ရူပဗေဒဘာသာရပ်များကို သင်ကြားပေးမည့် အိုင်စတိုင်းစက်ရုပ်လေးများတီထွင်

http://www.geek.com/wp-content/uploads/2017/01/einstein-650x366.jpg

မတ်တပ်ရပ်နေသည့် အိုင်စတိုင်းအသွင် စက်ရုပ်လေးက ရီလေးတီးဗတီး သီအိုရီ၊ စွမ်းအင်နှင့် ပတ်သက်သည့် သီအိုရီများကို အလွယ်ဆုံးနည်းဖြင့် ပြောပြသင်ကြားနိုင်မည့် စက်ရုပ်လေးအား Hanson Robotics ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ကြောင်း Tech Crunch သတင်းတွင်ဖော်ပြထားသည်။

အမြင့် ၁၄ ဒသမ ၅ လက်မအရွယ်ရှိ အိုင်စတိုင်းပုံတူ စက်ရုပ်လေးသည် ကလေးသူငယ်အရွယ်များအပြင်၊ စူးစမ်းလိုသည့် လူကြီးများကိုပါ ရူပဗေဒသဘောတရားများကို ရှင်းပြသင်ကြားပေးနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

ကွန်ပျူတာစနစ်များဖြင့် ဆက်စပ်တည်ဆောက်ထားသော ပလတ်စတစ်ရုပ် အိုင်စတိုင်းသည် စာများကို သင်ကြားနေရင်းက တစ်ခါတစ်ရံတွင် အရွှမ်းဖောက်ကာ ဟာသလေးများပါပြောသွားစေရန် သူ့ဟန်အတိုင်း တီထွင်ဖန်တီးထားသည်ဟု တီထွင်သူ ဒေးဗစ် ဟန်ဆန်ကပြောကြားသည်။

Powered by Bullraider.com