‘အစိုးရ’စာလုံးက အဓိပ္ပာယ်ပြောင်းသဖြင့် စက်မှုကျောင်းသားတချို‹ ကျောင်းထုတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့က အစိုးရ စက်မှုသိပ္ပံ ကျောင်းသား တချို့ဟာ ကျောင်းဆိုင်းဘုတ်က အစိုးရ ဆိုတဲ့စာလုံးကို အဓိပ္ပာယ် ပြောင်းပစ်လိုက် တာကြောင့် ဒီရက်ပိုင်းမှာ ကျောင်းထုတ် ခံလိုက်ရပါတယ်။ ဒီကျောင်းသား ၆ ယောက်ဟာ ကျောင်းဆိုင်းဘုတ်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းပစ် လိုက်တာလား။ လက်ဆော့လိုက်သလား ဆိုတာကတော့ မသဲကွဲပါဘူး။ အခုတော့ ၆ ယောက်စလုံး ကျောင်းကနေ တနှစ် အပယ်ခံလိုက်ရပါပြီ။

စက်မှုတက္ကသိုလ်ကျောင်းတစ်ခု၏ မြင်ကွင်းပုံ

ကျောင်းသားအသိုင်းအဝိုင်းက အမည်မဖော်လိုသူတယောက် ပြောပြတာ က “အခုက အောက်က အစိမ်းခံ ဆိုင်းဘုတ်ပေါ်မှာ အဖြူရောင် သင်္ဘောဆေးနဲ့ သံပြားပေါ်မှာ ရေးထားတာဗျ။ အစိုးရစက်မှုလက်မှုသိပ္ပံ ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ် ပေါ့။ အဲဒီက ‘စိုး’ဆိုတဲ့ တချောင်းငင်နဲ့ ဝစ်စနှစ်လုံးပေါက်ကို ဖျက်လိုက်တဲ့အခါကျ တော့ ‘အစိရစက်မှုလက်မှုသိပ္ပံ’ ဆိုပြီး ဆိုင်းဘုတ်က ဖြစ်သွားတာပေါ့။ “အဲလို ဆိုင်းဘုတ်ဖျက်တဲ့ကိစ္စပေါ့။ အဲဒီကိစ္စကို ဆရာကြီးက ကျောင်းသား မိဘတွေကို ခေါ်ပြီး ကျောင်းတနှစ်နားတယ်ဆိုပြီး တနှစ် ကျောင်းထုတ်လိုက်တဲ့ သ ဘောပေါ့ဗျာ။ GTI ကျောင်းသား ဒုတိယနှစ်ရော၊ B.Teach ကျောင်းသားတွေရော ပါတယ်လို့ ပြောတယ် အဲဒီ ၆ ယောက်ထဲမှာ။ အကုန်လုံး ယောကျာ်းလေးတွေ ချည်းပဲ။” “အစိုးရ” ဆိုတဲ့ စာလုံးကို အရဆကသအိးပ္ပာယ်ပြောင်းလွှဲပစ်တဲ့ ကိစ္စကို အမှုဖွင့် အ ရေးယူဖို့ ရဲစခန်းကတောင်းတာကို ကျောင်းအုပ်ကြီးက ကျောင်းသားကိစ္စကို သူ့ ဘာသာ အရေးယူမယ်ဆိုပြီး ငြင်းလိုက်တာကြောင့် ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားတာ လို့ သိရပါတယ်။ “ဒီကိစ္စက အထိမခံတဲ့ ပြဿနာဆိုတော့ သူတို့က ကျောင်းသားဆိုရင် အရေးယူဖို့လောက်ပဲ တချိန်လုံး ချောင်းနေတာကိုးဗျ။ ဆရာကြီးတွေကလည်း သူ တို့ လုပ်ချင်မှာတော့ မဟုတ်ဘူး။ သို့သော်လည်းပဲ သူတို့ အထက်မှာ ဆရာ့ဆရာ ကြီးတွေ၊ ဆရာကြီးတွေကို အနိုင်ကျင့်မယ့်သူက ရှိနေတဲ့အခါကျတော့ ကလေးတွေ ကို ကျောင်းထုတ်တယ်ပေါ့။ နားတယ်ပေါ့။ အဲလိုဖြစ်သွားတာ။” မြန်မာပြည် မြို့တော်တော်များများမှာရှိတဲ့ အစိုးရစက်မှုလက်မှုကျောင်းတွေ ဟာ ၂၀ဝ၀ ခုနှစ် နောက်ပိုင်းမှာ AGTI, B.Tech စတဲ့ အငယ်တန်း အင်ဂျင်နီ ယာဘွဲ့တွေပေးတဲ့ ကောလိပ်သဘောမျိုး ဖြစ်လာပေမယ့် တကယ်တမ်း အဆင့်မမီ ဘူးလို့ နာမည်ကြီးပါတယ်။ ဒီလိုကျောင်းတွေက ဘွဲ့ရရင်လည်း သက်ဆိုင်ရာဘာသာရပ်နဲ့ အလုပ်မရကြ တာက အများစု ဖြစ်ပါတယ်။ ဒီရေနံချောင်းစက်မှုလက်မှုကျောင်း ဆိုတာလည်း ကောလိပ်သဘောမျိုး ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး ကျောင်းသား တထောင်ဝန်း ကျင် ရှိတယ်လို့ သိရပါတယ်။

Source : DVB

Powered by Bullraider.com