Abject ဆိုးဝါးသော၊ ကမ်းကုန်သော၊ တွင်းဆုံးကျသော၊ ချွတ်ခြုံကျသော၊ သိက္ခာမဲ့သော၊ အဖတ်ဆယ်မရအောင်ဖြစ်သော၊

improve-english-vocabulary

ယခုမှစပြီး အင်္ဂလိပ်စာ Advanced level စာမေးပွဲများဖြစ်သော GED, GCE, TOEFL နှင့် IELTS စာမေးပွဲများနှင့် English for Social Sciences နိုင်ငံတကာ တက္ကသိုလ်ဘွဲ့သင်တန်း - လူမှုဗေဒ အထူးပြု - Humanities and Social Sciences ဘာသာရပ်များကို လေ့လာ လိုက်စား လိုကြသော ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်ပြီး Vocabulary အဆင့်မြင့် အင်္ဂလိပ်စကားလုံး ၅၀ ကို မိတ်ဆက်သွားပါမည်။ အထက်ပါ စာမေးပွဲများ၏ Reading ကဏ္ဍတွင် မကြာခဏ ပါဝင်လေ့ရှိသည်။ 

တစ်ရက်လျှင် တစ်လုံးနှုန်းဖြင့် ရက်ပေါင်း ၅၀ တင်ဆက်သွားပါမည်။ (ယင်းစာလုံးများကို ရှင်းလင်းပြသထားသည့် ၀ါကျများနှင့် definition များထဲတွင် ပါရှိသော စကားလုံး အသစ်များ၊ Synonyms များကိုလည်း မိမိတို့ဘာသာ ထပ်မံလေ့လာနိုင်ပါက စကားလုံးအင်အား Vocabulary power မြန်မြန်ဆန်ဆန် တိုးတက်လာပါလိမ့်မည်။

Advanced level စကားလုံးသစ် ၁၀ လုံး လေ့လာပြီးဆုံးပါက လေ့ကျင့်ခန်းသင်ခန်းစာ ၃-၄ ခုကို တင်ဆက်ပါမည်။

အင်္ဂလိပ်စာကို အနိမ့်ဆုံးအားဖြင့် Intermediate level အဆင့်အထိ လေ့လာထားရှိပြီးသော ကျောင်းသူကျောင်းသားများသာလျှင် ဤအဆင့်မြင့် စကားလုံး သင်ခန်းစာများကို လေ့ကျက်သင့်ပါသည်။

မောက္ခပညာရေးမဂ္ဂဇင်း

(1) Abject (adj) 

1. Utterly miserable, wretched, or cast down.  ဆိုးဝါးသော၊ ကမ်းကုန်သော၊ တွင်းဆုံးကျသော၊ ချွတ်ခြုံကျသော၊ သိက္ခာမဲ့သော၊ အဖတ်ဆယ် မရအောင်ဖြစ်သော၊

Thomas made an abject apology because he was ashamed of acting so badly.

2. Mean, worthless, low-down, or contemptible  ကောက်ကျစ်သော၊ သေးသိမ်သော၊ လေးစားဖွယ်ရာ လုံးဝ မရှိသော

Only an abject coward would turn his back on a helpless victim in distress.

3. Complete, submissive, unrelieved, or servile လက်အောက်ခံဖြစ်သော၊ မသက်မသာဖြစ်သော၊  သေးနုတ်သော၊ 

June ran from the room screaming in abject terror at the sight of a large spider.

Synonyms: pitiful, base, meek, scummy, squalid

Powered by Bullraider.com