစ်ကဆို ရင် အ.ထ.က ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီးကိုယ်တိုင် ဒီဇင်ဘာလကြီးကျောင်းမှာ ဆယ် တန်းကျောင်းသားတွေမရှိတော့လို့ ကျူရှင်ဆရာတွေကိုခေါ်ပြီး ကျောင်းသားတွေကို ကျောင်းတက်ခိုင်း ဖို့ အကူအညီတောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ကျောင်းသားတွေ ကျောင်းပြန်မတက်ကြပါဘူး။ နောက် ဆုံးမှာ လပတ်စာမေးပွဲအချိန်စာရင်းကို ကျူရှင်ဆရာတွေကိုခေါ်ပြီး ပေးလိုက်ရပါတော့တယ်။ အဲဒီ ပြဿနာကို မင်္ဂလာဒုံက အ.ထ.က ကျောင်းတစ်ကျောင်းကတော့ private study ပေးပြီး ဖြေရှင်းပါ တယ်။ ဒီဇင်ဘာအလွန်မှာ ကျောင်းမတက်ချင်တော့တဲ့ ကလေးရဲ့မိဘကိုခေါ် လက်မှတ်ထိုးခိုင်းပြီး အိမ်ပြန်အပ်ထားလိုက်ပါတယ်။ လပတ်ကိုပုံမှန်လာဖြေရုံပါပဲ။ ဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ဘက် မှာ ဖြစ်ပျက်နေတာ ဆယ်စုနှစ်တစ်စုစာလောက် ရှိပါပြီ။ မိဘကလည်း ကျောင်းမှာရှိတယ်ထင်၊ ဆရာ ကလည်း အိမ်မှာရှိတယ်ထင်နဲ့ကြားမှာ လွတ်လပ်နေတဲ့ကလေးတွေ အတော်များနေပါပြီ။ ကျွန်တော် ကတော့ ကလေးတွေအခုလို စည်းကမ်းပျက်နေတာကို ဘဝင်မကျမိပါဘူး။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကပါ။ အခုလိုသာ စည်းကမ်းပျက်နေကြမယ်ဆိုရင် ဒီကလေးတွေဟာ လုပ်ငန်းခွင်ထဲ မှာ စည်းကမ်းကိုအခုလိုပဲ လက်တစ်လုံးခြားနဲ့ လှည့်ပတ်ပြီး ပျက်စီးနေကြပါလိမ့်ဦးမယ်။ ကျွန်တော်က တော့ ရှေးရိုးဆန်တယ်ပဲပြောပြော၊ သဘောထားတင်းမာတယ်ပဲဆိုဆို ကလေးတွေကို စည်းကမ်းတင်း တင်းကျပ်ကျပ် ကိုင်တွယ်စေချင်တာပါပဲ။ ပညာရေးမြှင့်တင်ဖို့အတွက် သင်ရိုးတွေအဆင့်မြှင့်တင်ဖို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလိုသင်ပေးသူ၊ သင်ယူသူတွေရဲ့ စိတ်ဓာတ်တွေ စည်းကမ်းတွေကိုလဲ ပြုပြင်ဖို့၊ မြှင့်တင်ဖို့လိုပါလိမ့်မယ်။ ပညာရေးဌာနက လူကြီးမင်းများလည်း ကျွန်တော်ပြောတာကို မယုံရင်ရှောင်တခင် (ကြိုတင်ပြောဆိုမထားဘဲ) စစ်ဆေးကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျောင်းချိန်အတွင်း ကလေးတွေအပြင်မှာ မရှိစေချင်တော့တာပါ။ မနှစ်ကဆိုရင် သာဓုကန်ဘုရားမှာ ရွှေပြည်သာက အ.ထ.က ကျောင်းနှစ်ကျောင်းရိုက်ပွဲတွေအထိ ဖြစ်ခဲ့ကြပါတယ်။ ကျောင်းချိန်အတွင်း ကလေးတွေအပြင်မှာ ရှိနေခြင်းဟာ စည်းကမ်းပျက်မှု၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှုတွေအထိ ဖြစ်လာ ခဲ့ရင် ကျွန်တော်တို့ရဲ့ အနာဂတ်မကောင်းနိုင်ပါဘူး။ လွယ်အိတ်ထဲမှာ အင်္ကျီအပိုပါလာပြီး တည်းခိုခန်း တွေထဲအထိ ရောက်သွားခဲ့မယ်ဆိုရင် မတွေးရဲစရာပါပဲ။ အခုလို အစစအရာရာ လျင်မြန်လွယ်ကူနေ တဲ့ ခေတ်ကြီးထဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အခြေခံပညာမှ တာဝန်ရှိလူကြီးမင်းများအနေနဲ့ ကျောင်းသားများ ကျောင်းမှာရှိနေရေးဖြစ်ဖြစ် private study တရားဝင်ပေးရေးဖြစ်ဖြစ် သင့်တော် သလို စီမံဆောင်ရွက်ပြီး စည်းကမ်းတင်းကျပ်ပေးသင့်ကြောင်းပါခင်ဗျား။

The Yangon Times Daily

အတွဲ(၁)၊ အမှတ်(၁၈၂)၊ ဒီဇင်ဘာ ၉၊ ၂၀၁၃

Powered by Bullraider.com