FED ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း(FED)က ကြီးမှူး၍ ပညာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လ ၉ နှင့် ၁၀ ရက်နေ့များက ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော လူငယ့် သိပ္ပံကျောင်းတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်း၏ ပညာရေးဌာနမှ တာဝန်ခံ ဦးမင်းသိမ်းကျော် က “ကျနော်တို့ အနေနဲ့ ဆရာဆရာမတွေရဲ့ စွမ်းရည် မြှင့်တင်နိုင်ဖို့၊ သင် ကြားနည်း စနစ်တွေနဲ့ သင်ထောက်ကူ ပစ္စည်းတွေကို ဘာသာရပ်နဲ့ သင်ခန်းစာခေါင်းစဉ်အလိုက် အဆင်ပြေ ပြေအသုံးချ တတ်ဖို့” စတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပါဟု ပြောကြားသွားခဲ့သည်။

ဆွေးနွေးပွဲကို မဲဆောက်အခြေစိုက် Curriculum Project မှ Project မန်နေဂျာ Mr.Kyle က ဦးဆောင် ၍ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်းမှ ပညာရေးဝန်ထမ်းဆဆရာဆရာမ ၂၀ ဦး ပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စာသင်ခန်း စီမံခန့်ခွဲမှု၊ သင်ကြားနည်း စနစ်များနှင့် သင်ထောက်ကူပစ္စည်း အသုံးပြုမှုများကို အဓိကထား၍ ဆွေးနွေးသွားခဲ့သည်။မေလ(၂၈/၂၉/၃၀)ရက်နေ့များကလည်း (FED) ပညာရေးဌာန၏ ဆရာ/မများအတွက် စွမ်းရည်မြှင့်တင်ရေးနှင့်သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

2010-2011ပညာသင်နှစ်တွင် ပညာရေးနှင့်ဖွံ့ဖြိုးတက်မှုဖောင်ဒေးရှင်း(FED)မှ ရွှေ့ပြောင်းမြန်မာ ကလေးများစာသင်ကျောင်း(၈)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း(၂)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါ ကျောင်းများတွင် ကျောင်းသား/သူ စုစုပေါင်း (၆၀၀)ခန့် ပညာသင်ယူလျက်ရှိကျောင်း သိရပါသည်။

Powered by Bullraider.com