Facebook ကို ငြိတွယ်နေသူများ ကျောင်းပညာရေးအတွက် စိုးရိမ်ရ

ကျောင်းပညာရှာနေတုန်း ကာလတွေမှာ Facebook ကို ၀င်ပြီးချိတ်ဆက်နေသူများဟာ ရမှတ်တွေ အများကြီး နိမ့်ကျကြောင်း တွေ့ရှိထားပါတယ်။

 

Facebook ဖွင့်ထားပြီး ကျောင်းစာကို လုပ်နေသူတွေဟာ Facebook မသုံးသူတွေထက် ၂၀ ရာခိုင်နှုန်း အမှတ်လျော့နည်းနေတာပါ။

စိတ်ပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်ကတော့ လူငယ်တွေရဲ့ ဦးနှောက်တွေဟာ နည်းပညာ ကိရိယာတွေကို အသုံးပြုပြီးတော့ တစ်ချိန်တည်းမှာ အလုပ်မျိုးစုံကို လုပ်ဆောင်နိုင်တယ်ဆိုတဲ့ သီအိုရီကို ထိုးနှက်လိုက်ခြင်းလည်းဖြစ်တယ်။

“ပြဿနာကတော့ အခြားအလုပ်တွေ လုပ်နေတုန်းမှာလည်း Facebook နဲ့ အခြားလူမှု ကွန်ယက်ဆိုက် တွေရယ်၊ အီးမေလ်းတွေဟာ ချက်ခြင်း သတင်းပို့နေကြတာပါပဲ” ပါမောက္ခ ပေါလ်ကာရှ်နာက ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ လေ့လာတွေ့ရှိမှုနဲ့ အယင်တုန်းက လေ့လာထားတဲ့ဟာတွေက ဒီလိုပါ။  အလုပ်တွေကို ဟိုဖက်သည်ဖက် ချက်ခြင်းပြောင်းလုပ် နေနိုင်တာဟာ အချိန်တိုအတွင်းမှာ အလုပ်များများ ပြီးစီးတယ်ဆိုတဲ့ လူတွေထင်မြင် ယူဆထားချက် မှားယွင်းနေမှုပါ။ အမှန်တကယ်တမ်းမှာတော့ အချိန်ပိုကုန်တယ်။ အမှား များလွန်းတယ်။” သူက ထပ်ပြောခဲ့ပါသေးတယ်။

အသက် ၁၉ နှစ်နဲ့ ၅၄ နှစ်ကြား ကျောင်းသား ၂၁၉ ဦး သူတို့ သုတေသနအဖွဲ့က အမေရိကန်တက္ကသိုလ်တစ်ခုမှာ သုတေသနလုပ်ခဲ့ကြပါတယ်။

Facebook ကို အသုံးမပြုကြတဲ့ ကျောင်းသားများကတော့ ကျောင်းချိန်ပြင်ပမှာ ၈၈ ရာခိုင်နှုန်းပိုပြီးတော့ စာလေ့လာခွင့် ရကြပါတယ်။

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: ANI London

Powered by Bullraider.com