၉၀ ပြည့်လွန် မျိုးဆက်က တရုတ်ပြည် ဦးဆောင် မှာတဲ့လား

တရုတ်ပြည် ၁၉၉၀ ပြည့်လွန်နောက်ပိုင်း မွေးဖွား လာသည့် ဆယ်ကျော်သက်များကို '၉၀ အလွန် မျိုးဆက်'ဟု အမည်ပေးထားသည်။ သူတို့သည် ပျင်းလွန်း၊ တစ်ကိုယ်ကောင်းဆန်လွန်း၊ အယူအဆ မဲ့လွန်း၊ မျှော်လင့်ချက်မဲ့လွန်း၊ ကြုံသလို လိင်ဆက်ဆံလွန်း၊ နည်းပညာမှလွဲပြီး ဦးနှောက်ထဲ ဘာမှ လေးလေးနက်နက် မရှိလွန်းသူများဟု လူကြီးများက ကြည့်မရ ဖြစ်နေသည်။

၉၀ အလွန်မျိုးဆက်များသည် သူတို့အရင် မွေးဖွားသူ မျိုးဆက်များနှင့် ကွားခြားလှသည်။ တရုတ်ပြည်ရဲ့ ကသောင်းကနင်း နှစ်ကာလများနှင့် ပတ်သက်လို့ ကြုံတွေ့မှတ်သားစရာ သူတို့တွင် မရှိ။ သူတို့ လက်ရှိကြုံတွေ့ နေရသည့် ဂလိုဘယ်လိုက် ဇေးရှင်းနှင့် စားသုံးသူဝါဒကြောင့် ဖြစ်ပေါ်လာသော အလျင်အမြန် စီးပွားရေးတိုးတက်မှုသည်သာ ၉၀ ပြည့်လွန် မျိုးဆက်သစ်တို့ ဦးနှောက်ထဲတွင် ရှိသည်ဟု ဆိုသည်။

ပေကျင်း အခြေစိုက် အင်တာနက်ပညာရှင် ဖရန့်ယု က “သူတို့ဟာ ထိလွယ်ခိုက်လွယ် မျိုးဆက်ပဲ။ ပြင်ပကိုပဲ ကြည့်တယ်။ အခက်အခဲ ဒုက္ခတွေလည်း မခံစားဘူးဖူး။ အင်တာနက်နဲ့ ဖက်ကြီးလာတဲ့ ပထမဆုံး မျိုးဆက်ပဲ။ အရင် တရုတ်မှာ နှစ်ပေါင်း ထောင်ချီ အရိုးစွဲနေတဲ့ ယဉ်ကျေးမှု စံတန်ဖိုးတွေကနေ လမ်းခွဲထွက်ပြီး၊ အွန်လိုင်းကို တရုတ် ရိုးရာ အစဉ်အလာ အဘိုးအဖွား အဖေအမေတို့ထက် ပိုချစ်နေကြတယ်” လို့ ပြောပြသည်။

“သူတို့ စဉ်းစားတွေးခေါ်မှုကလည်း အင်တာနက်ထဲကလာတယ်။ အင်တာနက်က တရုတ်ရဲ့ မိသားစုပုံစံကနေ တစ်ဦးချင်းပုံစံဖြစ်သွာအောင် သူတို့ကို ပုံသွင်းပေးနေတယ်။ အမှီအခိုမဲ့လာတယ်။ အွန်လိုင်းပေါ်ကနေ လူတကာကို ဝေဖန်လာတယ်။ အမှားလုပ်မိ ပြောမိမှာလည်း မကြောက်ကြဘူး။ ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေလည်း အချင်းချင်း ဖလှယ်ကြတယ်။ အစိုးရအတင်းလည်း နာမည်ဝှက်ပေါင်းစုံနဲ့ ရေးကြတယ်။ နိုင်ငံတကာကို ပတ်ပြီး အွန်လိုင်းမိတ်ဖွဲ့ကြတယ်” လို့လည်း ဖရန့်ယူက ပြောပြသည်။

ထို အွန်လိုင်းမှလွဲပြီး ဘာကိုမှ အထင်မကြီးကြသော ၉၀ နှစ်လွန် မျိုးဆက်သစ်များကို မျိုးဆက်ဟောင်း တရုတ် ဘိုးဘိုး ဘွားဘွား အကိုအမများက မျက်စိစားပါးမွှေးဆူးနေကြသည်။ သူတို့သာ တရုတ်ပြည်ကြီး ဦးဆောင်ရင်တော့ ဆိုပြီး ရင်မနေကြသည်ဟု သိရသည်။

CNN (20 July, 2010)

Powered by Bullraider.com