ပြည်ခိုင်ဖြိုးကို မဲပေးရန် ရန်ကုန်တက္ကသိုလ် ထဲတွင် ပညာရေး ဒု - ဝန်းကြီး ဟောပြော

၂၁ ဇူလိုင် ၂၀၁၀ ရန်ကုန် တက္ကသိုလ်ရှိ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် စစ်အုပ်ချုပ်ရေးနဲ့ပဲ ဆက်သွားရမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဌာန ဒု - ဝန်ကြီးက ပြောဆို စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ပညာရေး ဒု - ဝန်ကြီး ဦးအောင်မျိုးမင်းက  လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့နဲ့ အဲဒီလို မဟုတ်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်မျိုးပဲ ဖြစ်လာမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ပဲ ဆက်သွားရမှာလို့ ပြောကြားခဲ့တာပါ။

ဦးအောင်မျိုးမင်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ် ဆရာမတဦးက ပြောပြပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောင်ပွဲတုန်းကနဲ့ အခု မတူဘူး ၊ ၉၀ ခုနှစ်တုန်းကတော့ တစည မဲမပေးဘဲနဲ့ အန်အယ်ဒီကို မဲပေးလိုက်တဲ့အတွက် အန်အယ်ဒီဟာ အကုန်းလုံး အနိုင်ရရှိသွားတယ်။ ဒါပေမယ့် အခုအခါမှာတော့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီ ၄၃ ပါတီ ရှိတယ် အဲဒီ ၄၃ ပါတီ ရှိတဲ့အခါကျတော့ အရင်တခါလိုပဲ့ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်က စစ်တပ်က ပြန်ပြီး အာဏာသိမ်းတာမျိုးကိုတော့ အဖြစ်မခံနိုင်ပါဘူး၊ သူ့သဘောက အနှစ်ချုပ်လိုက်ရင် ကြံ့ခိုင်ရေးစစ်တပ်ကို မဲပေးဖို့ နောက်ဆုံး အနှစ်ချုပ်က အဲဒါပဲ”

ဒု ဝန်းကြီးရဲ့ ဟောပြောစည်းရုံးမှုဟာ တနာရီခန့်ကြာမြင့်ပြီး ဆရာ ဆရာမတွေကရော ကျောင်းသူ ကျောင်းသားတွေကပါ စိတ်ဝင်စားမှု မရှိဘူးလို့လည်း အဲဒီ တက္ကသိုလ်ဆရာမကပဲ ဆက်ပြောပါတယ်။

“ ကျမတို့က အပြန်အလှန် မေးခွန်းထုတ်လို့ မရဘူး။ ဒီမြင်းကွင်းက အရမ်းထူးဆန်းတာ။ အိပ်တဲ့သူက အိပ်နေလိုက်တယ်။ဒီကိစ္စကို လုံးဝ စိတ်မဝင်စားဘူး၊ စိတ်မဝင်စားဘူးဆိုတာ စပြောကတည်းကိုးက ရွေးကောက်ပွဲ သူတို့ မဟုတ်တာ ပြောမယ်ဆိုတာ သိတဲ့အခါကျတော့ အေးအေးဆေးဆေး နေလိုက်တယ်။

“ နားထောင်ပြီး သူပြောတဲ့ စကားကို ပြန်တားတယ်၊ တချို့ကျတော့ စာရွက်စာတမ်းတွေနဲ့ တယောက်က လက်ဆင့်ကမ်းလိုက် တယောက်က ပြောလိုက် ရယ်လိုက်မောလိုက်နဲ့ ဟားတိုက်နေတော့ သူတို့နဲ့ ပတ်သက်တဲ့ အမျိုးသမီးထင်တယ်၊ တတန်းပြီးတတန်းကို လိုက်ပြီး ကျမတို့ နောက်ဘက်က လူတွေကို လိုက်ပြီးတော့ အပေါက်တွေ ပိတ်ထားလိုက်ဆိုပြီး မျက်နှာထား တင်းတင်းနဲ့ လိုက်ပြောတယ်။ လန့်စရာ သိပ်ကောင်းတာပဲ စင်ပေါ်ကလူကလည်း ဟိန်းလား ဟောက်လား ခြောက်ကားနဲ့ အောက်ကလူကလည်း အဲလိုမျိုး ပြောတယ်၊ တကယ်ထူးဆန်းတယ်၊ စိတ်လည်း ပျက်သွားတယ်၊ ”

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းနဲ့ ဒု - ဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်တဲ့ ဦးအောင်မျိုးမင်းဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကလည်း အထက်မြန်မာပြည်က တက္ကသိုလ်တွေမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ ဟောပြောစည်ရုံးမှုမျိုးတွေ ပြုလုပ်ခဲ့ပြီး ထပ်မံပြုလုပ်ဖို့လဲ ရှိတယ်လို့လည်း ပညာရေး လောကသားတချို့က ဆိုပါတယ်။

လက်ရှိအနေမှာတော့ နအဖစစ်အစိုးရ ဝန်းကြီးချုပ်ဗိုလ်ချုပ်ဟောင်းကြီး ဦးသိန်းစိန် ကိုယ်တိုင်ပါဝင်ပြီး အရပ်ဝတ် လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းဝန်ကြီးတွေကိုယ်တိုင်လည်း ဝန်ကြီးဌာနတိုင်းလိုလိုမှာ အခုလို မဲဆွဲစည်းရုံးမှုမျိုးတွေ ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်တုန်းကလည်း ဝန်ထမ်းတွေ ကြိုတင်ထောက် ခံမဲတွေထည့် ဖို့ညွန် ကြားခဲ့တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာလည်း အဲဒီလိုပြုလုပ်မှာပဲ ဖြစ်တယ်လို့ အစိုးရ ဝန်ထမ်း တချို့က ဆိုကြပါတယ်။

Source : DVB

ပြည်ခိုင်ဖြိုးကို မဲပေးရန် ရန်ကုန်တက္ကသိုလ်ထဲတွင် ပညာရေး ဒု - ဝန်းကြီး ဟောပြော

အံ့ဘုန်းမြတ်

၂၁ ဇူလိုင် ၂၀၁၀ ရန်ကုန်တက္ကသိုလ်ရှိ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် စစ်အုပ်ချုပ်ရေးနဲ့ပဲ ဆက်သွားရမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဌာန ဒု - ဝန်ကြီးက ပြောဆို စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ပညာရေး ဒု - ဝန်ကြီး ဦးအောင်မျိုးမင်းက  လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့နဲ့ အဲဒီလို မဟုတ်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်မျိုးပဲ ဖြစ်လာမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ပဲ ဆက်သွားရမှာလို့ ပြောကြားခဲ့တာပါ။

ဦးအောင်မျိုးမင်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ် ဆရာမတဦးက ပြောပြပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောင်ပွဲတုန်းကနဲ့ အခု မတူဘူး ၊ ၉၀ ခုနှစ်တုန်းကတော့ တစည မဲမပေးဘဲနဲ့ အန်အယ်ဒီကို မဲပေးလိုက်တဲ့အတွက် အန်အယ်ဒီဟာ အကုန်းလုံး အနိုင်ရရှိသွားတယ်။ ဒါပေမယ့် အခုအခါမှာတော့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီ ၄၃ ပါတီ ရှိတယ် အဲဒီ ၄၃ ပါတီ ရှိတဲ့အခါကျတော့ အရင်တခါလိုပဲ့ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်က စစ်တပ်က ပြန်ပြီး အာဏာသိမ်းတာမျိုးကိုတော့ အဖြစ်မခံနိုင်ပါဘူး၊ သူ့သဘောက အနှစ်ချုပ်လိုက်ရင် ကြံ့ခိုင်ရေးစစ်တပ်ကို မဲပေးဖို့ နောက်ဆုံး အနှစ်ချုပ်က အဲဒါပဲ”

ဒု ဝန်းကြီးရဲ့ ဟောပြောစည်းရုံးမှုဟာ တနာရီခန့်ကြာမြင့်ပြီး ဆရာ ဆရာမတွေကရော ကျောင်းသူ ကျောင်းသားတွေကပါ စိတ်ဝင်စားမှု မရှိဘူးလို့လည်း အဲဒီ တက္ကသိုလ်ဆရာမကပဲ ဆက်ပြောပါတယ်။

“ ကျမတို့က အပြန်အလှန် မေးခွန်းထုတ်လို့ မရဘူး။ ဒီမြင်းကွင်းက အရမ်းထူးဆန်းတာ။ အိပ်တဲ့သူက အိပ်နေလိုက်တယ်။ဒီကိစ္စကို လုံးဝ စိတ်မဝင်စားဘူး၊ စိတ်မဝင်စားဘူးဆိုတာ စပြောကတည်းကိုးက ရွေးကောက်ပွဲ သူတို့ မဟုတ်တာ ပြောမယ်ဆိုတာ သိတဲ့အခါကျတော့ အေးအေးဆေးဆေး နေလိုက်တယ်။

“ နားထောင်ပြီး သူပြောတဲ့ စကားကို ပြန်တားတယ်၊ တချို့ကျတော့ စာရွက်စာတမ်းတွေနဲ့ တယောက်က လက်ဆင့်ကမ်းလိုက် တယောက်က ပြောလိုက် ရယ်လိုက်မောလိုက်နဲ့ ဟားတိုက်နေတော့ သူတို့နဲ့ ပတ်သက်တဲ့ အမျိုးသမီးထင်တယ်၊ တတန်းပြီးတတန်းကို လိုက်ပြီး ကျမတို့ နောက်ဘက်က လူတွေကို လိုက်ပြီးတော့ အပေါက်တွေ ပိတ်ထားလိုက်ဆိုပြီး မျက်နှာထား တင်းတင်းနဲ့ လိုက်ပြောတယ်။ လန့်စရာ သိပ်ကောင်းတာပဲ စင်ပေါ်ကလူကလည်း ဟိန်းလား ဟောက်လား ခြောက်ကားနဲ့ အောက်ကလူကလည်း အဲလိုမျိုး ပြောတယ်၊ တကယ်ထူးဆန်းတယ်၊ စိတ်လည်း ပျက်သွားတယ်၊ ”

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းနဲ့ ဒု - ဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်တဲ့ ဦးအောင်မျိုးမင်းဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကလည်း အထက်မြန်မာပြည်က တက္ကသိုလ်တွေမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ ဟောပြောစည်ရုံးမှုမျိုးတွေ ပြုလုပ်ခဲ့ပြီး ထပ်မံပြုလုပ်ဖို့လဲ ရှိတယ်လို့လည်း ပညာရေး လောကသားတချို့က ဆိုပါတယ်။

လက်ရှိအနေမှာတော့ နအဖစစ်အစိုးရ ဝန်းကြီးချုပ်ဗိုလ်ချုပ်ဟောင်းကြီး ဦးသိန်းစိန် ကိုယ်တိုင်ပါဝင်ပြီး အရပ်ဝတ် လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းဝန်ကြီးတွေကိုယ်တိုင်လည်း ဝန်ကြီးဌာနတိုင်းလိုလိုမှာ အခုလို မဲဆွဲစည်းရုံးမှုမျိုးတွေ ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်တုန်းကလည်း ဝန်ထမ်းတွေ ကြိုတင်ထောက် ခံမဲတွေထည့် ဖို့ညွန် ကြားခဲ့တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာလည်း အဲဒီလိုပြုလုပ်မှာပဲ ဖြစ်တယ်လို့ အစိုးရ ဝန်ထမ်း တချို့က ဆိုကြပါတယ်။

Powered by Bullraider.com