ထိုင်းဝန်ကြီးချုပ် တောင်ပိုင်းဒေသ ကျောင်းဆရာများနှင့် တွေ့ဆုံမည်

အကြမ်းဖက်မှုတွေ ကူးစက်ပျံ့နှံ့နေတဲ့ဒေသတွင်း လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာဇီဝဟာ ကျောင်းဆရာများနဲ့ တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့ ပြောဆိုလိုက်ပါတယ်။

 

 

သူရဲ့ တနင်္ဂနွေနေ့ပုံမှန် သတင်းထုတ်လွှင့်ချိန်မှာ မစ္စတာအဘီဆစ် ပြောဆိုခဲ့တာကတော့ လုံခြုံရေး အချက် ၁၄ ချက်ကို မနက်ဖြန် တောင်ပိုင်း ကျောင်းဆရာများနဲ့တွေ့တဲ့အခါမှာ တင်ပြသွားမှာဖြစ်ပါတယ်။

“တောင်ပိုင်း သောင်းကျန်းမှုမှာ ဆရာတွေဟာ ပစ်မှတ်ဖြစ်လာရတယ်ဆိုတာကို ကျနော် ၀န်ခံပါတယ်။ ဒါကို ရပ်တန့်ဖို့ နည်းလမ်းတွေရှာရမှာပါ” ၀န်ကြီးချုပ်က ပြောခဲ့တာပါ။

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: BKK post

Powered by Bullraider.com