SAW စာသင်ကျောင်းတွင် ၆၃ နှစ်မြောက် အာဇာနည်နေ့ ကျင်းပ

(၆၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို “အမျိုးသမီးများအတွက် လူမှု စောင့်ရှောက်ရေးအဖွဲ့ (SAW)” ၏ 28 Children Group မှ ဦးစီး၍ ဇူလိုင်လ (၁၉) ရက် တနင်္လာနေ့၊ နေ့လည် (၁း၀၀) နာရီ အချိန်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွေပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထားသည့် SAW စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားကို SAW ကျောင်းမှ ကျောင်းသား/ သူကလေးများ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကလေးများကိုယ်တိုင် အာဇာနည်နေ့နှင့် ပတ်သက်၍ ဟောပြောခဲ့ ကြောင်း သိရသည်။

Source : ဒေါက်တာလွဏ်းဆွေဘလော့

Powered by Bullraider.com