ကလေးများအတွက် ဂျပန်မိဘများတောင်းပန်

http://ichef-1.bbci.co.uk/news/560/cpsprodpb/7F20/production/_93144523_gettyimages-595431308.jpg

ဂျပန်နိုင်ငံတွင် တောင်းပန်ခြင်းဓလေ့ အလွန်ခေတ်စားလျက်ရှိရာ “တောင်းပန်ခြင်းသတင်းစာရှင်းလင်းပွဲ” တစ်ခုကို မိဘများကကြီးမှူးကျင်းပခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ရုပ်ရှင်သရုပ်ဆောင် မင်းသမီး အက်စုကို တာကာဟာတသည် သူမ၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူအတွက် တောင်းပန်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။ သူမ၏ သားဖြစ် သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခု ကျူးလွန်သည်ဆိုကာ တရားစွဲထားပြီးမှ ပြန်လွှတ်လိုက်သည်ဆိုသော် လည်း မိခင်ဖြစ်သူက အဖမ်းခံရစဉ်ကတည်းက တောင်းပန်မှုများ ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်ကလည်း ရုပ်သံအသံလွှင့်အစီအစဉ်များ ကြေညာသူ မီနို မွန်တာက အသက် ၃၁ နှစ်အရွယ် သူ၏သားဖြစ်သူအတွက် တောင်းပန်ပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။ သူ၏သားသည် ခိုးမှုတစ်ခု ကျူးလွန်ရန် အားထုတ်ခဲ့သောကြောင့်ဖြစ်သည်။

“မိဘတစ်ဦးအနေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်” ဟု မစ္စတာ မီနိုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဆာဂါမီဟာရာအရပ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် သားဖြစ်သူ လူများကို ဓားနှင့်လိုက်ထိုးသဖြင့် ၁၉ ဦး ထိခိုက်ဒဏ်ရာရမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖခင်ကိုယ်တိုင်က သားဖြစ်သူ၏ လုပ်ရပ်အတွက် သတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းပန်ခဲ့ပါသည်။

၂၀၀၈ ခုနှစ် အစောပိုင်းကလည်း အကီဟာဘာရာ လမ်းတွင် ဈေးဝယ်ထွက်လာသည့် လူများကို အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ဓားဖြင့်လိုက်ထိုးသဖြင့် လူ ၇ ဦးသေဆုံးခဲ့ရသည်။

“ကျွန်တော်တို့သားဟာ ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါ။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို စိတ်ရင်းနဲ့ တောင်းပန်ပါရစေ” ဟု မိဘများက သတင်းစာရှင်းလင်းပွဲလုပ်ပြီးတောင်းပန်ခဲ့သည်။

သူတို့နိုင်ငံက တောင်းပန်သည်ဆိုခြင်းမှာ သာမန် အပြောသက်သက်မဟုတ်။ လူကြားထဲထွက်ကာ ပြောလည်း ပြော ဦးညွှတ်လည်းတောင်းပန်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် တောင်းပန်ခြင်းဆိုသည်မှာ စိတ်ဓာတ်နှင့်ဆက်စပ်သည်။ သူတို့က အပြစ်ရှိလျှင် တာဝန်ယူသည် တာဝန်ခံပါသည်ဆိုပြီး ရဲရဲဝံ့ဝံ့တောင်းပန်ကြခြင်းဖြစ်သည်။ ရှေး ဆာမူရိုင်းခေတ်ကတည်းက အမြစ်တွယ်လာ သည့် ဂျပန်ရိုးရာဓလေ့တစ်ခုကို ဂျပန်တို့ ယနေ့တိုင် ဆက်လက်ထိန်းသိမ်းတောင်းပန်တတ်ကြသည်မှာ အတုယူ လေးစားစရာဖြစ်ပါသည်။

Powered by Bullraider.com