Windows သို့မဟုတ် Chrome ကြိုက်ရာသုံးနိုင်သည့် ပညာရေးလက်ပ်တော့ Dell ထုတ်

https://i0.wp.com/liliputing.com/wp-content/uploads/2017/01/dell-chromebook-11-convertible.jpg?resize=522%2C270&ssl=1

Dell ကုမ္ပဏီသည် ပညာရေးလောကအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Windows သို့မဟုတ် Chrome ကွန်ပျူတာလုပ်ဆောင်ရေးစနစ် OS (operating system) ကြိုက်ရာ အသုံးပြုနိုင်မည့် လက်ပ်တော့ အသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ကြောင်း Cnet သတင်းတွင်ဖော်ပြထားသည်။

ပညာရေးအတွက် အထူးထုတ်လုပ်ထားသော တန်ဖိုးနည်း လက်ပ်တော့များဖြစ်သည့် Dell ကုမ္ပဏီထုတ် Latitude 11 နှင့် Chromebook 11 တို့တွင် Microsoft နှင့် Google ကုမ္ပဏီများက ထုတ်လုပ်သော OS နှစ်မျိုးစလုံးကို အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ကျောင်းသားများအတွက် ထုတ်ထားသည့် ယင်း လက်ပ်တော့များတွင် အနားပတ်လည်ကို ရာဘာ အခြေခံသည့် ကွင်းများထည့်သွင်းပေးထားသောကြောင့် လွတ်ကျလျှင်လည်း ခံနိုင်ရည်ရှိကြောင်း၊ ကီးဘုတ် ပေါ်သို့ ရေနှင့်ကော်ဖီများဖိတ်ကျလျှင်လည်း ခံနိုင်ရည်ရှိစေရန် စီစဉ်ထားကြောင်း၊ ဘက်ထရီမှာ တစ်နေကုန် ဖွင့်ထားသည်အထိ ခံနိုင်ရည်ရှိကြောင်း Dell ကပြောကြားသည်။

Latitude 11 Convertible နှင့် Chromebook 11 Convertible အမည်ဖြင့်ထုတ်သော လက်ပ်တော့များသည် Notebook အနေဖြင့်လည်း အသုံးပြုနိုင်ပြီး နောက်ပြန်ခေါက်ထားကာ ၃၆၀ ဒီဂရီအထိလှည့်ထားနိုင်ကြောင်း၊ မြင်ကွင်းပေါ်တွင် Pen ဖြင့်ရေးဆွဲနိုင်စေရန် စီစဉ်ပေးထားသောကြောင့် ပုံဆွဲရာတွင်လည်း အသုံးဝင်နိုင်ကြောင်း သိရသည်။

သာမန် လက်ပ်တော့များသည် ၁၈၀ ဒီဂရီအထိသာဖွင့်နိုင်ပြီး မြင်ကွင်းကို ၁၁ လက်မခွဲနှင့် ၁၃ ဒသမ ၃ လက်မအထိ ထုတ်ထားသဖြင့် တစ်လုံးကို ကျောင်းသားများ ဝိုင်းပြီးကြည့်နိုင်သုံးနိုင်သည့် အနေ အထားဖြစ်သည်။

Powered by Bullraider.com