မစ်ရှီဂန် ဆရာမကျောင်းသားနှင့် လိင်ဆက် ဆံကြောင်း စွပ်ဆွဲခံရ

မစ်ရှီဂန် ပြည်နယ် ဖရီးလန်း မြို့ရှိ ယခင် အထက်တန်းပြ ဆရာမသည် အသက် ၁၈နှစ် မပြည့်သေးသော ကျောင်းသားလေးကို စည်းရုံးသွေးဆောင် လိင်ဆက်ဆံ ခဲ့ကြောင်း  Midland Country တရားရုံးက သောကြာ နေ့က ပြောကြားခဲ့သည်။

Midland Country

အသက် ၃၃ နှစ်အရွယ် အိမ်ထောင် နှစ်ဆက်ကျပြီးသူ ဆရာမ Marcie Rousseau က ၂၀၀၉ မေလမှ ယခုနှစ် ဖေဖော်ဝါရီ လအထိ ကျောင်းသားငယ်နှင့် အတူ အမြဲ အိပ်ခဲ့ကြောင်း ရှေ့နေက စွဲချက်တင်သည်။ ကလေးကို ကားနှင့်တင်ခေါ်ပြီး နယ်စပ် တစ်လျှောက် မောင်းနှင်သွားပြီး ရာဇ၀တ်မှုဆိုင်ရာ မဖွယ်မရာ ကိစ္စကို ပြုမှုလေ့ ရှိသည်ဟု ရှေ့နေက ထွက်ဆိုသည်။ Rousseau ကတော့ သူမတွင် အပြစ်မရှိကြောင်း တရားရုံးတွင် ဖြေရှင်း ပြောကြားသည်။

ဆရာမများ၏ ကျောင်းသားငယ်များနှင့် လိင် အရှုပ်တော်ပုံမှာ အမေရိကန် ပြည်ထောင်စုတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဖလော်ရီဒါ ပြည်နယ်မှ အသက် ၂၅ နှစ်ရှိ ဆရာမ Kristen Sullivan သည် အသက် ၁၄ နှစ် အရွယ် ကျောင်းသားကလေးနှင့် အတူ ဆက်ဆံခဲ့၍ ပြီးခဲ့သည့် ဧပြီလတွင် အဖမ်းခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် ဖလော်ရီဒါ ပြည်နယ်မှ ဆရာမ Stephanie Ragusa ကိုလည်း အသက်မပြည့် ကျောင်းသား နှစ်ယောက်နှင့် ဆက်ဆံခဲ့၍ ထောင် ၁၀နှစ် ချပစ်ခဲ့သည်။

Source : Freedom News Group

Powered by Bullraider.com