ရွှေသမင်ဘယ်တာကထွက်ပါလိမ့်

https://fidelitycheckonline.files.wordpress.com/2014/02/yaba.jpg

ဒီနေ့မနက် သတင်းစာဖတ်လိုက်တော့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှာ ကွန်တိန်နာကားတစ်စီး ရပ်ထားတာကို ရဲတွေက သွားရောက်စစ်ဆေးတယ်။ နံနက် ၅ နာရီလောက်မှာ ရပ်ထားတဲ့ ကွန်တိန်နာကို ရဲက မသင်္ကာလို့လည်းရတာပေါ့။ ဒီအချိန်မှာ ကားမောင်းတဲ့ ဒရိုင်ဘာက ထွက်ပြေးတယ်။ ပိုဆိုးသွားပြီ။ ဒါကြောင့် ဖွင့်ဖောက်စစ်ဆေးလိုက်တော့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၆၇ သိန်း၊ ကာလတန်ကြေး အမေရိကန်ဒေါ်လာ ၁၃၃ သန်းဖိုး ဖမ်းဆီးရမိလိုက်သတဲ့ဗျာ။

အဲဒီဖမ်းဆီးရမိမှုဟာ ကမ္ဘာနဲ့ချီရင် ဒုတိယအများဆုံး ဖမ်းဆီးရမိမှုလို့ ရဲမှူးချုပ်က ပြောပါသတဲ့။ စဉ်းစားကြည့် ကြပေါ့ဗျာ။

(၁) ကားကိုမိတယ် ကားမောင်းသမားထွက်ပြေးတယ်

(၂) မိတဲ့နေရာက ခရိုနီပိုင်နယ်မြေ

(၃) ဆေးပြား ၂၆၇ သိန်းဟာ လွတ်သွားရင် ဘယ်သူတွေ လက်ထဲကိုရောက်သွားမလဲ

(၄) ဒေါ်လာ သန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံရတဲ့ ဒီလုပ်ငန်းကို ဘယ်သူတွေပဲ လုပ်နိုင်သလဲ

(၅) ဒီတစ်ခါကမိလို့ပေါ့။ မမိဘဲ လွတ်သွားတဲ့ အကြိမ်ပေါင်း မည်မျှရှိသလဲ

ကျွန်တော် ကိုယ့်ဘာသာကိုယ် မေးခွန်းတွေ အများကြီးထုတ်နေမိတယ်။ တစ်ဆက်တည်းမှာပဲ အောင်ဇေယျ တံတားပေါ်က ချစ်သူစုံတွဲကို လုယက်၊ မိန်းကလေးကို မုဒိမ်းကျင့်တဲ့အမှုကို စုံစမ်းတဲ့ နယ်ထိန်းရဲကို ဒါးတွေနဲ့ ခုတ်၊ စကေဘာနဲ့ဝင်ထိုး၊ မသေမချင်းသတ်တယ်ဆိုတဲ့ သတင်း။ မူးယစ်ဆေးဖမ်းမိတာနဲ့ ရဲကိုသေအောင် ဓားနဲ့ ခုတ်တဲ့ သတင်းက ဆက်စပ်မှုရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့

မြန်မာနိုင်ငံမှာ ရက်စက်စွာ ဓားတွေနဲ့ခုတ်၊ တုတ်တွေနဲ့ရိုက်၊ မသေမချင်း ရက်ရက်စက်စက်သတ်တဲ့ အမှု တွေက အရမ်းခေတ်စားလာတယ်။ နိုင်ငံခြားရုပ်ရှင်တွေထဲမှာလည်း ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယားတွေမှာ ဂိုဏ်းစတားတွေ ဘယ်လောက် ရက်ရက်စက်စက်သတ်တယ်ဆိုတာ ပညာပေးနေကြတာလည်း အများကြီး။

ဆင်းရဲတဲ့ ရပ်ကွက်၊ ချမ်းသာတဲ့ရပ်ကွက် နေရာမလပ် သောက်ချင်သလိုသောက်၊ မူးချင်သလိုမူးလို့ရတဲ့ အရက် ဆိုင်တွေကလည်း အများကြီး။ အရွယ်သုံးပါးမရွေး ကြိုက်သလို အရက်ဝယ်ယူသောက်သုံးခွင့်ကလည်းရှိသေး။ ဒီကြားထဲက ကျွန်တော်တို့ မမြင်ကွယ်ရာမှာ ထင်တိုင်းသောင်းကျန်းနေနိုင်တဲ့ WY မူးယစ်ဆေးပြား ပြဿနာ။

လွှတ်တော်မှာ အရက်ကို တားမြစ်နှိမ်နင်း၊ ဥပဒေတွေထုတ်ဖို့ ဘယ်သူတွေက အရေးလုပ်ပြီး တောင်းဆိုသွားကြ သလဲ။ အရက်တွေကို စက်ရုံကြီးငယ်တွေဆောက်၊ တရားဝင်လိုင်စင်နဲ့ ချက်ခွင့်ရ၊ ထုတ်လုပ်ဖြန့်ဖြူးခွင့်ရ၊ ရောင်းချခွင့်ရနေကြတာ ဘယ်သူတွေလဲဗျာ။

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံသူ နိုင်ငံသား လူငယ်များရဲ့ အနာဂတ်ကို အလေးထားပြီး ရေရှည်အကျိုး မျှော်ကိုးလုပ်ဆောင်နေတဲ့ ဥပဒေတွေ ပြဋ္ဌာန်းချက်တွေ အားနည်းနေလို့ ယူကျုံးမရဖြစ်မိတယ်။ ကိုယ့် အကျိုးစီးပွားအတွက် လူမျိုးနဲ့ နိုင်ငံအကျိုးစီးပွားကို တစ်စက်မှ မငဲ့ကွက်သူတွေ လွှမ်းမိုးနေသမျှ မြန်မာနိုင်ငံရဲ့ အနေထားဟာ ပိုပြီးဆိုးရွားလာဖို့ပဲ မြင်မိပါတယ်။

တိုင်းပြည်ကမွဲ၊ လူတွေကဆင်းရဲ၊ ချမ်းသာတဲ့လူတွေကထားစရာမရှိ၊ လူငယ်တွေကမူးယစ်ပျော်ပါး အားလုံးကို မေ့ထား၊ ဆယ်သိန်းစားတွေကလည်း လူငယ့်အကျိုးလစ်လျူရှု၊ အုပ်ချုပ်သူတွေကလည်း တစ်ဘို့တည်းသမား တွေ။ သည်မိုး .. သည်လေ .. သည် လူတွေနဲ့ ….

၂၈.၇.၂၀၁၅

Powered by Bullraider.com