သမ္မတသစ် ဒေါ်နယ် ထရမ့် ကွန်ပျူတာကို အယုံအကြည်မရှိဟုဆို

http://www.heraldscotland.com/resources/images/5174585.jpg?display=1&htype=0&type=responsive-gallery

သမ္မတဟောင်းအဖြစ် အိုဘာမား အိမ်ဖြူတော်ကို စွန့်ခွာရန် အချိန်နီးလာချိန်တွင် စမတ်ဖုန်းကို စည်းရုံးရေး အတွက် အများဆုံး အသုံးပြုခဲ့ပြီး၊ ဆိုရှယ်မီဒီယာကို သမ္မတများထဲတွင် အများဆုံးအသုံးပြုခဲ့သည့် အိုဘားမား နေရာတွင် ဆက်ခံမည့် ထရမ့်သည် ကွန်ပျူတာကိုအယုံမရှိသူဖြစ်ကြောင်း ပြောကြားသည်ဟု USA Today သတင်းတွင် ဖော်ပြထားသည်။

ထရမ့်က သူ့အနေဖြင့် ရှေးခေတ်စာပို့နည်းစနစ်ကိုသာ သဘောကျကြောင်း၊ နည်းပညာကို မမှီခိုရသည့် ရှေးခေတ် နည်းများသည် လုံခြုံရေးအတွက် စိတ်အချရဆုံးနှင့် သတင်းများ ပေးပို့ရာတွင် အကောင်းဆုံးဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်ဟု ယင်းသတင်းကဆိုသည်။

“အရေးကြီးတာတွေဆိုရင် ချရေးပြီးတော့ စာပို့သမားနဲ့ပို့မယ်။ နည်းဟောင်းကပဲကောင်းတယ်။ ကျုပ်ပြော ချင်တာက ဘယ်ကွန်ပျူတာမှ စိတ်မချရဘူးဆိုတာပဲ” ဟု ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သတင်းသမားများအား ထုတ်ဖော်ပြောကြားခဲ့သည်။

ထရမ့်သည် အီးမေးလ်နှင့် အင်တာနက်ကို လုံးဝအသုံးပြုသူတစ်ဦးမဟုတ်ဘဲ ယခင်ကတည်းကလည်း ကွန်ပျူတာကို လူသားဘဝကို ရှုပ်ထွေးစေရန် လုပ်ဆောင်နေသည့်အရာဟု ကန့်ကွက်ပြောဆိုခဲ့ဖူးသည်။

အိုဘားမားသည် နည်းပညာကို ရူးသွပ်သူတစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာနှင့် အီးမေးလ်ကို အများဆုံး အသုံးပြုသူ ဖြစ်ကာ သူသမ္မတအဖြစ် တာဝန်ယူနေစဉ်ကာလတွင် အိမ်ဖြူတော်၌ နည်းပညာပြပွဲ ပြိုင်ပွဲများကို ကျင်းပ ပေးသည့်အပြင် ပညာရေးတွင်လည်း နည်းပညာကို ဦးစားပေးသင်ကြားရန် လမ်းညွှန်မှုများ ထုတ်ပြန်ခဲ့သူ ဖြစ်သည်။

အသက် ၇၀ အရွယ်ရှိနေပြီဖြစ်သည့် ထရမ့်သည် ကွန်ပျူတာကို အလွန်သုံးခဲပြီး သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း လောက်ကိုသာဖတ်ရှုသူဖြစ်ကာ အော့ဖ်လိုင်းမီဒီယာဟုခေါ်သည့်သတင်းများကိုသာ ဦးစားပေးယုံကြည်သူ တစ်ဦးဖြစ်သည်။

အိမ်ဖြူတော် သတင်းဌာနဝန်ကြီး ရှောင် စပီဆာက ထရမ့်အနေဖြင့် သမ္မတများအတွက် ဖွင့်လှစ်ထားသည့် Twitter နှင့် အခြားဆိုရှယ်မီဒီယာများကိုဆက်လက် အသုံးပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

အိမ်ဖြူတော်တွင် သမ္မတနှင့် တိုက်ရိုက်ဆက်သွယ်သည့် ပြည်သူပေါင်း ၄၅ သန်းကျော်ရှိသဖြင့် နည်းပညာကို ရှောင်ဖယ်မည့် သမ္မတအတွက် စိုးရိမ်မိကြောင်း ယင်းကဆိုသည်။

Powered by Bullraider.com