ဖီလစ်ပိုင် 'လက်တွန်းလှည်း စာသင်ခန်း' ကျောင်းဆရာ CNN သူရဲကောင်းဆု ရရှိ

ဖီလီပိုင်မှ ဆင်းရဲသား ကလေးများကို စာသင်ကြားပေး ဖို့အတွက် စာအုပ်များ၊ ဘောသင်ပုန်းနှင့် သင်ကြားမှု ပစ္စည်း အချို့ကို လက်တွန်းလှည်းဖြင့် တင်ပြီး၊ 'ရွှေ့ ပြောင်း တွန်းလှည်းစာသင်ခန်း' (mobile pushcart classrooms) များလုပ်ခဲ့သည့် လူငယ်ကျောင်းဆရာ ပန်နာဖလိုရီဒါ အား CNN သတင်းဌာနမှ ၂၀၀၉ ခုနှစ်အတွက် 'တစ်နှစ်တာ သူရဲကောင်း' (CNN's Hero of the Year) ဆု ကို ချီးမြှင့်လိုက်သည်။

၁၉၉၇ ခုနှစ်ကတည်းက ပန်နာဖလိုရီဒါနှင့် ဆယ်ကျော်သက် လုပ်အားပေး သူငယ်ချင်း ၁၂၀၀၀ တို့က လမ်းကြိုလမ်းကြား ရပ်ကွက်ကြိုရပ်ကွက်ကြား၊ ဘူတာရုံနှင့် ကျေးလက်များရှိ ကလေးများစွာကို အခြေခံ စာရေးစာဖတ်များ လိုက်လံ သင်ပေးခဲ့သည်။ သူ့ရဲ့ လက်တွန်းးလှည်း စာသင်ခန်းဖြင့် ကလေးများစာသင်မှုကို NGO တစ်ခု အကူညီဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ဟောလိဝုဒ်တွင် အခမ်းအနားဖြင့် ဆုလက်ခံယူခဲ့သော အသက် ၂၉ နှစ်ရှိ ပန်နာဖလိုရီဒါ က “ဒီဆုဟာ ကျနော်တို့ အလွတ်သင် ကျောင်းဆရာများအတွက် အလွန်အရေးပါပါတယ်။ လမ်းပေါ်က ဆရာတွေရဲ့ စိတ်ဓါတ်ကို မြှင့်တင်ပေးတာပဲ” ဟု ပြောခဲ့သည်။ သူ့ကို ချီးကျုးဂုဏ်ပြုမှုသည် ရပ်တန့်မသွားပါ။ ဖီလစ်ပိုင်နိုင်ငံ အပြန် မနီလာမြို့ လမ်းများတွင် လက်တွန်းလှည်းပေါင်းများစွာဖြင့် ချီတက် ကြိုဆိုခဲ့ကြသည်။ သမ္မတ အရိုယို ကလည်း တိုင်းပြည်ရဲ့ အမြင့်ဆုံး လူမှုထူးချွန်ဆုကို အပ်နှင်းပေးခဲ့သည်။

ယခု ဖီလစ်ပိုင်နိုင်ငံ အနှံအပြားတွင် လက်တွန်းလှည်း စာသင်ခန်းများ ပြန့်နှံလျက်ရှိပြီး ကမ္ဘာအနှံမှ အားပေးကူညီမှုများ ရရှိနေသည်။ ဆရာလေး ပန်နာဖလိုရီဒါ ရဲ့ ကိုယ်ကျိုးမဖက် ပညာရေး လှုပ်ရှားမှုမှတ်တမ်း တီဗွီများကို ဂျပန်၊ ကိုရီးယား၊ ဂျာမဏီ၊ စပိန်၊ ကနေဒါ နိုင်ငံတို့တွင် လူကြိုက်များလျက် ရှိသည်။ CNNမှ ဆုကြေးငွေ ၁၂၅၀၀၀ ဒေါ်လာအပြင် ကွန်ပျုတာခန်း၊ စာကြည့်တိုက်၊ ဆေးခန်း တို့ကိုပါ လက်တွန်းလှည်း ကျောင်းဆရာငယ် အုပ်စုအတွက် လှုဒါန်းလိုက်သည်။

သတင်း CNN

Powered by Bullraider.com