Canon PowerShot N

Canon PowerShot N

$317

ခပ်သေးသေးဒီဇိုင်းနဲ့ အသွင်ဆန်းစွာထုတ်လိုက်တဲ့ ကင်မရာလေးဖြစ်ပါတယ်။ ပလပ်စတစ်အိမ်နဲ့ပေါ့ပါးအောင်လုပ်ထားပြီး အလေးချိန် 195g ပဲရှိတယ်။ ကင်မရာမှန်ဘီလူးနဲ့ နောက်ကကပ်လျက် LCD မြင်ကွင်း screen ကို ခေါက်လှန်လို့လည်းရ တယ်။ မြင်ကွင်းက ၂ ဒသမ ၈ လက်မရှိတယ်။ ၉၀ ဒီဂရီအထိ ခေါက်လှန်လို့ရတယ်။ ရှေ့က lens အပေါ်မှာ ဆင်ဆာလုပ်တဲ့ control ring လေးပါပြီး touch screen ပေါ်ကနေ ခလုတ်ကိုနှိပ်ပြီးဓာတ်ပုံရိုက်ရမှာဖြစ်လို့ သာမန်ကင်မရာတွေလို ခလုတ်တွေလည်း များများစားစားမပါဘူး။ ကင်မရာ lens က 12.1-megapixel, 1/2.3-inch CMOS ဆင်ဆာ လည်းထည့်ပေးထားပြီးတစ်စက္ကန့်ကို 2.3 frames ရိုက်နိုင်စွမ်းရှိတယ်။ ကင်မရာစွမ်းရည်အနေနဲ့ကြည့်ရင် သိပ်အကောင်း ကြီးလို့ မပြောနိုင်ပါဘူး။ ကင်မရာဖွင့်ချိန် start up ကလည်း ၁ ဒသမ ၈ စက္ကန့်လောက် ကြာတယ်။ ဒါပေမဲ့ ရုပ်ထွက်ကြ တော့အရမ်းကောင်းတာတွေ့ရတယ်။ ဗီဒီယိုရိုက်တာလည်း ပုံထွက်မဆိုးဘူး။ ဘက်ထရီသက်တမ်းကတော့ ပုံ ၂၀၀ စာလောက်ပဲ အရိုက်ခံတာတွေ့ရတယ်။ Wi-Fi ပါတဲ့အတွက် ရိုက်ထားတဲ့ပုံတွေကို စမတ်ဖုန်းနဲ့ဆက်သွယ်ပြီးကူးယူလို့ရ တယ်။ Android မှာရော iOS မှာပါသုံးနိုင်တဲ့အတွက် မက်လောက်စရာ လက်ထဲဖျောက်ထားလို့ရတဲ့ ကင်မရာတစ်ခုအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ စင်ကာပူမှာ ဝယ်လို့ရကြောင်း သိရတယ်။

Powered by Bullraider.com