မြန်မာ့ပန်းချီ အစ

မြန်မာပန်းချီ အစကို ရှေးနှစ်ပေါင်း တစ်သောင်း သုံးထောင်ကျော်က ပြဒါးလင်းဂူတွင် ရေးဆွဲထားခဲ့သည့် ပန်ချီမှ စတင်သည်ဟုပင် တင်စားနိုင်သည်။

ပြဒါးလင်းဂူသည် တောင်ကြီးခရိုင်၊ ရေငန် မြို့နယ်၊ ရေပုပ် မှ ၁ မိုင်၊ ညောင်ကြပ် မှ ၄မိုင်အကွာတည်ရှိ၊ ပင်လယ် ရေမျက်နှာ ပြင်အထက်ပေ ၁၀၀၀ ၊Nyaungyat 21’6’N latitude , 96’18’ longitude တွင် တည်ရှိသည်။ ဂူ ၂ ဂူရှိပြီး ၂ ဂူစလုံး တောင်ဘက်ကိုမျက်နှာမူသည်၊ ဂူဟာ ခြေသွားလမ်း foot track ရဲ့အထက် ပေ ၇၀ မှာ တည်ရှိသည်။ ရန်သူများ ရုပ်တရပ် တိုက်ခိုက်ခြင်းကို မခံရနိုင်အောင် ကာကွယ်သည့် အနေဖြင့် နေထိုင်ခဲ့သည်ဟု ယူဆရသည်။ ဒေသခံများကတော့ ပဒတ်လိုဏ်ဂူဟု လည်းခေါ်သည်။ ဒေသခံ လူတွေက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ ရှိနေလို့ ပဒတ် လိုဏ်လို့ ခေါ်ပါတယ်။ ပြဒါးလင်းဂူလို့ ပညာရှိ အခေါ်ခံရ သူတွေက ပြင်ပြီး ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

ပြဒါးလင်းဂူတစ်နေရာရှိ ရှေးပန်းချီလက်ရာ
ဂူထဲက တူးဖော်တွေ့ရှိတဲ့ အရိုးများကို ကာဘွန် နည်းဖြင့် စမ်းသပ်ရာနှစ် ၁၁ ၀၀၀ သက်တမ်း ရှိ တယ်။ ဂူတွေထဲမှာ စုပုံနေတဲ့ ပြာဟာ ၄ပေ ထူတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူတွေဟာ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့ကြောင်း သိရှိနိုင်သည်။ မီးဖိုချောင် အမှိုက်တွေထဲက တွေ့ရတဲ့ အရိုးတွေ၊ ဦးချိုတွေဟာ တောရိုင်း တိရိစ္ဆာန်တွေရဲ့ ဟာတွေ ဖြစ်သည်။ နံရံမှာရေးဆွဲထားတဲ့ အကောင်တွေရဲ့  ပုံဟာ အမဲလိုက်တဲ့ ဓလေ့ကို ဖော်ညွှန်းထားသည်။ ဒီ အချက်တွေ ကြည့်ခြင်းအားဖြင့် ဂူနေလူများ ဟာ အမဲလိုက်မုဆိုး တွေဖြစ်ပြီး လယ်သမားများ မဟုတ်ကြောင်း ပြသသည်။

ပန်းချီအရုပ်တွေကို ကြမ်းပြင်အထက် ၁၀ ပေက ၁၂ ပေ အမြင့်မှာ ရေးဆွဲခဲ့သည်။ အရုပ်တွေကို ဂူရဲ့ လက်ဝဲ လက်ျာ နှစ်ခန်း ဖြစ်အောင် အလယ်က ပိုင်းဖြတ် ပေးတဲ့ နံရံပေါ်မှာ ရေးခဲ့ပါတယ်။ ကျောက်ပန်းချီ ဆရာတွေဟာ ရုပ်ပုံတူ ရေးတဲ့ အခါ ဆေးအရောင် စပ်တဲ့ အခါ ဝေးနီး ချိန်ဆတဲ့ အခါ၊ အရောင် နုရင့်ခွဲပြီး ရေးစပ် ဖော်ပြရမယ်ဆိုတာကို ကောင်းကောင်း နားလည်နေပုံရသည်။ ပဒတ်လိုဏ်ဂူက ပန်းချီဆရာတွေဟာ အရင် အနှစ် ၁ သောင်း ၆ ထောင်ကပဲ ဒီလို လုပ်နိုင်တယ်လို့ အံ့သြစရာ တွေ့ရပါတယ်။ အခုခေတ် စံချိန်တွေ အရ ပုံဆွဲ ပညာမှာ ထူးချွန် နေပြီလို့ ဆိုနိုင် ပါတယ်။ ကျောက်နံရံ ပေါ်မှာ ရေးဆွဲတဲ့ အရုပ်တွေက အရုပ် ပုံသဏ္ဌာန် ပေါ်ရုံပဲ ဆွဲတဲ့ တကြောင်းဆွဲ အရုပ်တွေ ဖြစ်တယ်။ အရုပ် တွေက အမဲလိုက်တဲ့အခါ သားကောင် များများ ရအောင် နတ်ကိုးပြီး ပူဇော် ပသပွဲ လုပ်တဲ့ အရုပ်တွေ ဖြစ်တယ်။ အမဲလိုက်တဲ့အခါ ရလိုတဲ့ သားကောင် တွေရဲ့ ပုံကို ရေးတယ်။ အရုပ်တွေ နားမှာ မှော်ဆရာက ခေါင်းဆောင်ပြီး ကခုန် ကြရင် သားကောင် များများ ရမယ်လို့ ယုံကြည်ဟန် ရှိပါတယ်။ တိရိစ္ဆာန် ပုံသဏ္ဌာန်တွေကလည်း ခုခေတ် အမြင်နဲ့ ဆန်းနေသည်။ ဘာဖြစ်လို့လဲလို့ တွေးဆစရာ အကြောင်း နှစ်မျိုး ရှိပါတယ်။ ထုံးကျောက်ဂူတိုင်းမှာ မိုးအခါ နံရံက ထုံးရည်တွေ ယိုစိမ့် ထွက်လာတယ်။ အဲဒီ ထုံးရည်က အရုပ်ကားတွေကို ထုံးရည်နဲ့ ဆွတ်ဖျန်း သလိုဖြစ်ပြီး အရုပ်တွေ မှေးမှိန်ပျက်စီးခဲ့သည်။ နောက်တချက်က ပဒတ်လိုဏ် ဂူနံရံပေါ်မှာ ရေးဆွဲခဲ့တဲ့ သားကောင်တွေက အခုခေတ် သားကောင်တွေ မဟုတ်ဘဲ အရင်ခေတ် ၂ သောင်းဝန်းကျင်က ရှိခဲ့တဲ့ သားကောင်တွေသာ ဖြစ်တယ်။ အခုတိမ်ကော ပပျောက်သွားပြီဖြစ်သည်။ သူတို့က ဆင်းသက်တဲ့ မျိုးနွယ် အကောင်တွေပဲ ရှိပါတော့သည်။ ထို ကျောက်ပန်းချီများကို လေ့လာကြည့်ခြင်းဖြင့် မြန်မာရှေး ပန်းချီလက်ရာ အဆင့်အတန်းကို သိရှိနိုင်မည် ဖြစ်သည်။

ဂူ ၁ အရှေ့ပိုင်းဂူနံရံမှာဆွဲ ထားတဲ့ ပန်းချီတွေက အထူးရည်ရွယ်ချက်ရှိ၊ ဘယ်လိုအကောင်ကို ဖမ်းတယ်၊ ဘယ်လိုဖမ်းရတယ် ထောင်ချောက်ဆင်တယ် ဆိုကို ပြသလိုခြင်းဖြစ်တယ်၊ ပြဒါးလင်း ပန်ချီဆရာတွေဟာ မယုံကြည်နိုင်လောက်အောင် တော်တယ်၊ ယခုခေတ်စံနှုန်းများ အားဖြင့် နှိုင်းယှဉ်ပါက သူတို့ ပန်းချီကားတွေဟာ အလွန် ကောင်းလွန်းသည်၊ ဂူ ၁ မှာ တိရိစ္ဆာန်ပုံ လူလက်ပုံ၊ အရုဏ်ဦးနေ ပုံတွေကို ဆေးနီ red ochre နဲ့နံရံမှာဆွဲထားသည်။ လက်ဝါးပုံ ၂ ခုတွေ့ရပြီး၊ လက်ချောင်းအချို့ ပျောက်နေတယ်။  ဖြစ်နိုင်တာက သူရဲ့အရင်းနှီးဆုံး မိတ်ဆွေသေဆုံးတော့ သူမှာလက်ဆုပ် လက်ကိုင်ပြုရမယ့်လက် မပြုတ်သွားတာကိုရည်ရွယ်သည်ဟု ယူဆသည်။ ငါး ၂ ကောင်နဲ့တူတဲ့ပုံ တခုရှိတယ် တကောင်က အမြီးမပါ သလို တကောင်ရဲ့ခေါင်းက ထုံးရေကြည်ဖုံး နေတယ်၊ နွား ၂ ကောင်ဝှေ့နေပုံ bull fight တိရိစ္ဆာန် အုပ်စုပုံ နွားမကြီးနောက် နွားငယ်လိုက်တဲ့ ပုံစတဲ့ပုံတွေရှိပါတယ်။ ပြဒါးလင်းဂူကို ကုလသမဂ္ဂ UNESCO က World Heritage လို့ခေါ်တဲ့ ကမ္ဘာပေါ်က ထိမ်းသိမ်းရမယ့် နေရာတနေရာအဖြစ် ၁၉၉၆ ခုနှစ် အောက်တိုဘာလမှာ စာရင်းသွင်းဖို့ လျာထားခဲ့သည်။

(အလင်းစေမန်...)

 

Powered by Bullraider.com