ဝါရှင်တန် လူငယ်အကယ်ဒမီ သင်တန်းဆင်း

https://photos.smugmug.com/Class-16-1-Memories/Class-16-1-Favorites/i-KHRZBLB/2/M/IMG_6902-M.jpg

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ဝါရှင်တန် လူငယ် အကယ်ဒမီသင်တန်းကျောင်း ဆင်းပွဲပြုလုပ်ရာ လူငယ်ကျောင်းသား ၁၄၉ ကို သင်တန်းပေးနိုင်ခဲ့ကြောင်း The Chronicle သတင်းတွင် ဖော်ပြ ထားသည်။

လူငယ်များကို စစ်သင်တန်းပေးခြင်းအား National Guard Youth ChalleNGe Program အစီအစဉ်အနေဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းသို့ ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ သင်တန်းသားများ တက်ရောက်ကြပြီး အမိန့်နာခံခြင်း၊ စစ်စည်းကမ်းလိုက်နာခြင်းများနှင့် စစ်ရေးအတတ်များကို သင်ပေးလိုက်သည့်အပြင် မိမိတို့ ကျောင်းသို့ပြန်ရောက်လျှင်လည်း ဒီပလိုမာလက်မှတ်တစ်ခုကိုပြန်ရမည်ဖြစ်ကြောင်း သင်တန်းကျောင်းက သတင်းထုတ်ပြန်သည်။

“ဤသင်တန်းသည် သူတို့ဘဝအတွက် အစဖြစ်ကြောင်း၊ အဆုံးမဟုတ်ကြောင်း” သင်တန်းဆင်းပွဲတွင် ဗိုလ်မှူး ကြီး ဘရက် ဒေါဟာသီကပြောကြားသည်။

လူငယ်အကယ်ဒမီသို့ ခေါ်ယူလေ့ကျင့်ပေးရခြင်းသည် လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုနိုင်ရန်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ဂုဏ်ယူတတ်စေရန်သာမက လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ခုလုံး အားထားရသူများဖြစ်စေရန် ဆက်လက်ကြိုးစားသွားစေလိုကြောင်း ယင်းကဆိုသည်။

ယင်းစစ်သင်တန်းသည် လက်ရှိအတန်းတွင် ပညာသင်ကြားနေသည့်အမှတ် ၉၀ ဒသမ ၁ ရာခိုင်နှုန်းခန့်ကို အထောက်အကူပြုပေးပြီး သင်တန်းတွင် အကောင်းဆုံး စွမ်းဆောင်နိုင်သူများသည် ကျောင်းရမှတ်တွင် ထည့် ပေါင်းပေးခြင်းခံရမည်ဖြစ်သည်။

၂၂ ပတ်ကြာသည့် ထိုစစ်သင်တန်းကို အထက်ကျောင်းသားများသည် ကြိုးစားတက်ရောက်ကြရပြီး ဘာသာရပ် ၈ ခုတွင် ထူးချွန်အောင် လုပ်ဆောင်နိုင်မှ ဒစ်ပလိုမာလက်မှတ်အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ် သည်။

သင်တန်းတက်သည့် ကျောင်းသားများသည် ၂၀၀၁ ခုနှစ်ကတည်းက ၈၁၈၁ နာရီ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့ကြပြီး၊ သွေးလှူဒါန်းခြင်းနှင့် အခြားလူမှုရေးလုပ်ငန်းများကိုပါ ပူးပေါင်းတာဝန်ထမ်းဆောင်ကြရသည်။

ကျောင်းသားများကို စစ်ပညာအပြင်၊ စည်းကမ်းလိုက်နာခြင်း၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်တတ်မှုကို ဦးစား ပေးစေခြင်း အထက်တန်းကျောင်းပြီးလျှင် ဘဝအတွက်အသင့်ဖြစ်စေရန် ဤသင်တန်းကိုဖွင့်ထားခြင်းဖြစ်ကာ ၂၀၁၇ နှစ် ဇန်နဝါရီလတွင် သင်တန်းသစ်များကို ပြန်လည်စတင်မည်ဟု The Chronicla တွင်ရေးသားထား သည်။

Powered by Bullraider.com