အသက် ၆ နှစ် အရွယ် စာရေးဆရာငယ် စာအုပ် ၂၃ အုပ်အတွက် စာချုပ်ချုပ်ဆို

ဟယ်ရီပေါ်တာဇာတ်လမ်းများကို ကြိုက်နှစ်သက်သူ အသက် ၆ နှစ်အရွယ် စာရေးဆရာငယ်တစ်ဦးသည် စာအုပ် ၂၃ အုပ် ရေးသားရန်အတွက် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလိုက်သည်။

 

ကမ္ဘာကျော်စာရေးဆရာမဖြစ်သူ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများကို ရေးသားလျက်ရှိသူ ဂျေကေရိုလင်းထက်ပင် ပိုမို ကျော်ဇောလိုသည်ဟူ၍လည်း ဗြိတိန်နိုင်ငံသား လီယိုဟန်တာက ပြောဆိုခဲ့သည်။

သူ၏ ခွေးငယ်လေးနှင့် ပတ်သက်ပြီး “ကျွန်တော်နှင့် ကျွန်တော်၏ အကောင်းဆုံးသူငယ်ချင်း” စာအုပ်ကို ရေးသားခဲ့သည်။ စာရေးဆရာဖြစ်သူတစ်ဦးဖြစ်သူ မိခင်ဂျေမီက ထုတ်ဝေသူများနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကုမ္ပဏီ၊ Strategic Book Publishing မှ နှစ်သက်ခဲ့ပြီး နောက်ထပ် စာအုပ် ၂၃ အုပ်ထုတ်ဝေရန်အတွက် စာချုပ်ချုပ်ဆိုခြင်းဖြစ်၏။

ကလေး၏ ပုဂ္ဂလလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် မိခင်၏ ကလောင်နာမည်တု JS Huntlands အမည်ဖြင့် စာအုပ်များကို ရေးသားမည်ဖြစ်သည်။

“ကျနော် Harry Potter စာအုပ်တွေကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကျနော့်စာအုပ်တွေကို ပိုကြိုက်တယ်။ စာရေးနေရရင် သိပ်ပျော်တာပဲ။ စိတ်ဝင်စားစရာလည်းကောင်းတယ်။” လီယိုမှ ပြောပြခဲ့သည်။

သူ၏အောင်မြင်မှုအတွက် ကျောင်းမှ ဆရာဆရာမများအနေဖြင့် ကျေနပ်ပျော်ရွှင်မှုရှိသော်ငြားလည်း စာရေးရန် လေ့လာရဦးမည်ဖြစ်ကြောင်း ရီပို့ကဒ်တွင်မှတ်ချက်ပေးခဲ့ဖူးသည်။ စ၊ လယ်၊ ဆုံး ပုံစံဖြင့် ရေးသားရန်လိုအပ်သည်ဟူ၍ မှတ်ချက်ပြုခဲ့ကြဖူးခြင်းဖြစ်သည်။

မောက္ခ နိုင်ငံတကာပညာရေးသတင်း

Source: Indo-Asian News Service

Powered by Bullraider.com