အနာဂတ်အတွက် တရုတ်လူငယ်များ ကခုန်ကြ

ထိုင်ဝမ်နှင့် ပြည်မကြီးမှ တရုတ်လူငယ်များ အတူတကွ ယှဉ်တွဲကပြသည့် အစီအစဉ်တစ်ခုကို တရုတ်ပြည် အရှေ့ဖက် ရှန်ဒေါင်ပြည်နယ်၊ ကျင်တောင်မြို့တွင် ကျင်းပခဲ့သည်။ ထိုင်ဝမ်နှင့် ပြည်မကြီးရှိ လူငယ်များအကြား အကဖြင့် အပြန်အလှန် နားလည်မှုရှိရေး ခိုင်မြဲစေဖို့ ရည်ရွယ်ချက်ဖြင့် နှစ်ဖက် အစိုးရတို့မှ စီစဉ်ပေးခဲ့သည်။

SOLID BASIC SKILLS: Students from Taiwan's Taoyuan Leading Dance
Troupe perform Warriors (YE JIN)

ထိုင်ဝမ် အကအဖွဲ့နှစ်ဖွဲ့အနေဖြင့် ကျင်တောင်မြို့သို့ ပထဆုံးအကြိမ် အလည်အပတ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကျင်တောင်မြို့ဟောင်းရဲ့ ကောင်းကင်ပြာပြာ၊ လှပတဲ့ အဆောက်အဦဟောင်းများနှင့် တိတ်ဆိတ်တဲ့ လမ်းများကို နှစ်သက်မိကြောင်း ထိုင်ဝမ်လူငယ်များက ပြောကြသည်။

ထိုင်ဝမ်ရေလက်ကြားကို ဖြတ်လျက် ယဉ်ကျေးမှုပြန့်ကားအောင် ဖလှယ်ခြင်းအားဖြင့် ပြည်မကြီးနှင့် ကျွန်းနိုင်ငံအကြားရှိ တရုတ်ဂန္တ၀င်အက ကွဲပြားခြားနားမှု စတိုင်အသီးသီးတို့ကိုလည်း ညှိနှိုင်းနိုင်မည် ဖြစ်ကြောင်း၊ ရိုးရာနှင့် မော်ဒန် ပေါင်းစပ်နိုင်မည်ဖြစ်ကြောင်းနှင့် အကဆရာများ ကျောင်းများအနေဖြင့် အဆင့်မြင့်တရုတ်ယဉ်ကျေးမှုကို ပူးပေါင်း ကမ္ဘာကို တင်ဆက်နိုင်မည်ဖြစ်ကြောင်း ထိုင်ဝမ် အကအဖွဲ့ခေါင်းဆောင် ဇန်ယူဇောင်က China Daily News သတင်းစာကို ပြောခဲ့သည်။

သတင်း Beijing Review

Powered by Bullraider.com