အနှစ် ၂၀၀ အတွင်း အသက်အငယ်ဆုံး ကင်းဘရစ်ကျောင်းသား

အသက် ၁၅ နှစ် အရွယ် ဗြိတိန် လူငယ်လေးတစ်ဦးဟာ အနှစ် ၂၀၀ အတွင်း ကင်းဘရစ်တက္ကသိုလ်မှာ တက်ရောက် သင်ကြားခွင့် ရရှိတဲ့ အသက်အငယ်ဆုံး ကျောင်းသားဖြစ်ပါတယ်။

ပညာရှင် အိုင်ဆက်နယူတန်နဲ့ ကမ္ဘာ့ပညာရှင်တွေက အခက်အခဲဆုံးလို့ သတ်မှတ်ထားတဲ့ ဘာသာရပ်ကို လေ့လာခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

လူငယ်လေး အာရန် ဖာရန်ဒက်ဇ်ကို ဖခင်ဖြစ်သူ နေးလ်က အိမ်မှာ စာသင်ကြားပေးခဲ့တာပါ။

နောက်လမှာ ဖစ်ဇ်ဝီလီရမ်ကောလိပ်မှာ သချာင်္ဘာသာရပ်ကို စတင်လေ့လာမှာဖြစ်ပါတယ်။ ဒါဟာ ၁၇၇၃ ခုနှစ်က အသက် ၁၄ နှစ်အရွယ် ၀ီလီယမ်ပစ် တက်ရောက်ခွင့်ရရှိတဲ့ နောက်ပိုင်းမှာ ကမ္ဘာ့အထင်ကရတက္ကသိုလ်ရဲ့ အငယ်ဆုံး ကျောင်းသားပါပဲ။

“လက်ချာတက်ဖို့ စောင့်နေတာပါ။ ပထမနှစ် စာအုပ်တွေကို စပြီးတော့ ဖတ်နေပါပြီ။ အဆင်ပြေပါတယ်။ သိပ်မခက်ခဲလှပါဘူး။ ကင်းဘရစ်တက္ကသိုလ်တက်ဖို့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် အရင်တုန်းကလည်း ပညာရေးမှာ အငယ်ဆုံးဆိုတဲ့ဂုဏ်ကို ရဖူးခဲ့တယ်လေ”

“ဒီ အငယ်ဆုံးဆိုတဲ့ ဂုဏ်က ကျနော့်အတွက် သိပ်အရေးမကြီးလှပါဘူး။ အခြားကျောင်းသားတွေနဲ့ နှိုင်းယှဉ်ဖို့မဟုတ်ဘဲ ကင်းဘရစ်ကျောင်းတက်ဖို့ကိုသာ ကျနော်က စိတ်ဝင်စားနေတာပါ။” အာရန်က ပြောခဲ့ပါတယ်။

သချာင်္ထူးချွန်သူလေးကို အသက် ၁၄ နှစ်အရွယ်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလက တက္ကသိုလ်ဝင်ခွင့် ပေးခဲ့တာပါ။

Tripos လို့ခေါ်ဝေါ်တဲ့ သူတက်ရမယ့် သင်္ချာဂုဏ်ထူးတန်းဟာ ကမ္ဘာ့ပညာရပ်နယ်ပယ်မှာ အခက်ခဲဆုံးဆိုပြီးတော့ သတ်မှတ်ထားတဲ့ပညာရပ် ဖြစ်ပါတယ်။ အိုင်ဆက်နယူတန်နဲ့ စတီဖင်ဟော့ကင်းတို့ တက်ရောက်ခဲ့ကြတဲ့ သင်တန်းလည်းဖြစ်ပါတယ်။

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: Cambridge news

Powered by Bullraider.com